• Follow Us on

Home ငါန်းဇွန်မြို့နယ်ရှိ နေအိမ်တစ်အိမ်ကို PDF အဖွဲ့မှ ဓားပြတိုက်ပြီး အသက် (၇၀) ကျော် အဘွားအိုတစ်ဦးကို သတ်ဖြတ်

ငါန်းဇွန်မြို့နယ်ရှိ နေအိမ်တစ်အိမ်ကို PDF အဖွဲ့မှ ဓားပြတိုက်ပြီး အသက် (၇၀) ကျော် အဘွားအိုတစ်ဦးကို သတ်ဖြတ်

Share this post

နေပြည်တော်၊ ဧပြီ ၂၉

 

မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ မင်းကြီးကြပ်ကျေးရွာအုပ်စု၊ ဖောင်းကတောကျေးရွာရှိ နေအိမ် တစ်အိမ်ကို PDF အဖွဲ့ဝင် (၆) ဦးမှ ဓားပြတိုက်ပြီး အသက် (၇၀)ကျော်အရွယ်ရှိ အဘွားအိုတစ်ဦးကို သတ်ဖြတ်သွားကြောင်း သိရှိရသည်။

 

ဧပြီလ (၂၈) ရက် ညနေ ၆ နာရီအချိန်ခန့်က ဖောင်းကတောကျေးရွာတွင် နေထိုင်သည့် အသက် (၇၄) နှစ် အရွယ် ဒေါ်ဝိုင်းသည် နေအိမ်၌ရှိနေစဉ် PDF အဖွဲ့ဝင် (၆)ဦး ဆိုင်ကယ်များဖြင့် ရောက်ရှိလာသည်။

 

ယင်းနောက်တွင် နေအိမ်ရှိ မိသားစုဝင် (၄)ဦးတို့အား ဝမ်းလျားမှောက်ခိုင်းကာ အိမ်တွင်းရှိ ပရိဘောဂပစ္စည်း များကို ရိုက်ခွဲဖျက်စီးခဲ့ပြီး ဆိုင်ကယ် (၁)စီး၊ ဖုန်း (၃)လုံးနှင့် ရွှေငွေလက်ဝတ်ရတနာပစ္စည်းများကို ယူဆောင် သွားခဲ့ကြောင်း သိရသည်။

 

ယင်းသို့ ယူဆောင်ပြီးနောက် PDF အဖွဲ့ဝင်များ ပြန်အထွက်တွင် ဒေါ်ဝိုင်းအား သေနတ်ဖြင့် ပစ်ခတ်သဖြင့် ဦးခေါင်းပွင့်ထွက်ဒဏ်ရာ (၂) ချက်ဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးသွားကြောင်း သိရသည်။

 

#PeopleMedia


Share this post