• Follow Us on

Home ပွင့်ဖြူမြို့နယ်တွင် ကြံ့ခိုင်ရေးပါတီဝင်တစ်ဦးကို PDF အဖွဲ့ဝင်များမှ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်

ပွင့်ဖြူမြို့နယ်တွင် ကြံ့ခိုင်ရေးပါတီဝင်တစ်ဦးကို PDF အဖွဲ့ဝင်များမှ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်

Share this post

နေပြည်တော်၊ ဧပြီ ၂၆

 

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၊ လယ်မကျေးရွာတွင် ကြံ့ခိုင်ရေးပါတီဝင်တစ်ဦးကို PDF အဖွဲ့ဝင်များမှ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားကြောင်း သိရသည်။

 

ဧပြီလ (၂၅) ရက် ည (၈) နာရီ (၄၀) မိနစ်အချိန်ခန့်က လယ်မကျေးရွာတွင် နေထိုင်သည့် ကြံ့ခိုင်ရေးပါတီဝင် ဦးဌေးမင်းသည် ၎င်း၏ နေအိမ်တွင် ရှိနေစဉ် PDF အဖွဲ့ဝင်နှစ်ဦးက ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ် သွားခြင်းဖြစ်သည်။

 

ယင်းသို့ ပစ်ခတ်ခံရမှုကြောင့် ဦးဌေးမင်းတွင် သေနတ်ဒဏ်ရာ (၅)ချက် ရရှိခဲ့ကာ အခင်းဖြစ်ပွါးသည့်နေရာတွင် သေဆုံးသွားကြောင်း သိရသည်။

 

၎င်းနောက် PDF အဖွဲ့ဝင်များသည် ဦးဌေးမင်း၏ သားဖြစ်သူကိုလည်း ပစ်ခတ်သတ်ဖြတ်ရန် ကြိုးပမ်းခဲ့ သော်လည်း ရှောင်တိမ်းနိုင်ခဲ့သဖြင့် လွတ်မြောက်သွားကြောင်း သိရသည်။

 

#PeopleMedia


Share this post