• Follow Us on
Latest News

Home ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးများကို လာမည့်သီတင်းပတ်များအတွင်း နိုင်ငံခြားတင်ပို့မည်ဟု အိန္ဒိယနိုင်ငံခြား ရေးဝန်ကြီးဌာန အတည်ပြု

ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးများကို လာမည့်သီတင်းပတ်များအတွင်း နိုင်ငံခြားတင်ပို့မည်ဟု အိန္ဒိယနိုင်ငံခြား ရေးဝန်ကြီးဌာန အတည်ပြု

Share this post

နယူးဒေလီ၊ ဇန်နဝါရီ ၆ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)
ပြည်တွင်းထုတ်ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးများကို စတင်မိတ်ဆက်ပြီး ၂ ပတ်အတွင်း နိုင်ငံခြားသို့ တင်ပို့ ရောင်းချတော့မည်ဖြစ်ကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနအရာရှိတယောက်က ဘီဘီစီကိုပြောသည်။
ပြည်တွင်းလိုလားချက်နှင့်ကိုက်ညီစေရန် ထုတ်လုပ်နေသည့်ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးများကို နိုင်ငံခြား တင်ပို့မှုပိတ်ပင်မည်ဆိုသည့်သတင်းများကိုလည်း ထိုအရာရှိက ငြင်းဆိုသည်။
ကမ္ဘာတဝန်းအသုံးပြုနေသည့်ကာကွယ်ဆေး ၆၀ ရာခိုင်နှုန်းကို အိန္ဒိယနိုင်ငံကထုတ်လုပ်ပြီး ကာကွယ်ဆေးများ ပို့ဆောင်မည်ကို နိုင်ငံအများအပြားက စောင့်မျှော်နေသည်။
ယခုလတွင် ကာကွယ်ဆေးများထိုးပေးရန်ပြင်ဆင်သည့်အနေဖြင့် ကာကွယ်ဆေး ၂ မျိုးကို အရေးပေါ်အသုံးပြု ခွင့်ပြုထားသည်။
ထိုဆေး ၂ မျိုးမှာ အောက်စဖို့တက္ကသိုလ်နှင့် အက်စထရာဇီနီကာကုမ္ပဏီတို့ပူးတွဲထုတ်လုပ်သည့် ကိုဗီရှီး ဆေးနှင့် ပြည်တွင်းကုမ္ပဏီ ဘာရတ်ဘိုင်အိုတက်ခ်ကထုတ်လုပ်သည့် ကိုဗက်ဆင်းတို့ဖြစ်သည်။
ဇူလိုင်လအကုန်တွင် နိုင်ငံသားသန်း ၃၀၀ ခန့်ကိုကာကွယ်ဆေးထိုးပေးရန် အိန္ဒိယနိုင်ငံကစီစဉ်နေပြီး ထိုအစီအစဉ်သည် ကမ္ဘာ့အကြီးဆုံးများထဲတွင်ပါဝင်သည်။
Ref : Coronavirus: India to export Covid vaccines ‘within weeks’
#PeopleMedia
(unicode)
…………………………………………………………………
Ref : Coronavirus: India to export Covid vaccines ‘within weeks’

Share this post