• Follow Us on
Latest News

Home တရုတ်နဲ့ ဆက်ဆံရေးတင်းမာနေချိန် အစ္စရေးထံကလက်နက်ဝယ်ယူဖို့ ဖိလစ်ပိုင်ပြင်ဆင်နေ

တရုတ်နဲ့ ဆက်ဆံရေးတင်းမာနေချိန် အစ္စရေးထံကလက်နက်ဝယ်ယူဖို့ ဖိလစ်ပိုင်ပြင်ဆင်နေ

Share this post

နိုင်ငံတကာ၊ ဧပြီ ၂၅

 

တရုတ်နိုင်ငံနဲ့ တင်းမာမှုတွေမြင့်တက်နေစဉ်အတွင်း နိုင်ငံရဲ့တိုက်ပွဲဝင်အသင့်ဖြစ်မှုအခြေအနေကို မြှင့်တင်ရင်း ဖိလစ်ပိုင်နိုင်ငံဟာ အစ္စရေးထုတ်စစ်လက်နက်ပစ္စည်းတွေကို ပိုမိုဝယ်ယူလိုတဲ့ဆန္ဒရှိကြောင်း The Defense Post မှာ ရေးသားဖော်ပြထားပါတယ်။

 

ဒုံးကျည်နဲ့ ဆင်ဆာအမျိုးမျိုးပါဝင်တဲ့ ဝယ်ယူလိုတဲ့ စစ်လက်နက်ပစ္စည်းစာရင်းတစ်ခုကို ဖိလစ်ပိုင်အစိုးရက အစ္စရေးအစိုးရထံ ပေးပို့ခဲ့တယ်လို့ဆိုပါတယ်။

 

ဖိလစ်ပိုင်အစိုးရအနေနဲ့ အဆင့်မြင့်ကွပ်ကွဲကြီးကြပ်ရေးစနစ်တွေနဲ့ နိုင်ငံနယ်နိမိတ်ပိုင်နက်ကို ပိုမိုစောင့်ကြည့်နိုင် ဖို့အတွက် တာဝေးရေဒါတွေကိုလည်း ဝယ်ယူချင်ကြောင်း အစ္စရေးကာကွယ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြော ပါတယ်။

 

ဖိလစ်ပိုင်နိုင်ငံဟာ အစ္စရေးစစ်လက်နက်ပစ္စည်းထုတ်လုပ်ရေး Elbit Systems က ထုတ်လုပ်တဲ့ ၁၅၅ မမ ယာဉ် တင်အမြောက်တွေကို လက်ရှိအသုံးပြုနေတဲ့အတွက် အစ္စရေးစစ်လက်နက်တွေနဲ့ ရင်းနှီးကျွမ်းဝင်မှုမရှိတဲ့နိုင်ငံ မဟုတ်ပါဘူး။

 

၂၀၂၁ ခုနှစ်တုန်းကလည်း ဖိလစ်ပိုင်ဟာ အစ္စရေးထံက Sabrah Ascod အပေါ့စားတင့်နဲ့ Pandur II သံချပ် ကာယာဉ် အစီး ၂၀ ကို လက်ခံရရှိခဲ့ပါတယ်။

 

တောင်တရုတ်ပင်လယ်အရေးနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံက ဖိအားတွေကို ရင်ဆိုင်လာရချိန်မှာ ဖိလစ်ပိုင်အစိုး ရက အခုလို စစ်လက်နက်ပစ္စည်းတွေ ဝယ်ယူဖို့ ပြင်ဆင်လာတာဖြစ်ပါတယ်။

 

ဖိလစ်ပိုင်နိုင်ငံကပိုင်ဆိုင်ကြောင်း နိုင်ငံတကာတရားရုံးက ဆုံးဖြတ်ထားတဲ့ ရေပိုင်နက်အစိတ် အပိုင်းတွေအပါ အဝင် တောင်တရုတ်ပင်လယ်ရေပိုင်နက်အားလုံးနီးပါးကို ၎င်းတို့ပိုင်ဆိုင်တယ်လို့ တရုတ်နိုင်ငံက ပြောဆိုထား ပါတယ်။

 

တရုတ်သင်္ဘောတွေနဲ့ ဖိလစ်ပိုင်သင်္ဘောတွေ တောင်တရုတ်ပင်လယ်တွင်းမှာ မကြာခဏ ထိပ်တိုက်တွေ့ဆုံပြီး နောက် နှစ်နိုင်ငံကြားတင်းမာမှုတွေက ပိုမိုမြင့်တက်လာတာဖြစ်ပါတယ်။

 

၂၀၂၃ ခုနှစ် အောက်တိုဘာလအတွင်း ဖိလစ်ပိုင်ရိက္ခာဖြည့်တင်းရေးသင်္ဘောကို တရုတ်ကမ်းခြေစောင့်တပ် သင်္ဘောက အတင်းဝင်ရောက်ပိတ်ဆို့တားဆီးခဲ့တဲ့အတွက် သင်္ဘောနှစ်စီး တိုက်မိခဲ့ပါတယ်။

 

ပြီးခဲ့တဲ့လကလည်း တရုတ်သင်္ဘောတစ်စီးက ဖိလစ်ပိုင်သင်္ဘောတွေကို အင်အားပြင်းထန်တဲ့ရေပိုက်နဲ့ ထိုးချခဲ့ တဲ့အတွက် ဖိလစ်ပိုင်သင်္ဘောတွေမှာ ထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

 

Ref: Philippines Eyes More Israeli Weapons as China Tensions Grow

 

#PeopleMedia


Share this post