• Follow Us on
Latest News

Home စစ်ဘေးရှောင်ဒုက္ခသည်အများစု မြန်မာနိုင်ငံ မြဝတီဘက်ကို ပြန်လည်ဝင်ရောက်

စစ်ဘေးရှောင်ဒုက္ခသည်အများစု မြန်မာနိုင်ငံ မြဝတီဘက်ကို ပြန်လည်ဝင်ရောက်

Share this post

နိုင်ငံတကာ၊ ဧပြီ ၂၃

 

မြန်မာနိုင်ငံက တိုက်ပွဲတွေကြောင့် ထိုင်းနိုင်ငံ တာ့ခ်ပြည်နယ်၊ မဲဆောက်ခရိုင်မှာ လာရောက်ခိုလှုံနေကြတဲ့ စစ် ဘေးရှောင်ဒုက္ခသည် ၃၀၀၀ ဝန်းကျင်အနက် မြန်မာနိုင်ငံ မြဝတီဘက်ကို ၂၀၀၀ ကျော် ပြန်လည်ဝင်ရောက် သွားပြီဖြစ်တဲ့အတွက် ထိုင်းနိုင်ငံမှာ ၁၀၀၀ ဝန်းကျင်သာကျန်တော့ကြောင်း ထိုင်း အမှတ် ၃ စစ်တိုင်းမှူးက ဧပြီ လ ၂၂ ရက်နေ့က ပြောပါတယ်။

 

မြန်မာ့တပ်မတော်နဲ့ သူပုန်အဖွဲ့တွေ ညှိနှိုင်းနေကြတယ်လို့ သတင်းကြားရကြောင်း ဒုတိယဗိုလ်ချုပ်ကြီးပရာဆန် ဆောင်းဆီရိရတ်က ထိုင်း PBS သတင်းဌာနကို တနင်္လာနေ့က ပြောပါတယ်။

 

စစ်ဘေးရှောင်ဖို့အတွက် မြဝတီဘက်က ထွက်ပြေးလာကြတဲ့ မြန်မာနိုင်ငံသားအများအပြားဟာ လက်ရှိအချိန် မှာ မဲဆောက်ကနေ မြဝတီဘက်ကို ပြန်လည်ထွက်ခွာနေကြပြီဖြစ်ပါတယ်။

 

အမှတ် ၁ ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားကို ပုံမှန်ဖွင့်ထားဆဲဖြစ်ပြီး အဲဒီတံတားကနေ လူတွေ၊ ယာဉ်တွေ ကူးသန်းသွားလာနေဆဲဖြစ်ကြောင်း ဒုတိယဗိုလ်ချုပ်ကြီးပရာဆန်က ပြောပါတယ်။

 

နယ်စပ်ဒေသတစ်လျှောက်အခြေအနေတွေကို အမှတ် ၃ စစ်တိုင်းက အနီးကပ်စောင့်ကြည့်နေပြီး မဲဆောက်မှာ ရှိတဲ့ အိမ်တစ်အိမ်ကို ကျည်ထိမှန်တာကို ကန့်ကွက်လွှာတင်ထားကြောင်း စစ်တိုင်းမှူးက ပြောပါတယ်။

 

နယ်စပ်ဒေသ အဓိကကုန်သွယ်ရေးမြို့ြ့ဖစ်တဲ့ မြဝတီမြို့မှာ ဖြစ်ပွားနေတဲ့တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး မြန်မာ့တပ် မတော်နဲ့ အတိုက်အခံလက်နက်ကိုင်အုပ်စုတွေကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေဖြစ်မြောက်ရေးအတွက် ကြား ဝင်စေ့စပ်ပေးပို့ ထိုင်းနိုင်ငံက အသင့်ရှိနေတယ်လို့ ဆိုပါတယ်။

 

မြန်မာနိုင်ငံက ပဋိပက္ခတွေနဲ့ပတ်သက်ပြီး ထိုင်းနိုင်ငံရဲ့ရပ်တည်ချက်ဟာ ငြိမ်းချမ်းစွာဆွေးနွေးအဖြေရှာရေးအ တွက် အားပေးထောက်ခံဖို့နဲ့ လူသားချင်းစာနာမှုအကူအညီတွေ ထောက်ပံ့ပေးဖို့ဖြစ်ကြောင်း ဝန်ကြီးချုပ်ရဲ့ အ ထွေထွေအတွင်းရေးမှူး ဒေါက်တာပရုမ်မင်လတ်ဆူရီဒက်ဂျ်က တနင်္လာနေ့က ပြောပါတယ်။

 

Ref: Myanmar war refugees returning home and Thais make peace broker offer to Myanmar junta, rebels in Myawaddy

 

#PeopleMedia


Share this post