• Follow Us on
Latest News

Home ကို႐ိုနာဗိုင္းရပ္စ္ ေလထဲကေနကူးစက္တဲ့သက္ေသမ႐ွိေသးဘူးလို႔ တ႐ုတ္ကၽြမ္းက်င္သူေျပာ

ကို႐ိုနာဗိုင္းရပ္စ္ ေလထဲကေနကူးစက္တဲ့သက္ေသမ႐ွိေသးဘူးလို႔ တ႐ုတ္ကၽြမ္းက်င္သူေျပာ

Share this post

ေဘက်င္း၊ ေဖေဖာ္ဝါရီ ၉

လက္႐ွိျဖစ္ေနတဲ့ ႏိုဗယ္ကို႐ိုနာဗိုင္းရပ္စ္ဟာ ပံုမွန္အားျဖင့္ ေလထဲမွာအခ်ိန္ၾကာၾကာေမ်ာလြင့္မေနႏိုင္သလို လက္႐ွိမွာလည္း ေလကေနတစ္ဆင့္ ကူးစက္ႏိုင္တယ္ဆိုတဲ့သက္ေသ လတ္တေလာမ႐ွိေသးဘူးလို႔ တ႐ုတ္ ကၽြမ္းက်င္သူတစ္ေယာက္က တနဂၤေႏြေန႔မွာေျပာပါတယ္။

သတင္းစာ႐ွင္းလင္းပြဲမွာ တ႐ုတ္ေရာဂါထိန္းခ်ဳပ္ေရးႏွင့္ ကာကြယ္တားဆီးေရးစင္တာက ကူးစက္ေရာဂါဆိုင္ရာ သုေတသီဖန္လူေက်ာင္းက ေျပာလိုက္တာပါ။ ေဆးပညာကၽြမ္းက်င္သူေတြအေျပာအရ ေလ႐ွဴမိၿပီးေနာက္ ေလနဲ႔ဗိုင္းရပ္စ္ေတြေပါင္းသြားၿပီး ကူးစက္တာမ်ိဳး႐ွိေနတယ္လို႔ ႐ွန္ဟိုင္းျပည္သူ႔ေရးရာဗ်ဴ႐ိုက ဒုတိယအႀကီး အကဲဇန္ကြန္းကေျပာခဲ့ၿပီးတဲ့ေနာက္ ဖန္က အခုလိုေျပာလိုက္တာပါ။

လက္႐ွိမွာေတာ့ ဗိုင္းရပ္စ္ဟာ အသက္႐ွဴလမ္းေၾကာင္းကထြက္လာတဲ့အမႈန္ေတြနဲ႔ ထိေတြ႕မႈတို႔ကတစ္ဆင့္ ကူး စက္ခံရႏိုင္တယ္ဆိုၿပီး ဖန္ကေျပာတဲ့အျပင္ တစ္မီတာကေန ႏွစ္မီတာအတြင္း ပံုမွန္အားျဖင့္ ကူးစက္ႏိုင္တယ္ လို႔လည္းေျပာပါတယ္။ လူေတြအေနနဲ႔ လက္ကိုင္ပုဝါေတြသံုးၿပီး ေခ်ာင္းဆိုးႏွာေခ်တဲ့အခါမွာ ဖံုးထားတဲ့အျပင္ အစက္ေလးေတြ ဖြာထြက္တာကို ကာကြယ္ဖို႔လုပ္သင့္တယ္လို႔လည္း သူကအႀကံျပဳပါတယ္။

Source – Xinhua, China Daily

Photo – People’s Daily China

#PeopleMedia #CoronaVirus #2019nCoV

(Unicode)
ကိုရိုနာဗိုင်းရပ်စ် လေထဲကနေကူးစက်တဲ့သက်သေမရှိသေးဘူးလို့ တရုတ်ကျွမ်းကျင်သူပြော
………………………………………………………

ဘေကျင်း၊ ဖေဖော်ဝါရီ ၉

လက်ရှိဖြစ်နေတဲ့ နိုဗယ်ကိုရိုနာဗိုင်းရပ်စ်ဟာ ပုံမှန်အားဖြင့် လေထဲမှာအချိန်ကြာကြာမျောလွင့်မနေနိုင်သလို လက်ရှိမှာလည်း လေကနေတစ်ဆင့် ကူးစက်နိုင်တယ်ဆိုတဲ့သက်သေ လတ်တလောမရှိသေးဘူးလို့ တရုတ် ကျွမ်းကျင်သူတစ်ယောက်က တနင်္ဂနွေနေ့မှာပြောပါတယ်။

သတင်းစာရှင်းလင်းပွဲမှာ တရုတ်ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်တားဆီးရေးစင်တာက ကူးစက်ရောဂါဆိုင်ရာ သုတေသီဖန်လူကျောင်းက ပြောလိုက်တာပါ။ ဆေးပညာကျွမ်းကျင်သူတွေအပြောအရ လေရှူမိပြီးနောက် လေနဲ့ဗိုင်းရပ်စ်တွေပေါင်းသွားပြီး ကူးစက်တာမျိုးရှိနေတယ်လို့ ရှန်ဟိုင်းပြည်သူ့ရေးရာဗျူရိုက ဒုတိယအကြီး အကဲဇန်ကွန်းကပြောခဲ့ပြီးတဲ့နောက် ဖန်က အခုလိုပြောလိုက်တာပါ။

လက်ရှိမှာတော့ ဗိုင်းရပ်စ်ဟာ အသက်ရှူလမ်းကြောင်းကထွက်လာတဲ့အမှုန်တွေနဲ့ ထိတွေ့မှုတို့ကတစ်ဆင့် ကူး စက်ခံရနိုင်တယ်ဆိုပြီး ဖန်ကပြောတဲ့အပြင် တစ်မီတာကနေ နှစ်မီတာအတွင်း ပုံမှန်အားဖြင့် ကူးစက်နိုင်တယ် လို့လည်းပြောပါတယ်။ လူတွေအနေနဲ့ လက်ကိုင်ပုဝါတွေသုံးပြီး ချောင်းဆိုးနှာချေတဲ့အခါမှာ ဖုံးထားတဲ့အပြင် အစက်လေးတွေ ဖွာထွက်တာကို ကာကွယ်ဖို့လုပ်သင့်တယ်လို့လည်း သူကအကြံပြုပါတယ်။

Source – Xinhua, China Daily

Photo – People’s Daily China

#PeopleMedia #CoronaVirus #2019nCoV


Share this post