• Follow Us on

Home တိရစာၦန္မစင္မ်ားႏွင့္ ဆိုးေဆးမ်ားျဖင့္ ျပဳလုပ္ထားသည့္ဟင္းခတ္အေမႊးအႀကိဳင္အတုမ်ားကို အိႏၵိယရဲမ်ား ဖမ္းဆီး

တိရစာၦန္မစင္မ်ားႏွင့္ ဆိုးေဆးမ်ားျဖင့္ ျပဳလုပ္ထားသည့္ဟင္းခတ္အေမႊးအႀကိဳင္အတုမ်ားကို အိႏၵိယရဲမ်ား ဖမ္းဆီး

Share this post

အက္ဂရာ၊ ဒီဇင္ဘာ ၁၇ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)
အိႏၵိယႏိုင္ငံ၊ အူတာပရာေဒ့႐ွ္ျပည္နယ္မွ ဟတ္သရာၿမိဳ႕႐ွိ တိရစာၦန္မစင္မ်ား၊ ဆိုးေဆးမ်ားျဖင့္ ဟင္းခတ္အေမႊး အႀကိဳင္မ်ားျပဳလုပ္သည့္စက္႐ံုတ႐ံုကို ရဲမ်ားက၀င္ေရာက္စီးနင္းဖမ္းဆီးခဲ့သည္။
သတင္းအရ တနလၤာေန႔ညတြင္ ရဲမ်ားက ၀င္ေရာက္ဖမ္းဆီးခဲ့ျခင္းျဖစ္သည္။
စီးနင္းမႈအတြင္း ဟင္းခတ္အေမႊးအႀကိဳင္အတုမ်ားျပဳလုပ္ရာတြင္အသံုးျပဳသည့္ တိရစာၦန္မစင္မ်ား၊ ျမက္ ေျခာက္မ်ား၊ စားသံုးရန္မသင့္သည့္အေရာင္ဆိုးေဆးႏွင့္အဆီမ်ားအပါအ၀င္ အႏၲရာယ္႐ွိသည့္ပစၥည္းမ်ားကို ရဲမ်ားက ေတြ႕ခဲ့သည္။
ဟင္းခတ္အေမႊးအႀကိဳင္အတုကီလိုဂရမ္ေပါင္းမ်ားစြာသာမက ကုမၸဏီအမ်ားအျပား၏အထုပ္မ်ားကိုလည္း ရဲမ်ား႐ွာေတြ႕သည္ဟု အဂၤါေန႔တြင္ ပူးတြဲရာဇ၀တ္တရားသူႀကီး ပရမ္ ပရာကတ္႐ွ္ မီနာက သတင္းေထာက္မ်ား ကိုေျပာသည္။
စက္႐ံုပိုင္႐ွင္ဟုယူဆရသူကိုလည္း ဖမ္းဆီးရမိေၾကာင္းေျပာသည္။
၂၀၀၆ ခုႏွစ္၊ အစားအစာေဘးကင္းလံုျခံဳေရးႏွင့္ စံခ်ိန္စံၫႊန္းဥပေဒအရအေရးယူခံရမည္ဟုလည္း သတိေပး သည္။
စက္႐ံုတည္ေထာင္ရန္လိုင္စင္ရထားေသာ္လည္း ေနရာလြဲမွားေနသျဖင့္ စက္႐ံုသည္ပင္လွ်င္ တရားမ၀င္ ေၾကာင္းလည္း ႐ွင္းျပသည္။
စီးနင္းမႈအၿပီးတြင္ ထိုစက္႐ံုကို ရဲႏွင့္အစားအစာေဘးကင္းလံုျခံဳေရးဌာနအရာ႐ွိမ်ားက ဝိုင္းထားသည္။
Ref : UP: Hathras police seal factory making fake spices using dung and dyes
#PeopleMedia
(unicode)
တိရစ္ဆာန်မစင်များနှင့် ဆိုးဆေးများဖြင့် ပြုလုပ်ထားသည့်ဟင်းခတ်အမွှေးအကြိုင်အတုများကို အိန္ဒိယရဲများ ဖမ်းဆီး
……………………………………………………..
အက်ဂရာ၊ ဒီဇင်ဘာ ၁၇ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)
အိန္ဒိယနိုင်ငံ၊ အူတာပရာဒေ့ရှ်ပြည်နယ်မှ ဟတ်သရာမြို့ရှိ တိရစ္ဆာန်မစင်များ၊ ဆိုးဆေးများဖြင့် ဟင်းခတ်အမွှေး အကြိုင်များပြုလုပ်သည့်စက်ရုံတရုံကို ရဲများကဝင်ရောက်စီးနင်းဖမ်းဆီးခဲ့သည်။
သတင်းအရ တနင်္လာနေ့ညတွင် ရဲများက ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
စီးနင်းမှုအတွင်း ဟင်းခတ်အမွှေးအကြိုင်အတုများပြုလုပ်ရာတွင်အသုံးပြုသည့် တိရစ္ဆာန်မစင်များ၊ မြက် ခြောက်များ၊ စားသုံးရန်မသင့်သည့်အရောင်ဆိုးဆေးနှင့်အဆီများအပါအဝင် အန္တရာယ်ရှိသည့်ပစ္စည်းများကို ရဲများက တွေ့ခဲ့သည်။
ဟင်းခတ်အမွှေးအကြိုင်အတုကီလိုဂရမ်ပေါင်းများစွာသာမက ကုမ္ပဏီအများအပြား၏အထုပ်များကိုလည်း ရဲများရှာတွေ့သည်ဟု အင်္ဂါနေ့တွင် ပူးတွဲရာဇဝတ်တရားသူကြီး ပရမ် ပရာကတ်ရှ် မီနာက သတင်းထောက်များ ကိုပြောသည်။
စက်ရုံပိုင်ရှင်ဟုယူဆရသူကိုလည်း ဖမ်းဆီးရမိကြောင်းပြောသည်။
၂၀၀၆ ခုနှစ်၊ အစားအစာဘေးကင်းလုံခြုံရေးနှင့် စံချိန်စံညွှန်းဥပဒေအရအရေးယူခံရမည်ဟုလည်း သတိပေး သည်။
စက်ရုံတည်ထောင်ရန်လိုင်စင်ရထားသော်လည်း နေရာလွဲမှားနေသဖြင့် စက်ရုံသည်ပင်လျှင် တရားမဝင် ကြောင်းလည်း ရှင်းပြသည်။
စီးနင်းမှုအပြီးတွင် ထိုစက်ရုံကို ရဲနှင့်အစားအစာဘေးကင်းလုံခြုံရေးဌာနအရာရှိများက ဝိုင်းထားသည်။
Ref : UP: Hathras police seal factory making fake spices using dung and dyes
#PeopleMedia


Share this post