• Follow Us on
Latest News

Home ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံေနရသည့္သမၼတႏုတ္ထြက္ေပးရန္ ဘရာဇီးႏိုင္ငံသားမ်ားေတာင္းဆို

ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံေနရသည့္သမၼတႏုတ္ထြက္ေပးရန္ ဘရာဇီးႏိုင္ငံသားမ်ားေတာင္းဆို

Share this post

ဘရာဇီလီယာ၊ ဇူလိုင္ ၁၆

ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံရၿပီးေနာက္ သီးသန႔္ခြဲေနသည့္သမၼတ ေဂ်း ေဘာ္ဆိုနာ႐ိုႏုတ္ထြက္ေပးရန္ ဘရာဇီးႏိုင္ငံသားမ်ား အဂၤါေန႔က ဆႏၵထုတ္ေဖာ္ခဲ့သည္။

သမၼတ၏ ကို႐ိုနာဗိုင္းရပ္အေရးတုံ႔ျပန္မႈမ်ားကို စိတ္ပ်က္ေနသည့္ဆႏၵျပသူမ်ားက ကမာၻ႔ကပ္ေရာဂါေၾကာင့္ အထိအခိုက္ရွိခဲ့သူမ်ားအတြက္ လက္ဝါးကပ္တိုင္မ်ားကို ၿမိဳ႕ေတာ္ဘရာဇီလီယာရွိလႊတ္ေတာ္အျပင္တြင္ စိုက္ထူခဲ့သည္။

ကုန္သြယ္ေရးသမဂၢဝင္မ်ား၊ ေဒသခံတိုင္းရင္းသားမ်ားႏွင့္ လိင္တူလိင္ကြဲခြဲျခားမႈမရွိေရးလႈပ္ရွားသူမ်ားပါဝင္သည့္ဆႏၵျပသူမ်ားက LGBT အေရး လႈပ္ရွားသူေတြပါဝင္တဲ့ ဆႏၵျပသူမ်ားက သမၼတကို စြပ္စြဲျပစ္တင္ေရးေတာင္းဆိုလႊာကိုလည္း လႊတ္ေတာ္ထံေပးပို႔ခဲ့သည္။

ကို႐ိုနာဗိုင္းရပ္စ္ကပ္၏ဆိုးက်ိဳးသက္ေရာက္မႈမ်ားကို အေရးမႀကီးသေယာင္ေျပာဆိုေလ့ရွိသည့္ သမၼတေဘာ္ဆိုနာ႐ိုကို ေဝဖန္မႈမ်ားရွိေနသည္။

ဘရာဇီးႏိုင္ငံတြင္ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ေသဆုံးသူ ၇၄၀၀၀ ေက်ာ္ရွိေနၿပီး အေမရိကန္ႏိုင္ငံေနာက္တြင္ ဒုတိယေသဆုံးမႈအမ်ားဆုံးႏိုင္ငံျဖစ္သည္။

ကူးစက္ခံရသူ ၂ သန္းနီးပါးလည္း႐ွိေနသည္။

Ref : Demonstrators Call for Brazil President’s Resignation as He Self-Quarantines with COVID-19

#PeopleMedia

(unicode)
ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံနေရသည့်သမ္မတနုတ်ထွက်ပေးရန် ဘရာဇီးနိုင်ငံသားများတောင်းဆို
…………………………………………..

ဘရာဇီလီယာ၊ ဇူလိုင် ၁၆

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရပြီးနောက် သီးသန့်ခွဲနေသည့်သမ္မတ ဂျေး ဘော်ဆိုနာရိုနုတ်ထွက်ပေးရန် ဘရာဇီးနိုင်ငံသားများ အင်္ဂါနေ့က ဆန္ဒထုတ်ဖော်ခဲ့သည်။

သမ္မတ၏ ကိုရိုနာဗိုင်းရပ်အရေးတုံ့ပြန်မှုများကို စိတ်ပျက်နေသည့်ဆန္ဒပြသူများက ကမ္ဘာ့ကပ်ရောဂါကြောင့် အထိအခိုက်ရှိခဲ့သူများအတွက် လက်ဝါးကပ်တိုင်များကို မြို့တော်ဘရာဇီလီယာရှိလွှတ်တော်အပြင်တွင် စိုက်ထူခဲ့သည်။

ကုန်သွယ်ရေးသမဂ္ဂဝင်များ၊ ဒေသခံတိုင်းရင်းသားများနှင့် လိင်တူလိင်ကွဲခွဲခြားမှုမရှိရေးလှုပ်ရှားသူများပါဝင်သည့်ဆန္ဒပြသူများက LGBT အရေး လှုပ်ရှားသူတွေပါဝင်တဲ့ ဆန္ဒပြသူများက သမ္မတကို စွပ်စွဲပြစ်တင်ရေးတောင်းဆိုလွှာကိုလည်း လွှတ်တော်ထံပေးပို့ခဲ့သည်။

ကိုရိုနာဗိုင်းရပ်စ်ကပ်၏ဆိုးကျိုးသက်ရောက်မှုများကို အရေးမကြီးသယောင်ပြောဆိုလေ့ရှိသည့် သမ္မတဘော်ဆိုနာရိုကို ဝေဖန်မှုများရှိနေသည်။

ဘရာဇီးနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၇၄၀၀၀ ကျော်ရှိနေပြီး အမေရိကန်နိုင်ငံနောက်တွင် ဒုတိယသေဆုံးမှုအများဆုံးနိုင်ငံဖြစ်သည်။

ကူးစက်ခံရသူ ၂ သန်းနီးပါးလည်းရှိနေသည်။

Ref : Demonstrators Call for Brazil President’s Resignation as He Self-Quarantines with COVID-19

#PeopleMedia


Share this post