• Follow Us on
Latest News

Home ဘူးသီးတောင်မြို့ရှိ ယာယီခိုလှုံရာစခန်းများတွင် နေထိုင်လျက်ရှိသော နေရပ်စွန့်ခွာသူများအား ဆန်အိတ်များ ထောက်ပံ့

ဘူးသီးတောင်မြို့ရှိ ယာယီခိုလှုံရာစခန်းများတွင် နေထိုင်လျက်ရှိသော နေရပ်စွန့်ခွာသူများအား ဆန်အိတ်များ ထောက်ပံ့

Share this post

နေပြည်တော်၊ ဧပြီ ၂၃

 

AA အကြမ်းဖက်သောင်းကျန်းသူများက ဧပြီလ ၁၂ ရက်နေ့တွင် ကွန်တိုင်ကျေးရွာ၊ ရွက်ညိုတောင်ကျေးရွာနှင့် ဦးလှဖေ ကျေးရွာအတွင်းသို့ အကြောင်းမဲ့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ မီးရှို့ခြင်းများကြောင့် ကြောက်ရွံ့ ၍ ရှောင်တိမ်းလာသော ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့ရှိ ယာယီခိုလှုံရာစခန်း ၃ ခုတွင် ခေတ္တ ခိုလှုံနေထိုင် လျက်ရှိသည့် အိမ်ထောင်စုဝင် ယာယီနေရပ်စွန့်ခွာသူများအား ဆန်အိတ်များ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့တွင် အဆိုပါမြို့ရှိ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ ပြုလုပ်ခဲ့သည်။

 

ထို့နောက် တာဝန်ရှိသူများက ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ပေးအပ်သည့် အိမ်ထောင်စုတစ်စုလျှင် ဆန်တစ်အိတ်နှင့် တစ်ပြည်နှုန်းဖြင့် အိမ်ထောင်စု ၉၅၅ စုအတွက် ဆန်အိတ် ၁၀၀၀ အိတ်တို့ကို ထောက်ပံ့ ပေးအပ်ခဲ့ပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

 

စစ်တွေမြို့နယ်၊ ဘုမေကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသတည်ငြိမ်အေးချမ်းရေးနှင့် ငြိမ်းချမ်းရေး ကိုလိုလားသော ဘင်္ဂါလီလူမျိုး အမျိုးသား၊ အမျိုးသမီး စုစုပေါင်း ၁၀၀၀ ခန့်သည် ဧပြီလ ၂၀ ရက်တွင် ငြိမ်းချမ်းစွာလှည့်လည်၍ ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

 

#PeopleMedia


Share this post