• Follow Us on

Home မႏၱေလးၿမိဳ႕တြင္ တရားမ၀င္၀င္ေရာက္လာသည့္ တ႐ုတ္ႏိုင္ငံသား ၁၂ ဦးဖမ္းဆီးရမိ အ႐ိုးအထူးကုေဆး႐ုံပို႔ကာ ကို႐ိုနာဗိုင္းရပ္စ္ ရွိမရွိေစာင့္ၾကည့္စစ္ေဆး

မႏၱေလးၿမိဳ႕တြင္ တရားမ၀င္၀င္ေရာက္လာသည့္ တ႐ုတ္ႏိုင္ငံသား ၁၂ ဦးဖမ္းဆီးရမိ အ႐ိုးအထူးကုေဆး႐ုံပို႔ကာ ကို႐ိုနာဗိုင္းရပ္စ္ ရွိမရွိေစာင့္ၾကည့္စစ္ေဆး

Share this post

မႏၲေလးၿမိဳ႕၊ မဟာေအာင္ေျမၿမိဳ႕နယ္ ရတနာဘုမၼိ အေရွ႕ရပ္ကြက္ရွိ ေနအိမ္တစ္အိမ္တြင္ တ႐ုတ္လူမ်ိဳးမ်ား ေနထိုင္ေနသည္ဟု သတင္းရ၍ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ အမ်ိဳးသားမွတ္ပုံတင္ေရးဦးစီးဌာနမွ တာဝန္ရွိသူ မ်ားႏွင့္ အမွတ္(၉)ၿမိဳ႕မရဲစခန္းမွ ရဲတပ္ဖြဲ႕ဝင္မ်ားက သြားေရာက္စစ္ေဆးခဲ့ရာမွ တ႐ုတ္ႏိုင္ငံသား ၁၂ ဦးကို ဖမ္းဆီးရမိခဲ့ျခင္းျဖစ္သည္။

“တရားမဝင္ ဝင္ေရာက္တယ္ဆိုေတာ့ သူ႔ရဲ႕ လဝကဥပေဒနဲ႔ အေရးယူမွာေပါ႔။ သူတို႔ကို ၁၄ ရက္ WHO ဂိုက္လိုင္းနဲ႔ေစာင့္ၾကည့္ေနတာေပါ႔”ဟု လွ်ပ္စစ္စြမ္းအင္ႏွင့္ေဆာက္လုပ္ေရးဝန္ႀကီး ဦးဇာနည္ေအာင္က ေျပာသည္။

တရားမဝင္ေနထိုင္မႈျဖင့္ ဖမ္းဆီးခဲ့သည့္ တ႐ုတ္ႏိုင္ငံသား ၁၂ ဦးကို လူဝင္မႈႀကီးၾကပ္ေရး အက္ဥပေဒပုဒ္မ ၁၃ (၁) အမႈဖြင့္ အေရးယူထားကာ အ႐ိုးအထူးကုေဆး႐ုံႀကီး၌ ထားရွိၿပီး ကို႐ိုနာဗိုင္းရက္စ္ ရွိမရွိ ေစာင့္ၾကည့္ စစ္ေဆးမႈမ်ား လုပ္ေဆာင္ေနေၾကာင္း သိရသည္။

၎တ႐ုတ္မ်ားကို လက္ခံထားရွိသည့္အိမ္ရွင္ကိုလည္း အေရးယူသြားမည္ျဖစ္ေၾကာင္း ဦးဇာနည္ေအာင္ကဆို သည္။ လတ္တေလာတြင္ ဖမ္းဆီးရမိထားသည့္ တ႐ုတ္ႏိုင္ငံသား ၁၂ ဦးမွာ မႏၲေလးၿမိဳ႕သို႔ လာေရာက္၍ ေက်ာက္အေရာင္းအဝယ္ျပဳလုပ္ေနသူမ်ားျဖစ္ၿပီး မႏၲေလးၿမိဳ႕သို႔ ဝင္ေရာက္လာသည့္ေန႔ရက္တို႔ကို မသိရေသး ေၾကာင္းႏွင့္ တရားမဝင္ေနထိုင္ခဲ့သည့္ တ႐ုတ္ႏိုင္ငံသား ၁၂ ဦးကို မဟာေအာင္ေျမၿမိဳ႕နယ္ လူဝင္မႈႀကီးၾကပ္ ေရးႏွင့္ အမ်ိဳးသားမွတ္ပုံတင္ေရး ဦးစီးဌာနဦးစီးမွဴးက တရားလိုျပဳလုပ္၍ အမွတ္ ၉ ၿမိဳ႕မရဲစခန္းတြင္ လူဝင္မႈ ႀကီးၾကပ္ေရး အက္ဥပေဒပုဒ္မ ၁၃(၁)အမႈဖြင့္ အေရးယူထားေၾကာင္း သိရသည္။

#PeopleMedia

(Unicode)
မန္တလေးမြို့တွင် တရားမဝင်ဝင်ရောက်လာသည့် တရုတ်နိုင်ငံသား ၁၂ ဦးဖမ်းဆီးရမိ အရိုးအထူးကုဆေးရုံပို့ကာ ကိုရိုနာဗိုင်းရပ်စ် ရှိမရှိစောင့်ကြည့်စစ်ဆေး
………………………………………………………

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ် ရတနာဘုမ္မိ အရှေ့ရပ်ကွက်ရှိ နေအိမ်တစ်အိမ်တွင် တရုတ်လူမျိုးများ နေထိုင်နေသည်ဟု သတင်းရ၍ လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနမှ တာဝန်ရှိသူ များနှင့် အမှတ်(၉)မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာမှ တရုတ်နိုင်ငံသား ၁၂ ဦးကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

“တရားမဝင် ဝင်ရောက်တယ်ဆိုတော့ သူ့ရဲ့ လဝကဥပဒေနဲ့ အရေးယူမှာပေါ့။ သူတို့ကို ၁၄ ရက် WHO ဂိုက်လိုင်းနဲ့စောင့်ကြည့်နေတာပေါ့”ဟု လျှပ်စစ်စွမ်းအင်နှင့်ဆောက်လုပ်ရေးဝန်ကြီး ဦးဇာနည်အောင်က ပြောသည်။

တရားမဝင်နေထိုင်မှုဖြင့် ဖမ်းဆီးခဲ့သည့် တရုတ်နိုင်ငံသား ၁၂ ဦးကို လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေပုဒ်မ ၁၃ (၁) အမှုဖွင့် အရေးယူထားကာ အရိုးအထူးကုဆေးရုံကြီး၌ ထားရှိပြီး ကိုရိုနာဗိုင်းရက်စ် ရှိမရှိ စောင့်ကြည့် စစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း သိရသည်။

၎င်းတရုတ်များကို လက်ခံထားရှိသည့်အိမ်ရှင်ကိုလည်း အရေးယူသွားမည်ဖြစ်ကြောင်း ဦးဇာနည်အောင်ကဆို သည်။ လတ်တလောတွင် ဖမ်းဆီးရမိထားသည့် တရုတ်နိုင်ငံသား ၁၂ ဦးမှာ မန္တလေးမြို့သို့ လာရောက်၍ ကျောက်အရောင်းအဝယ်ပြုလုပ်နေသူများဖြစ်ပြီး မန္တလေးမြို့သို့ ဝင်ရောက်လာသည့်နေ့ရက်တို့ကို မသိရသေး ကြောင်းနှင့် တရားမဝင်နေထိုင်ခဲ့သည့် တရုတ်နိုင်ငံသား ၁၂ ဦးကို မဟာအောင်မြေမြို့နယ် လူဝင်မှုကြီးကြပ် ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာနဦးစီးမှူးက တရားလိုပြုလုပ်၍ အမှတ် ၉ မြို့မရဲစခန်းတွင် လူဝင်မှု ကြီးကြပ်ရေး အက်ဥပဒေပုဒ်မ ၁၃(၁)အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

#PeopleMedia


Share this post