• Follow Us on

Home ကန်ပိုင်တီနယ်စပ် ကုန်သွယ်ရေးစခန်း တရုတ်နိုင်ငံဘက်ခြမ်းတွင် ကျန်းမာရေးစစ်ဆေးမှုခံယူသည့် မြန်မာ နိုင်ငံသားသုံးဦး၌ ကိုဗစ်ပိုးတွေ့

ကန်ပိုင်တီနယ်စပ် ကုန်သွယ်ရေးစခန်း တရုတ်နိုင်ငံဘက်ခြမ်းတွင် ကျန်းမာရေးစစ်ဆေးမှုခံယူသည့် မြန်မာ နိုင်ငံသားသုံးဦး၌ ကိုဗစ်ပိုးတွေ့

Share this post

ကန်ပိုင်တီ၊ ဇန်နဝါရီ ၄ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

မြန်မာ-တရုတ်နယ်စပ်ဂိတ် ကန်ပိုင်တီနယ်စပ်ကုန်သွယ်ရေးစခန်း၌ တရုတ်နိုင်ငံဘက်ခြမ်းတွင် ကျန်းမာရေး စစ်ဆေးမှုခံယူသည့် မြန်မာနိုင်ငံသား ယာဉ်မောင်းသုံးဦးတွင် ကိုဗစ် ၁၉ ပိုး တွေ့ရှိခဲ့ကြောင်း ကချင်ပြည်နယ် မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ် ကန်ပိုင်တီမြို့ အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင် ဝိုင်းမော်မြို့နယ် အတွင်းရှိ ငှက်ပျောခြံဆိုက် သုံးဆိုက်မှ ယာဉ်မောင်းများ သည် ကန်ပိုင်တီနယ်စပ် ကုန်သွယ်ရေးစခန်းသို့ ဇန်နဝါရီလ ၂ ရက်နေ့က ရောက်ရှိခဲ့ပြီး တရုတ်ဘက်ခြမ်း၌ ကျန်းမာရေးစစ်ဆေးမှုခံယူချိန်တွင် ကိုဗစ်ပိုးတွေ့ရှိခဲ့ခြင်း ဖြစ်‌ကြောင်း ကန်ပိုင်တီမြို့အုပ်ချုပ်ရေးမှူး ဦးမင်း မင်းလတ်က ပြောသည်။

“ဟုတ်တယ် သူတို့က နှစ်ရက်နေ့က ဝိုင်းမော် ငှက်ပျောခြံကနေ ထွက်လာကြတာပေါ့ ကုမ္ပဏီဆိုက် သုံးခုကနေ ကားသုံးစီးပေါ့ နှစ်ရက်နေ့မှာ တရုတ်ဘက်မှာ ဆေးသွားစစ်တယ် ဆေးစစ်တော့ ပိုးတွေ့တယ်ပေါ့ တွေ့တဲ့ အခါကျတော့ သုံးရက်နေ့ နံနက်ခင်း ခြောက်နာရီလောက်မှာ အကြောင်းကြားတယ် အဲ့တာနဲ့ ကျနော်တို့ ကန်ပိုင်တီမြို့မှာရှိတဲ့ ဆရာဝန်ရယ်၊ စခန်းမှူးရယ်၊ မီးသတ်ရယ် ကျနော်တို့ ဒီမှာရှိတဲ့ ဌာနဆိုင်ရာတွေနဲ့ အချိန်မီလိုက်ပြီး ကားသမားသုံးယောက်ကို ကန်ပိုင်တီတိုက်နယ်ဆေးရုံ Isolation Ward မှာ သီးသန့်ထား လိုက်တယ်” ဟု ၎င်းကဆိုသည်။

ယင်းကားသမားသုံးဦး ကန်ပိုင်တီမြို့အတွင်း သွားလားခဲ့မှုများကိုလည်း စစ်ဆေးထားကြောင်းနှင့် ကျန်းမာရေး ဆိုင်ရာ ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းများ ဆောင်ရွက်ထားကြောင်း ဦးမင်းမင်းလတ်က ဆိုသည်။

“ကားသမား သုံးယောက်ရယ် သူတို့နဲ့ ဆက်စပ်တဲ့သူလေးယောက် Content တွေပေါ့ အားလုံး ခုနှစ်ယောက် ကားသမား သုံးယောက်ကိုတော့ သီးသန့်အခန်းနဲ့ထားတယ်၊ ကျန်တဲ့ သူတွေကိုလည်း သပ်သပ်စီထားတယ်။ သူတို့သွားလာခဲ့တဲ့ နေရာတွေကို ဆေးတွေ ဖျန်းထားပြီးပြီ” ဟု ၎င်းက ပြောသည်။

ကန်ပိုင်တီမြို့တွင် ကိုဗစ် ၁၉ စတင်ဖြစ်ပွားသည့်အချိန်ကစပြီး ယခုပိုးတွေ့သူများ အပါအဝင် ကိုဗစ် ၁၉ ပိုး တွေ့ရှိသူ လေးဦးရှိခဲ့ကြောင်း သိရပြီး ယခုလက်ရှိချိန်တွင် ကန်ပိုင်တီ Quarantine အဆောင်တွင် (ကျား)၂၃ ဦးနှင့် အမျိုးသမီး ၅ ဦး ရှိနေကြောင်းသိရသည်။

Photo – Credit

မင်းမင်း

#PeopleMedia #ကုန်သွယ်ရေး

(unicode)
……………………………………………………………








Photo – Credit




Share this post