• Follow Us on

Home အစၥေရးႏိုင္ငံမွ စပိုက္တင့္ကားဖ်က္ ဒုံးက်ည္မ်ား အိႏၵိယတပ္မေတာ္ ဝယ္ယူမည္

အစၥေရးႏိုင္ငံမွ စပိုက္တင့္ကားဖ်က္ ဒုံးက်ည္မ်ား အိႏၵိယတပ္မေတာ္ ဝယ္ယူမည္

Share this post

ႏိုင္ငံတကာ၊ ဇူလိုင္ ၁၆

နယ္စပ္တစ္ေလ်ာက္ရွိ တပ္ဖြဲ႕မ်ား၏ စြမ္းေဆာင္ရည္မ်ားျမႇင့္တင္ရန္ အိႏၵိယတပ္မေတာ္က အစၥေရးႏိုင္ငံမွ စပိုက္ပဲ့ထိန္းဒုံး က်ည္မ်ား ဝယ္ယူေတာ့မည္ျဖစ္သည္။

ယခုဝယ္ယူမည့္အစီအစဉ္က အိႏၵိယတပ္မေတာ္က အစၥေရးႏိုင္ငံမွ စပိုက္ပဲ့ထိန္းဒုံးက်ည္မ်ား ဒုတိယအႀကိမ္ ဝယ္ယူမႈ ျဖစ္လာမည္ ျဖစ္သည္။

“နယ္စပ္ေဒသေတြက ေရွ႕တန္းတပ္ဖြဲ႕ေတြ အသုံးျပဳဖို႔ အစၥေရးႏိုင္ငံကေန စပိုက္ေလာင္ခ်ာ ၁၂ လက္နဲ႔ ဒုံးက်ည္ ၂၀၀ စင္းေက်ာ္ ဝယ္ယူမဲ့ အဆိုျပဳခ်က္ တစ္ခုကို အိႏၵိယတပ္မေတာ္က တင္သြင္းခဲ့ပါတယ္” ဟု အိႏၵိယတပ္မေတာ္ထိပ္တန္း သတင္းရပ္ကြက္တစ္ခုက ေျပာၾကားသည္။

ဘာလာေကာ့တိုက္ခိုက္မႈမ်ား ျဖစ္ပြားၿပီးေနာက္ အေရးေပၚအေျခအေန ဘ႑ာေရးအစီအစဉ္အရ ၿပီးခဲ့သည့္ႏွစ္က အလားတူ အေရအတြက္ ရွိေသာ ဒုံးက်ည္မ်ား၊ ေလာင္ခ်ာမ်ား ဝယ္ယူခဲ့သည္။

အိႏၵိယတပ္မေတာ္က ပါကစၥတန္နယ္စပ္၌ ရွိယင္းစြဲ စပိုက္ေလာင္ခ်ာ ႏွင့္ ဒုံးက်ည္မ်ား ျဖ့န္ၾကက္ခဲ့ၿပီး အသစ္ဝယ္ယူမည့္ စပိုက္ေလာင္ခ်ာႏွင့္ ဒုံးက်ည္မ်ားကို တ႐ုတ္ႏိုင္ငံႏွင့္ထိစပ္ေနသည့္ နယ္စပ္ေဒသသို႔ ျဖန္႔ၾကက္ မည္ျဖစ္သည္။

ႏွစ္ႏိုင္ငံတပ္မေတာ္မ်ားၾကား ေစ့စပ္ညႇိႏႈိင္းမႈမ်ား ျပဳလုပ္ေနလင့္ကစား တ႐ုတ္တပ္ဖြဲ႕မ်ားက လာဒါခ္အ ေရွ႕ပိုင္းေဒသရွိ ထိန္းခ်ဳပ္ေရး မ်ဉ္းတစ္ေလ်ာက္ တင့္ကားမ်ားအပါအဝင္ လက္နက္ႀကီးမ်ား ျဖန္႔ၾကက္ခဲ့သည္။

တိုက္ခိုက္မႈမ်ားျဖစ္လာပါက ႀကိဳတင္ျပင္ဆင္မႈမ်ားျပဳလုပ္ႏိုင္ရန္ လိုအပ္ေသာ လက္နက္မ်ားဝယ္ယူေရး အတြက္ အိႏၵိယအစိုး ရက အိႏၵိယတပ္မေတာ္၏ ၾကည္း၊ ေရႏွင့္ ေလတပ္ဖြဲ႕ ဒုတိယကာကြယ္ေရး ဦးစီးခ်ဳပ္မ်ားသို႔ ႐ူပီး သန္း ၅၀၀ ခြင့္ျပဳခဲ့သည္။

အဆိုပါခြင့္ျပဳေငြအရ အိႏၵိယတပ္မေတာ္က အေမရိကန္ႏိုင္ငံထံမွ အိတ္ဇ္ကာလီဗာ အေျမာက္လက္နက္မ်ား ဝယ္ယူမည္ျဖစ္ သည္။

ထို႔အျပင္ အိႏၵိယေလတပ္က အစၥေရးႏိုင္ငံထံမွ ေမာင္းသူမဲ့ေလယာဉ္ အေျမာက္အမ်ားဝယ္ယူရန္ ေလ့လာေစာင့္ၾကည့္ လ်က္ရွိသည္။

ကိုးကား – အိႏၵိယတူေဒး

Ref; Indian Army to buy Spike anti-tank missiles from Israel

#PeopleMedia

(unicode)
အစ္စရေးနိုင်ငံမှ စပိုက်တင့်ကားဖျက် ဒုံးကျည်များ အိန္ဒိယတပ်မတော် ဝယ်ယူမည်
……………………………………………………

နိုင်ငံတကာ၊ ဇူလိုင် ၁၆

နယ်စပ်တစ်လျောက်ရှိ တပ်ဖွဲ့များ၏ စွမ်းဆောင်ရည်များမြှင့်တင်ရန် အိန္ဒိယတပ်မတော်က အစ္စရေးနိုင်ငံမှ စပိုက်ပဲ့ထိန်းဒုံး ကျည်များ ဝယ်ယူတော့မည်ဖြစ်သည်။

ယခုဝယ်ယူမည့်အစီအစဉ်က အိန္ဒိယတပ်မတော်က အစ္စရေးနိုင်ငံမှ စပိုက်ပဲ့ထိန်းဒုံးကျည်များ ဒုတိယအကြိမ် ဝယ်ယူမှု ဖြစ်လာမည် ဖြစ်သည်။

“နယ်စပ်ဒေသတွေက ရှေ့တန်းတပ်ဖွဲ့တွေ အသုံးပြုဖို့ အစ္စရေးနိုင်ငံကနေ စပိုက်လောင်ချာ ၁၂ လက်နဲ့ ဒုံးကျည် ၂၀၀ စင်းကျော် ဝယ်ယူမဲ့ အဆိုပြုချက် တစ်ခုကို အိန္ဒိယတပ်မတော်က တင်သွင်းခဲ့ပါတယ်” ဟု အိန္ဒိယတပ်မတော်ထိပ်တန်း သတင်းရပ်ကွက်တစ်ခုက ပြောကြားသည်။

ဘာလာကော့တိုက်ခိုက်မှုများ ဖြစ်ပွားပြီးနောက် အရေးပေါ်အခြေအနေ ဘဏ္ဍာရေးအစီအစဉ်အရ ပြီးခဲ့သည့်နှစ်က အလားတူ အရေအတွက် ရှိသော ဒုံးကျည်များ၊ လောင်ချာများ ဝယ်ယူခဲ့သည်။

အိန္ဒိယတပ်မတော်က ပါကစ္စတန်နယ်စပ်၌ ရှိယင်းစွဲ စပိုက်လောင်ချာ နှင့် ဒုံးကျည်များ ဖြ့န်ကြက်ခဲ့ပြီး အသစ်ဝယ်ယူမည့် စပိုက်လောင်ချာနှင့် ဒုံးကျည်များကို တရုတ်နိုင်ငံနှင့်ထိစပ်နေသည့် နယ်စပ်ဒေသသို့ ဖြန့်ကြက် မည်ဖြစ်သည်။

နှစ်နိုင်ငံတပ်မတော်များကြား စေ့စပ်ညှိနှိုင်းမှုများ ပြုလုပ်နေလင့်ကစား တရုတ်တပ်ဖွဲ့များက လာဒါခ်အ ရှေ့ပိုင်းဒေသရှိ ထိန်းချုပ်ရေး မျဉ်းတစ်လျောက် တင့်ကားများအပါအဝင် လက်နက်ကြီးများ ဖြန့်ကြက်ခဲ့သည်။

တိုက်ခိုက်မှုများဖြစ်လာပါက ကြိုတင်ပြင်ဆင်မှုများပြုလုပ်နိုင်ရန် လိုအပ်သော လက်နက်များဝယ်ယူရေး အတွက် အိန္ဒိယအစိုး ရက အိန္ဒိယတပ်မတော်၏ ကြည်း၊ ရေနှင့် လေတပ်ဖွဲ့ ဒုတိယကာကွယ်ရေး ဦးစီးချုပ်များသို့ ရူပီး သန်း ၅၀၀ ခွင့်ပြုခဲ့သည်။

အဆိုပါခွင့်ပြုငွေအရ အိန္ဒိယတပ်မတော်က အမေရိကန်နိုင်ငံထံမှ အိတ်ဇ်ကာလီဗာ အမြောက်လက်နက်များ ဝယ်ယူမည်ဖြစ် သည်။

ထို့အပြင် အိန္ဒိယလေတပ်က အစ္စရေးနိုင်ငံထံမှ မောင်းသူမဲ့လေယာဉ် အမြောက်အများဝယ်ယူရန် လေ့လာစောင့်ကြည့် လျက်ရှိသည်။

ကိုးကား – အိန္ဒိယတူဒေး

Ref; Indian Army to buy Spike anti-tank missiles from Israel

#PeopleMedia


Share this post