• Follow Us on
Latest News

Home UEC ကုိ မြန္ျပည္နယ္ရွိ ျပည္ခုိင္ၿဖိဳးပါတီက တစ္ျပည္နယ္လုံး အတုိင္းအတာျဖင့္ ကန္႔ကြက္ဆႏၵထုတ္ေဖာ္ပြဲမ်ား ဆက္တုိက္ျပဳလုပ္ရန္ စီစဥ္

UEC ကုိ မြန္ျပည္နယ္ရွိ ျပည္ခုိင္ၿဖိဳးပါတီက တစ္ျပည္နယ္လုံး အတုိင္းအတာျဖင့္ ကန္႔ကြက္ဆႏၵထုတ္ေဖာ္ပြဲမ်ား ဆက္တုိက္ျပဳလုပ္ရန္ စီစဥ္

Share this post

ရန္ကုန္၊ ဒီဇင္ဘာ – ၁၇ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

၂၀၂၀ ေရြးေကာက္ပြဲမတုိင္မွီကာလ၌ ႀကိဳတင္မဲကာလ၌ UEC ၏ လုပ္ေဆာင္ခ်က္မ်ားႏွင့္ပတ္သက္၍ ကန႔္ကြက္ဆႏၵထုတ္ေဖာ္ပြဲမ်ားကို မြန္ျပည္နယ္ရွိ ၿမိဳ႕နယ္အားလုံးတြင္ ျပဳလုပ္သြားမည္ျဖစ္ေၾကာင္း မြန္ျပည္နယ္ ျပည္ခုိင္ၿဖိဳးပါတီ ေထာက္ခံသူမ်ားက အတည္ျပဳေျပာဆုိသည္။
ထုိ႔အတူ မြန္ျပည္နယ္ ျပည္ခုိင္ၿဖိဳးပါတီ ေထာက္ခံသူမ်ားသည္ UEC ကုိ ကန္႔ကြက္ဆႏၵျပမႈအား ဒီဇင္ဘာ (၁၅)ရက္ေန႔၌ သံျဖဴဇရပ္ၿမိဳ႕၌ ျပဳလုပ္ခဲ့ၿပီး က်န္ၿမိဳ႕နယ္မ်ား၌ ဆက္လက္ျပဳလုပ္ရန္ စီစဥ္ထားလွ်က္ရွိသည္။
ထုိကဲ့သုိ႔ မြန္ျပည္နယ္ရွိ ျပည္ခုိင္ၿဖိဳးေထာက္ခံသူမ်ားက UEC ကုိ ကန္႔ကြက္ဆႏၵထုတ္ေဖာ္ရန္ စီစဥ္ေနမႈအေပၚ People Media က မြန္ျပည္နယ္ ျပည္ခုိင္ၿဖိဳးပါတီဥကၠ႒ ဦးေအာင္ၾကည္သိန္းကုိ ဆက္သြယ္ေမးျမန္းရာ “အဓိကလုပ္ရတာေတာ့ ေ႐ြးေကာက္ပြဲနဲ႔ပက္သက္ၿပီး သံသယရွိတယ္ဆိုၿပီး သူတို႔လုပ္တယ္လို႔ပဲ ေျပာခ်င္ပါ တယ္။ ကြၽန္ေတာ္တို႔က လုပ္ပါလို႔ ေျပာတာမဟုတ္ဘူး။ တစ္ခ်ိဳ႕ကေတာ့ ၿငိမ္းစုစီ တင္ထားတာ ရွိတယ္လို႔ သိရတယ္။ အတိအက်ေတာ့ မေျပာနိုင္ေသးဘူး” လုိ႔ ၎က ေျပာဆုိသည္။
ထိုသို႔ ဆႏၵေဖာ္ထုတ္ရာတြင္ ေ႐ြးေကာက္ပြဲရလဒ္ကို လက္မခံသည့္ ေဒသခံျပည္သူမ်ား၊ ျပည္ခိုင္ၿဖိဳးပါတီကို ဝန္းရံသူမ်ားမွ ဦးေဆာင္ကာ UEC ကုိ ကန႔္ကြက္ဆႏၵေဖာ္သြားမည္ျဖစ္ၿပီး လိုအပ္ပါက ပါတီဝင္မ်ား ပူးေပါင္း ပါဝင္ ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း ၎က ေျပာသည္။
၂၀၂၀ ေရြးေကာက္ပြဲ၌ ျပည္ခုိင္ၿဖိဳးပါတီသည္ မြန္ျပည္နယ္ရွိ ၿမိဳ႕နယ္အားလုံး၌ ဝင္ေရာက္ေရြးေကာက္ခံခဲ့ ေသာ္လည္း အႏုိင္ရရွိမႈမရွိခဲ့ပါ။
လက္ရွိအခ်ိန္၌ ၂၀၂၀ ေရြးေကာက္ပြဲႀကိဳတင္မဲကာလ၌ ေရြးေကာက္ပြဲအျငင္းပြားဖြယ္ရာကိစၥရပ္မ်ားကုိ ေျဖရွင္းေပးရန္ ျပည္သူ႔ေရွ႕ေဆာင္ပါတီက UEC ကုိ အိပ္ဖြင့္ေပးစာ ေပးပုိ႔ထားသည္။
Photo – USDP (မြန္)
#PeopleMedia #မြန္ျပည္နယ္ #UEC #Political
(unicode)
UEC ကို မွန်ပြည်နယ်ရှိ ပြည်ခိုင်ဖြိုးပါတီက တစ်ပြည်နယ်လုံး အတိုင်းအတာဖြင့် ကန့်ကွက်ဆန္ဒထုတ်ဖော်ပွဲများ ဆက်တိုက်ပြုလုပ်ရန် စီစဉ်
………………………………………………………….
ရန်ကုန်၊ ဒီဇင်ဘာ – ၁၇ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)
၂၀၂၀ ရွေးကောက်ပွဲမတိုင်မှီကာလ၌ ကြိုတင်မဲကာလ၌ UEC ၏ လုပ်ဆောင်ချက်များနှင့်ပတ်သက်၍ ကန့်ကွက်ဆန္ဒထုတ်ဖော်ပွဲများကို မွန်ပြည်နယ်ရှိ မြို့နယ်အားလုံးတွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း မွန်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီ ထောက်ခံသူများက အတည်ပြုပြောဆိုသည်။
ထို့အတူ မွန်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီ ထောက်ခံသူများသည် UEC ကို ကန့်ကွက်ဆန္ဒပြမှုအား ဒီဇင်ဘာ (၁၅)ရက်နေ့၌ သံဖြူဇရပ်မြို့၌ ပြုလုပ်ခဲ့ပြီး ကျန်မြို့နယ်များ၌ ဆက်လက်ပြုလုပ်ရန် စီစဉ်ထားလျှက်ရှိသည်။
ထိုကဲ့သို့ မွန်ပြည်နယ်ရှိ ပြည်ခိုင်ဖြိုးထောက်ခံသူများက UEC ကို ကန့်ကွက်ဆန္ဒထုတ်ဖော်ရန် စီစဉ်နေမှုအပေါ် People Media က မွန်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးအောင်ကြည်သိန်းကို ဆက်သွယ်မေးမြန်းရာ “အဓိကလုပ်ရတာတော့ ရွေးကောက်ပွဲနဲ့ပက်သက်ပြီး သံသယရှိတယ်ဆိုပြီး သူတို့လုပ်တယ်လို့ပဲ ပြောချင်ပါ တယ်။ ကျွန်တော်တို့က လုပ်ပါလို့ ပြောတာမဟုတ်ဘူး။ တစ်ချို့ကတော့ ငြိမ်းစုစီ တင်ထားတာ ရှိတယ်လို့ သိရတယ်။ အတိအကျတော့ မပြောနိုင်သေးဘူး” လို့ ၎င်းက ပြောဆိုသည်။
ထိုသို့ ဆန္ဒဖော်ထုတ်ရာတွင် ရွေးကောက်ပွဲရလဒ်ကို လက်မခံသည့် ဒေသခံပြည်သူများ၊ ပြည်ခိုင်ဖြိုးပါတီကို ဝန်းရံသူများမှ ဦးဆောင်ကာ UEC ကို ကန့်ကွက်ဆန္ဒဖော်သွားမည်ဖြစ်ပြီး လိုအပ်ပါက ပါတီဝင်များ ပူးပေါင်း ပါဝင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
၂၀၂၀ ရွေးကောက်ပွဲ၌ ပြည်ခိုင်ဖြိုးပါတီသည် မွန်ပြည်နယ်ရှိ မြို့နယ်အားလုံး၌ ဝင်ရောက်ရွေးကောက်ခံခဲ့ သော်လည်း အနိုင်ရရှိမှုမရှိခဲ့ပါ။
လက်ရှိအချိန်၌ ၂၀၂၀ ရွေးကောက်ပွဲကြိုတင်မဲကာလ၌ ရွေးကောက်ပွဲအငြင်းပွားဖွယ်ရာကိစ္စရပ်များကို ဖြေရှင်းပေးရန် ပြည်သူ့ရှေ့ဆောင်ပါတီက UEC ကို အိပ်ဖွင့်ပေးစာ ပေးပို့ထားသည်။
Photo – USDP (မွန်)
#PeopleMedia #မွန်ပြည်နယ် #UEC #Political


Share this post