• Follow Us on
Latest News

Home ကိုဗက္က္စ္ကာကြယ္ေဆးအစီအစဥ္တြင္ ဆင္းရဲသည့္ႏိုင္ငံမ်ား ၂၀၂၄ ခုႏွစ္အထိ ကို႐ိုနာဗိုင္းရပ္စ္ကာ ကြယ္ေဆးမ်ားရႏိုင္ေခ်မ႐ွိျဖစ္ေန

ကိုဗက္က္စ္ကာကြယ္ေဆးအစီအစဥ္တြင္ ဆင္းရဲသည့္ႏိုင္ငံမ်ား ၂၀၂၄ ခုႏွစ္အထိ ကို႐ိုနာဗိုင္းရပ္စ္ကာ ကြယ္ေဆးမ်ားရႏိုင္ေခ်မ႐ွိျဖစ္ေန

Share this post

ဘရပ္ဆဲလ္၊ ဒီဇင္ဘာ ၁၇ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

ဆင္းရဲသည့္ႏိုင္ငံမ်ားထံကို႐ိုနာဗိုင္းရပ္စ္ကာကြယ္ေဆးမ်ားျဖန္႔ခ်ိေရး ကမာၻ႔က်န္းမာေရးအဖြဲ႔(W.H.O)၏ ကိုဗက္က္စ္အစီအစဥ္သည္ ၂၀၂၄ ခုႏွစ္အထိ လူသန္းေထာင္ခ်ီထံကာကြယ္ေဆးမ်ားမရႏိုင္လ်က္ မေအာင္ျမင္ႏိုင္ေခ်အလြန္မ်ားေနသည္။

ကိုဗက္က္စ္သည္ ကမာၻတ၀န္း႐ွိဆင္းရဲသည့္ႏိုင္ငံမ်ားႏွင့္၀င္ေငြအလယ္အလတ္႐ွိသည့္ႏိုင္ငံမ်ားကို ကာကြယ္ ေဆးထိုးေပးရန္ တကမာၻလံုးပါ၀င္သည့္အစီအစဥ္ျဖစ္ၿပီး ၂၀၂၁ ခုႏွစ္အကုန္တြင္ အာဖရိက၊ အာ႐ွႏွင့္ လက္တင္အေမရိကမွအမ်ားဆံုးပါ၀င္ေသာ ဆင္းရဲသည့္ႏိုင္ငံႏွင့္၀င္ေငြအလယ္အလတ္႐ွိသည့္ႏိုင္ငံ ၉၁ ႏိုင္ငံမွ အထိခိုက္အလြယ္ဆံုးသူမ်ားကို ကို႐ိုနာဗိုင္းရပ္စ္ကာကြယ္ေဆးအနည္းဆံုးသန္း ၂၀၀၀ ေပးရန္ရည္႐ြယ္ထား သည္။

ထိုအစီအစဥ္သည္ ရန္ပံုေငြေထာက္ပံသူမ်ားကင္းမဲ့ျခင္း၊ ေထာက္ပံ့ေရးအႏၲရာယ္မ်ားကင္းမဲ့ျခင္း၊ ႐ွဳပ္ေထြး သည့္သေဘာတူညီခ်က္ဆိုင္ရာစီစဥ္မႈမ်ားႏွင့္ရင္ဆိုင္ေနရၿပီး ရည္မွန္းခ်က္ျပည့္မီႏိုင္ေခ်မ႐ွိျဖစ္ေနသည္။

ကိုဗက္က္စ္အစီအစဥ္မေအာင္ျမင္ႏိုင္ေခ် အလြန္မ်ားေနသည္ဟု အစိုးရမ်ား၊ ေဆးကုမၸဏီမ်ား၊ ပရဟိတအဖြဲ႕ မ်ား၊ ႏိုင္ငံတကာအဖြဲ႔အစည္းမ်ားပါ၀င္သည့္မိတ္ဖက္အဖြဲ႔ Gavi(ဂါဗီ)ဘုတ္အဖြဲ႔ထံတင္ျပသည့္အစီရင္ခံစာ တြင္ပါ၀င္သည္။

ဂါဗီသည္ WHO ႏွင့္အတူ ကိုဗက္က္စ္အစီအစဥ္ကိုဦးေဆာင္ေနသည္။

ဒီဇင္ဘာ ၁၅ ရက္မွ ၁၇ ရက္အထိက်င္းပသည့္ဂါဗီဘုတ္အဖြဲ႔အစည္းအေ၀းတြင္ ထိုအစီရင္ခံစာႏွင့္ အျခား စာ႐ြက္စာတမ္းမ်ားကိုေဆြးေႏြးေနသည္။

ကိုဗက္က္စ္အစီအစဥ္မေအာင္ျမင္မႈသည္ ၂၀၂၄ ခုႏွစ္အထိ ဆင္းရဲသည့္ႏိုင္ငံမ်ားကို ကို႐ိုနာဗိုင္းရပ္စ္ကာ ကြယ္ေဆးမ်ားရႏိုင္ေခ်မ႐ွိေသးေခ်။

မေအာင္ျမင္ေခ်ျမင့္မားေနျခင္းမွာ အစီအစဥ္ကို ျမန္ျမန္ဆန္ဆန္စီစဥ္ခဲ့ရၿပီး မၾကံဳစဖူးအေျခအေနတြင္စီမံ လည္ပတ္ေနရျခင္းေၾကာင့္ဟု အစီရင္ခံစာတြင္ပါ၀င္သည္။

ကိုဗက္အစီအစဥ္သည္ ေစ်းပိုႀကီးသည့္ mRNA နည္းပညာကိုအသံုးျပဳသည့္ ဖိုင္ဇာ/ဘိုင္ယြန္းတက္ခ္ႏွင့္ မိုဒါးနားတို႔ကဲ့သို႔ေသာေ႐ွ႕ေျပးေနသည့္ကာကြယ္ေဆးမ်ားထက္ ပိုေစ်းသက္သာသည့္ကာကြယ္ေဆးမ်ားကို မွီခိုေနသည္။

အေမရိကန္ႏွင့္ၿဗိတိန္တို႔တြင္ ဖိုင္ဇာေဆးကိုျဖန္႔ခ်ိေနၿပီး ႏိုင္ငံအမ်ားအျပားတြင္ အေရးေပၚအသံုးျပဳခြင့္ျပဳထားၿပီး မိုဒါးနားေဆးမ်ားကိုလည္း မၾကာမီတြင္ခြင့္ျပဳရန္႐ွိသည္။

အက္စထရာဇီနီကာ၊ ႏိုဗာဗက္က္စ္၊ ဆာႏိုဖီတို႔ထံမွကို႐ိုနာဗိုင္းရပ္စ္ကာကြယ္ေဆးသန္း ၄၀၀ ၀ယ္ယူရန္ ကိုဗက္က္စ္အစီအစဥ္ကသေဘာတူထားၿပီး ေနာက္ထပ္သန္းရာခ်ီ၀ယ္ယူရန္လည္းမွာယူထားသည္။

ထိုကုမၸဏီ ၃ ခု၏စမ္းသပ္မႈမ်ားတြင္ ခြင့္ျပဳခ်က္ရရန္ ၂၀၂၁ ခုႏွစ္၊ ဒုတိယႏွစ္၀က္အထိေနာက္က်သြားႏိုင္သည့္ ျပႆနာမ်ားၾကံဳေနရသည္။

ထို႔ေၾကာင့္ ကိုဗက္က္စ္၏ဘ႑ာေရးလိုအပ္ခ်က္ျမင့္တက္လာႏိုင္သည္။

ကိုဗက္က္စ္က ေဆးတႀကိမ္ထိုးရန္ကုန္က်ေငြကို အေမရိကန္ေဒၚလာ ၅.၂ ေဒၚလာသတ္မွတ္တြက္ခ်က္ထား သည္။

ဖိုင္ဇာေဆးက တႀကိမ္လွ်င္ အေမရိကန္ေဒၚလာ ၁၈.၄ မွ ၁၉.၅ အထိက်သင့္ႏိုင္ၿပီး မိုဒါးနားေဆးသည္ ၂၅ ေဒၚလာမွ ၃၇ ေဒၚလာအထိက်ႏိုင္သည္။

ထိုလုပ္ငန္း ၂ ခုႏွင့္ ကိုဗက္က္စ္တို႔ၾကား ေထာက္ပံ့ေရးသေဘာတူညီခ်က္မ်ားလည္းမ႐ွိေခ်။

Ref : WHO vaccine scheme ‘risks failure’, leaving poor countries with no COVID-19 shots until 2024

#PeopleMedia

(unicode)
ကိုဗက်က်စ်ကာကွယ်ဆေးအစီအစဉ်တွင် ဆင်းရဲသည့်နိုင်ငံများ ၂၀၂၄ ခုနှစ်အထိ ကိုရိုနာဗိုင်းရပ်စ်ကာ ကွယ်ဆေးများရနိုင်ချေမရှိဖြစ်နေ
………………………………………………………..

ဘရပ်ဆဲလ်၊ ဒီဇင်ဘာ ၁၇ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

ဆင်းရဲသည့်နိုင်ငံများထံကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးများဖြန့်ချိရေး ကမ္ဘာ့ကျန်းမာရေးအဖွဲ့(W.H.O)၏ ကိုဗက်က်စ်အစီအစဉ်သည် ၂၀၂၄ ခုနှစ်အထိ လူသန်းထောင်ချီထံကာကွယ်ဆေးများမရနိုင်လျက် မအောင်မြင်နိုင်ချေအလွန်များနေသည်။

ကိုဗက်က်စ်သည် ကမ္ဘာတဝန်းရှိဆင်းရဲသည့်နိုင်ငံများနှင့်ဝင်ငွေအလယ်အလတ်ရှိသည့်နိုင်ငံများကို ကာကွယ် ဆေးထိုးပေးရန် တကမ္ဘာလုံးပါဝင်သည့်အစီအစဉ်ဖြစ်ပြီး ၂၀၂၁ ခုနှစ်အကုန်တွင် အာဖရိက၊ အာရှနှင့် လက်တင်အမေရိကမှအများဆုံးပါဝင်သော ဆင်းရဲသည့်နိုင်ငံနှင့်ဝင်ငွေအလယ်အလတ်ရှိသည့်နိုင်ငံ ၉၁ နိုင်ငံမှ အထိခိုက်အလွယ်ဆုံးသူများကို ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးအနည်းဆုံးသန်း ၂၀၀၀ ပေးရန်ရည်ရွယ်ထား သည်။

ထိုအစီအစဉ်သည် ရန်ပုံငွေထောက်ပံသူများကင်းမဲ့ခြင်း၊ ထောက်ပံ့ရေးအန္တရာယ်များကင်းမဲ့ခြင်း၊ ရှုပ်ထွေး သည့်သဘောတူညီချက်ဆိုင်ရာစီစဉ်မှုများနှင့်ရင်ဆိုင်နေရပြီး ရည်မှန်းချက်ပြည့်မီနိုင်ချေမရှိဖြစ်နေသည်။

ကိုဗက်က်စ်အစီအစဉ်မအောင်မြင်နိုင်ချေ အလွန်များနေသည်ဟု အစိုးရများ၊ ဆေးကုမ္ပဏီများ၊ ပရဟိတအဖွဲ့ များ၊ နိုင်ငံတကာအဖွဲ့အစည်းများပါဝင်သည့်မိတ်ဖက်အဖွဲ့ Gavi(ဂါဗီ)ဘုတ်အဖွဲ့ထံတင်ပြသည့်အစီရင်ခံစာ တွင်ပါဝင်သည်။

ဂါဗီသည် WHO နှင့်အတူ ကိုဗက်က်စ်အစီအစဉ်ကိုဦးဆောင်နေသည်။

ဒီဇင်ဘာ ၁၅ ရက်မှ ၁၇ ရက်အထိကျင်းပသည့်ဂါဗီဘုတ်အဖွဲ့အစည်းအဝေးတွင် ထိုအစီရင်ခံစာနှင့် အခြား စာရွက်စာတမ်းများကိုဆွေးနွေးနေသည်။

ကိုဗက်က်စ်အစီအစဉ်မအောင်မြင်မှုသည် ၂၀၂၄ ခုနှစ်အထိ ဆင်းရဲသည့်နိုင်ငံများကို ကိုရိုနာဗိုင်းရပ်စ်ကာ ကွယ်ဆေးများရနိုင်ချေမရှိသေးချေ။

မအောင်မြင်ချေမြင့်မားနေခြင်းမှာ အစီအစဉ်ကို မြန်မြန်ဆန်ဆန်စီစဉ်ခဲ့ရပြီး မကြုံစဖူးအခြေအနေတွင်စီမံ လည်ပတ်နေရခြင်းကြောင့်ဟု အစီရင်ခံစာတွင်ပါဝင်သည်။

ကိုဗက်အစီအစဉ်သည် စျေးပိုကြီးသည့် mRNA နည်းပညာကိုအသုံးပြုသည့် ဖိုင်ဇာ/ဘိုင်ယွန်းတက်ခ်နှင့် မိုဒါးနားတို့ကဲ့သို့သောရှေ့ပြေးနေသည့်ကာကွယ်ဆေးများထက် ပိုစျေးသက်သာသည့်ကာကွယ်ဆေးများကို မှီခိုနေသည်။

အမေရိကန်နှင့်ဗြိတိန်တို့တွင် ဖိုင်ဇာဆေးကိုဖြန့်ချိနေပြီး နိုင်ငံအများအပြားတွင် အရေးပေါ်အသုံးပြုခွင့်ပြုထားပြီး မိုဒါးနားဆေးများကိုလည်း မကြာမီတွင်ခွင့်ပြုရန်ရှိသည်။

အက်စထရာဇီနီကာ၊ နိုဗာဗက်က်စ်၊ ဆာနိုဖီတို့ထံမှကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးသန်း ၄၀၀ ဝယ်ယူရန် ကိုဗက်က်စ်အစီအစဉ်ကသဘောတူထားပြီး နောက်ထပ်သန်းရာချီဝယ်ယူရန်လည်းမှာယူထားသည်။

ထိုကုမ္ပဏီ ၃ ခု၏စမ်းသပ်မှုများတွင် ခွင့်ပြုချက်ရရန် ၂၀၂၁ ခုနှစ်၊ ဒုတိယနှစ်ဝက်အထိနောက်ကျသွားနိုင်သည့် ပြဿနာများကြုံနေရသည်။

ထို့ကြောင့် ကိုဗက်က်စ်၏ဘဏ္ဍာရေးလိုအပ်ချက်မြင့်တက်လာနိုင်သည်။

ကိုဗက်က်စ်က ဆေးတကြိမ်ထိုးရန်ကုန်ကျငွေကို အမေရိကန်ဒေါ်လာ ၅.၂ ဒေါ်လာသတ်မှတ်တွက်ချက်ထား သည်။

ဖိုင်ဇာဆေးက တကြိမ်လျှင် အမေရိကန်ဒေါ်လာ ၁၈.၄ မှ ၁၉.၅ အထိကျသင့်နိုင်ပြီး မိုဒါးနားဆေးသည် ၂၅ ဒေါ်လာမှ ၃၇ ဒေါ်လာအထိကျနိုင်သည်။

ထိုလုပ်ငန်း ၂ ခုနှင့် ကိုဗက်က်စ်တို့ကြား ထောက်ပံ့ရေးသဘောတူညီချက်များလည်းမရှိချေ။

Ref : WHO vaccine scheme ‘risks failure’, leaving poor countries with no COVID-19 shots until 2024

#PeopleMedia


Share this post