• Follow Us on
Latest News

Home ယူကရိန်းစစ်ရေးအခြေအနေ မေလမှာ ပိုဆိုးလာနိုင်ဖွယ်ရှိကြောင်း ယူကရိန်းစစ်ထောက်လှမ်းရေးအကြီးအကဲ ပြော

ယူကရိန်းစစ်ရေးအခြေအနေ မေလမှာ ပိုဆိုးလာနိုင်ဖွယ်ရှိကြောင်း ယူကရိန်းစစ်ထောက်လှမ်းရေးအကြီးအကဲ ပြော

Share this post

နိုင်ငံတကာ၊ ဧပြီ ၂၃

 

ယူကရိန်းစစ်မြေပြင်အခြေအနေတွေဟာ လာမယ့်သီတင်းပတ်တွေမှာ တဖြည်းဖြည်း ပိုမိုဆိုးရွားလာနိုင်ဖွယ်ရှိ ကြောင်း ယူကရိန်းစစ်ထောက်လှမ်းရေးအကြီးအကဲက တနင်္လာနေ့ (ဧပြီ ၂၂ ရက်နေ့) က အင်တာဗျူးတစ်ခုမှာ ပြောကြားလိုက်ပါတယ်။

 

မကြာသေးခင်က တိုက်ပွဲတွေမှာ ရုရှားဘက်ကအသာစီးရနေပြီး တိုက်ပွဲအရှိန်မြှင့်တင်တော့မယ်လို့ မျှော်လင့် ထားတဲ့အချိန်မှာ အခုလို ယူကရိန်းစစ်ထောက်လှမ်းရေးအကြီးအကဲက ပြောကြားလိုက်တာဖြစ်ပါတယ်။

 

“ကျွန်တော့်အမြင်အရ ပြောရရင်တော့ မကြာခင်အချိန်အတွင်းမှာ ပိုမိုဆိုးရွားခက်ခဲတဲ့အခြေအနေက စောင့်နေ တယ်လို့ ထင်တယ်။” လို့ ယူကရိန်းစစ်ထောက်လှမ်းရေးအကြီးအကဲ ကီရီလိုဘူဒါနော့ဗ်က BBC သတင်းဌာနကို ပြောပါတယ်။

 

“ဒါက ရုတ်တရက်ဖြစ်ပွားတဲ့ ကပ်ဘေးမဟုတ်ပါဘူး။ ဒါကို ကျွန်တော်တို့ နားလည်ဖို့ လိုပါတယ်။ လူအများပြော ဆိုနေကြသလို သမ္မာကျမ်းစာထဲက ကမ္ဘာဖျက်စစ်ပွဲကြီး ဖြစ်လာမှာမဟုတ်ပါဘူး။” လို့ ၎င်းက ပြောပါတယ်။

 

“ဒါပေမဲ့ မေလလယ်လောက်ကစပြီး ပြဿနာတက်လာမှာဖြစ်ပါတယ်။ အထူးသဖြင့် ရှေ့တန်းစစ်မြေပြင်ကို ပြောနေတာပါ။ မေလလယ် ဇွန်လအစောပိုင်းလောက်မှာ အင်မတန်ခက်ခဲတဲ့အချိန်ဖြစ်ပါလိမ့်မယ်။” လို့ ၎င်းက ပြောပါတယ်။

 

ယူကရိန်းနိုင်ငံအရှေ့ပိုင်း ချာဆစ်ယာမြို့အနီးက နယ်မြေတွေကိုသိမ်းပိုက်နိုင်ခဲ့ကြောင်း ပြီးခဲ့တဲ့သီတင်းပတ်အ တွင်း ရုရှားဘက်က ပြောပါတယ်။

 

မဟာဗျူဟာမြောက် မြို့တစ်မြို့ဖြစ်တဲ့ ချာဆစ်ယာမြို့ ကျဆုံးသွားခဲ့ရင် ဒွန်းဘက်ဒေသက တခြားအရေးကြီးတဲ့ မြို့တွေကို ဆက်လက်တိုက်ခိုက်ဖို့ ရုရှားအတွက် လမ်းပွင့်သွားမှာကို ယူကရိန်းအစိုးရက စိုးရိမ်နေပါတယ်။

 

ဒုတိယကမ္ဘာစစ်အတွင်းက နာဇီဂျာမနီကို ဆိုဗီယက်တပ်မတော်က အနိုင်ရခဲ့တဲ့နေ့ဖြစ်တဲ့ မေလ ၉ ရက်နေ့မှာ အဲဒီမြို့ကို ရုရှားတပ်တွေက သိမ်းပိုက်ချင်နေတာဖြစ်ကြောင်း ယူကရိန်းသမ္မတဗလာဒီမာဇီလန်စကီးက ပြောပါ တယ်။

 

ယူကရိန်းနိုင်ငံဟာ လပေါင်းများစွာ ခဲယမ်းပြတ်လပ်မှုနဲ့ ရင်ဆိုင်နေရပေမဲ့ စနေနေ့က အမေရိကန်အောက်လွှတ် တော်မှာ ယူကရိန်းအတွက် စစ်ရေးအကူအညီ ဒေါ်လာ ၆၁ ဘီလျံကို ခွင့်ပြုလိုက်တဲ့အတွက် လာမယ့်သီတင်း ပတ်တွေမှာ စစ်ရေးအခြေအနေ ပြန်လည်တိုးတက်ကောင်းမွန်လာမယ်လို့ မျှော်လင့်ထားပါတယ်။

 

Ref: Kyiv Warns Situation on Front Will Worsen in May

 

#PeopleMedia


Share this post