• Follow Us on
Latest News

Home ကာလရှည်ဆိုင်းငံ့ထားတဲ့ ယူကရိန်းစစ်ရေးအကူအညီသစ် အမေရိကန်အောက်လွှတ်တော်အမတ်တွေ ခွင့်ပြု

ကာလရှည်ဆိုင်းငံ့ထားတဲ့ ယူကရိန်းစစ်ရေးအကူအညီသစ် အမေရိကန်အောက်လွှတ်တော်အမတ်တွေ ခွင့်ပြု

Share this post

နိုင်ငံတကာ၊ ဧပြီ ၂၂

 

ကာလရှည်ဆိုင်းငံ့ပိတ်ပင်ထားတဲ့ ယူကရိန်းနိုင်ငံအတွက် အသည်းအသန်လိုအပ်နေတဲ့ စစ်ရေးအကူအညီသစ် တွေကို အမေရိကန်အောက်လွှတ်တော်အမတ်တွေက ခွင့်ပြုလိုက်ပြီဖြစ်ပါတယ်။

 

အမေရိကန်လက်နက်တိုက်ထဲက ထုတ်ယူလာတဲ့ လက်နက်ခဲယမ်းတွေအတွက် အစားထိုးရမယ့် ငွေကြေးတွေ ဟာ ကုန်ခမ်းသွားပြီဖြစ်သလို ရီပတ်ဘလီကန်အတိုက်အခံအမတ်တွေကလည်း အစားထိုးရန်ပုံငွေကို ကန့် ကွက်ထားတဲ့အတွက် အမေရိကန်က ယူကရိန်းကိုထောက်ပံ့ခဲ့တဲ့ ဒေါ်လာဘီလျံပေါင်းများစွာထဲက အခုနှစ်အ တွက် ယူကရိန်းနိုင်ငံဟာ မဆိုစလောက်အကူအညီကိုသာ ရရှိခဲ့ပါတယ်။

 

အဲဒီလိုအကူအညီဆိုင်းငံ့မှုကြောင့် အမြောက်ကျည်တွေ ပြတ်လပ်ပြီး စစ်မြေပြင်မှာ ရုရှားတပ်တွေက ပိုမိုအသာ စီးရရှိခဲ့တယ်လို့ ဆိုပါတယ်။ “အပြောင်းအလဲတွေကြောင့် ရုရှားတပ်တွေ အသာစီးရနေတာကို ကျွန်တော်တို့ မြင်နေရပါတယ်။ ရုရှားတပ် တွေ အောင်ပွဲတွေရနေတာကိုလည်း မြင်နေရပါတယ်။ ဒီလိုပဲ ယူကရိန်းကလည်း တိကျပြတ်သားတဲ့အဖြေမရ သေးတဲ့စိန်ခေါ်မှုကို ရင်ဆိုင်နေရပါတယ်။” လို့ အမေရိကန်ကာကွယ်ရေးဝန်ကြီး အယ်လွိုက်သြစတင်က အခု သီတင်းပတ်အစောပိုင်းက လွှတ်တော်အမတ်တွေကို ပြောပါတယ်။

 

ရန်ပုံငွေအသစ်ခွင့်ပြုဖို့ နှောင့်နှေးကြန့်ကြာနေတာဟာ ဒီကြားကာလမှာ အခွင့်ကောင်းယူဖို့ကြိုးစားနေတဲ့ ရုရှား သမ္မတဗလာဒီမာပူတင်အတွက် လမ်းဖွင့်ပေးလိုက်တာလည်းဖြစ်ကြောင်း သြစတင်က ပြောပါတယ်။

 

ယူကရိန်းအတွက် နောက်ထပ်ရန်ပုံငွေကို အောက်လွှတ်တော်ထဲက သဘောထားတင်းမာတဲ့ ရီပတ်ဘလီကန် အမတ်တချို့က ကန့်ကွက်ထားတဲ့အတွက် ယူကရကိန်းအကူအညီတွေ ရပ်တန့်နေတာဖြစ်ပါတယ်။

 

ဒါပေမဲ့ ယူကရိန်းအတွက် ဒေါ်လာ ၆၁ ဘီလျံတန်ကြေးရှိ စစ်ရေးအကူအညီပေးမယ့်ကိစ္စကို စနေနေ့က အောက်လွှတ်တော်မှာ ထောက်ခံမဲ ၃၁၁ ၊ ကန့်ကွက်မဲ ၁၁၂ နဲ့ ဆုံးဖြတ်ခဲ့ပြီး အထက်လွှတ်တော်ကလည်း အမြန်ဆုံးဖြတ်ချက်ချမယ်လို့ မျှော်လင့်ထားပါတယ်။

 

ကွန်ဂရက်လွှတ်တော်က ခွင့်ပြုပြီးသွားရင် ယူကရိန်းအတွက်အကူအညီတွေကို အမြန်လွှဲပြောင်းပို့ဆောင်ပေး သွားမှာဖြစ်ကြောင်း ပင်တဂွန်စစ်ဌာနချုပ်က ပြောပါတယ်။

 

“လေကြောင်းရန်ကာကွယ်ရေးစနစ်တွေနဲ့ အမြောက်ကျည်တွေပါဝင်တဲ့ လုံခြုံရေးအကူအညီတွေကို အမြန်ပို့ ဆောင်ပေးဖို့ ကျွန်တော်တို့ အသင့်ပြင်ဆင်ထားပါတယ်။” လို့ ပြောခွင့်ရပုဂ္ဂိုလ်ဗိုလ်ချုပ်ပတ်ရွိုင်ဒါက ပြောပါ တယ်။

 

Ref: US Lawmakers Pass $95B Ukraine, Israel, Taiwan Aid after Costly Delay

 

#PeopleMedia


Share this post