• Follow Us on
Latest News

Home ငြိမ်းချမ်းရေးအကျိုးဆောင်ပါတီကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြု

ငြိမ်းချမ်းရေးအကျိုးဆောင်ပါတီကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြု

Share this post

နေပြည်တော်၊ ဧပြီ ၂၆

 

ငြိမ်းချမ်းရေးအကျိုးဆောင်ပါတီကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုလိုက်ကြောင်း ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်မှ ကြေညာထားသည်။

 

ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် (၃)ရပ်ကွက် ကျိုက်ဝိုင်းဘုရားလမ်း အမှတ်(၉၉) တွင် ပါတီရုံးချုပ် ဖွင့်လှစ်ထားရှိသော ငြိမ်းချမ်းရေးအကျိုးဆောင်ပါတီကို ဧပြီလ ၂၅ ရက်နေ့မှစ၍ နိုင်ငံရေးပါတီများ မှတ်ပုံတင် ခြင်းဥပဒေ ပုဒ်မ ၉နှင့်အညီ မှတ်ပုံတင်ခွင့်ပြုကြောင်း ကြေညာလိုက်သည်။

 

ငြိမ်းချမ်းရေးအကျိုးဆောင်ပါတီ၏ မှတ်ပုံတင်အမှတ်မှာ (၄၉) ဖြစ်ကြောင်း သိရသည်။

 

ငြိမ်းချမ်းရေးအကျိုးဆောင်ပါတီက နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၅ အရ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင် ခွင့်ပြုရန် ၂၀၂၄ ခုနှစ် မတ်လ ၁၃ ရက်နေ့တွင် လျှောက်ထားခဲ့ကြောင်း သိရသည်။

 

#PeopleMedia


Share this post