• Follow Us on

Home ရုရှားက ယူကရိန်းကို ဒုံးကျည်တွေ ဆက်တိုက်ပစ်ခတ်စဉ် နေတိုးအဖွဲ့ဝင်နိုင်ငံတွေ လေကြောင်းတပ်လှန့်ထား

ရုရှားက ယူကရိန်းကို ဒုံးကျည်တွေ ဆက်တိုက်ပစ်ခတ်စဉ် နေတိုးအဖွဲ့ဝင်နိုင်ငံတွေ လေကြောင်းတပ်လှန့်ထား

Share this post

နိုင်ငံတကာ၊ ဧပြီ ၂၉

 

ရုရှားနိုင်ငံက ယူကရိန်းကို ဒုံးကျည်တွေနဲ့ ဆက်တိုက်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးနောက် နေတိုးအဖွဲ့ဝင် နိုင်ငံဖြစ်တဲ့ ပိုလန်နိုင်ငံက ၎င်းတို့လေတပ်ကို တပ်လှန့်ထားလိုက်ကြောင်း စနေနေ့က Newsweek က ရေးသားထားပါ တယ်။

 

“ယူကရိန်းနိုင်ငံထဲက စက်ရုံတွေကို ရုရှားနိုင်ငံက တာဝေးပစ်ဒုံးကျည်တွေနဲ့ နောက်ထပ်တိုက်ခိုက်လာတဲ့အ တွက် ပိုလန်နဲ့ မဟာမိတ်နိုင်ငံတွေက လေယာဉ်တွေကို အသင့်ပြင်ဆင်တပ်လှန့်ထားကြောင်း ကျွန်တော်တို့ သတိပေး ခဲ့ပါတယ်။” လို့ ပိုလန် RSZ စစ်ဆင်ရေးဌာနချုပ်က သောကြာနေ့က တွစ်တာမှာ ရေးသားခဲ့ပါတယ်။

 

စနေနေ့မှာတော့ စစ်ဆင်ရေးအဆုံးသတ်သွားပြီဖြစ်ကြောင်း ပိုလန်စစ်ဆင်ရေးဌာနချုပ်က ကြေညာခဲ့ပါတယ်။

 

“ခြိမ်းခြောက်မှုအဆင့် လျော့ကျသွားတဲ့အတွက် ကျွန်တော်တို့လေပိုင်နက်ထဲက ပိုလန်လေတပ်နဲ့ မဟာမိတ် တပ်ဖွဲ့တွေရဲ့ လေတပ်က စစ်ဆင်ရေးကို အဆုံးသတ်လိုက်ပြီဖြစ်ပြီး တပ်ဖွဲ့ဝင်တွေနဲ့ လက်နက်ခဲယမ်းတွေ ပုံမှန်စစ်ဆင်ရေးတာဝန်တွေ ပြန်လည်ထမ်းဆောင်နေပြီဖြစ်ပါတယ်။” လို့ ပိုလန်စစ်ဆင်ရေးဌာနချုပ်က ပြော ပါတယ်။

 

ရုရှားတပ်တွေက စထာရီနဲ့ ချယ်ဗားနာရတ်က စွမ်းအင်စက်ရုံနှစ်ခုကို တိုက်ခိုက်ခဲ့ကြောင်း Newsweek က ပြောပါတယ်။

 

Ref: NATO Mobilizes Aircraft amid Russian Strikes in Ukraine

 

#PeopleMedia


Share this post