မှော်ဘီမြို့နယ်တွင် ကိုရင်တစ်ပါး ရေနစ်ရာမှ ပျံလွန်တော်မူ
PUBLISHED - November 18, 2026
နေပြည်တော်၊ နိုဝင်ဘာ ၁၈
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ အင်းလျက်ကျေးရွာအုပ်စု၊ ဖန်ခါးကုန်းကျေးရွာ၊ လောကမေတ္တာဂန္ဓာရုံဘုန်းကြီးကျောင်းရှိ သဘာဝရေကန်တွင် ယနေ့ မွန်းလွဲပိုင်း အချိန်က ကိုရင်(၁)ပါး ရေနစ်ရာမှ ပျံလွန်တော်မူသွားကြောင်း မီးသတ်ဦးစီးဌာနမှ သိရသည်။
လောကမေတ္တာဂန္ဓာရုံဘုန်းကြီးကျောင်းရှိ သဘာဝရေကန်တွင် ကိုရင်(၁)ပါး ရေနစ်ပျောက်ဆုံးနေကြောင်း သတင်းရရှိသဖြင့် မှော်ဘီမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ကူညီဆောင်ရွက်ခဲ့ရာ နေ့လည် ၂နာရီ ၆မိနစ်အချိန်တွင် ရုပ်အလောင်းအား ဆယ်ယူရရှိခဲ့ကြောင်း သိရသည်။
#PeopleMedia