• Follow Us on
Latest News

Home အောက်ခြေမှစတင်သော အုပ်ချုပ်မှုပြုပြင်ပြောင်းလဲရေးကို စတင်ဆောင်ရွက်နေကြောင်း RCSS ထုတ်ပြန်

အောက်ခြေမှစတင်သော အုပ်ချုပ်မှုပြုပြင်ပြောင်းလဲရေးကို စတင်ဆောင်ရွက်နေကြောင်း RCSS ထုတ်ပြန်

Share this post

နေပြည်တော်၊ ဧပြီ ၂၂

 

ဒေသအတွင်းတည်ငြိမ်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီ နည်းလမ်းတကျ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်တို့ဖြင့် အောက်ခြေမှ စတင်သော အုပ်ချုပ်မှု ပြုပြင်ပြောင်းလဲရေးကို စတင်ဆောင်ရွက်နေကြောင်း ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ RCSS မှ ထုတ်ပြန်ထားသည်။

 

ထိုသို့ ဆောင်ရွက်ရာတွင် တပ်မတော် အပါအဝင် သက်ဆိုင်ရာ လူမျိုးများ၊ အစုအဖွဲ့များနှင့်  ပူူးပေါင်းပါဝင်လို သူများကို ဖိတ်ခေါ်ကြိုဆိုလျက်ရှိကြောင်း ထုတ်ပြန်ထားသည်။

 

ဗိုလ်ချုပ်ကြီး ယွက်စစ်သည် မတ်လနှင့် ဧပြီလအတွင်း RCSS အဖွဲ့အစည်းလှုပ်ရှားထိန်းချုပ်ရာ နယ်မြေများ အတွင်းရှိ မိဘပြည်သူများနှင့် တွေ့ဆုံဆွေးနွေးခြင်း၊ တပ်မဟာနယ်မြေအသီးသီးတွင် စစ်ပညာ လာရောက်သင် ယူနေကြသော တပ်သားသစ်များအား အားပေးစကားပြောကြားခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း ထုတ်ပြန်ထား သည်။

 

ခရီးစဉ်အတွင်း ရည်ရွယ်ချက် ၃ရပ်ဖြင့် ဖော်ဆောင်ခဲ့ကြောင်း၊ ခရီးစဉ်အတွင်း RCSS လှုပ်ရှားထိန်းချုပ်ရာ နယ်မြေများအတွင်းရှိ အခြေခံ စစ်ပညာသင်တန်းများမှ တပ်သားသစ် ၆၀၀၀ ဦး၊ ကျေးရွာ ၃၃ ရွာမှ ဒေသခံ လူထု ၁၂၀၀၀ ဦးတို့နှင့် တွေ့ဆုံပြီး အသိပညာပေးခြင်း၊ အားပေးစကားပြောခြင်း၊ မေးမြန်းဆွေးနွေးခြင်း ပြု လုပ်နိုင်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

 

#PeopleMedia


Share this post