• Follow Us on
Latest News

Home စပိန်နိုင်ငံမှာ အပူလှိုင်းဖြတ်မှုကြောင့် ၁၀ ရက်အတွင်း လူပေါင်း ၅၀၀ သေဆုံးခဲ့

စပိန်နိုင်ငံမှာ အပူလှိုင်းဖြတ်မှုကြောင့် ၁၀ ရက်အတွင်း လူပေါင်း ၅၀၀ သေဆုံးခဲ့

Share this post

နိုင်ငံတကာ၊ ဇူလိုင် ၂၁

 

စပိန်နိုင်ငံမှာ အခုလအတွင်း ပြင်းထန်တဲ့ အပှုလှိုင်းဖြတ်မှုဒဏ်ကို ခံစားခဲ့ရပြီး ၁၀ ရက်အတွင်းမှာ လူပေါင်း ၅၀၀ နီးပါး သေဆုံးခဲ့တယ်လို့ ဝန်ကြီးချုပ် ပက်ဒရိုဆန်းချက်ဇ်က မနေ့က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

 

ဆန်းချက်ဇ်က “ဒီအပူလှိုင်းမှာ အပူချိန်မြင့်မားမှုကြောင့် လူ ၅၀၀ ကျော် သေဆုံးခဲ့ပါတယ်၊ ဒါ့ကြောင် ရာသီဥတု အရေးပေါ်အခြေအနေဟာ လက်တွေ့ဖြစ်တယ်ဆိုတာကို သိထားဖို့နဲ့ နိုင်ငံသားတွေကို အထူးသတိထားဖို့ ကျွန်တော်တောင်းဆိုပါတယ်” လို့ ပြောပါတယ်။

 

အဆိုပါကိန်းဂဏန်းဟာ Carlos III ကျန်းမာရေး အင်စတီကျု့က ထုတ်ပြန်တဲ့ အချက်အလက်တွေအရ ဖြစ်ပြီး အရေအတွက်ဟာ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာနဲ့ ပျမ်းမျှနိုင်းယှဉ်ပါက အလွန်ကြီးမားတယ်လို့ ဆိုပါတယ်။

 

အနောက်ဥရောပနိုင်ငံအများစုကို ထိခိုက်စေတဲ့ အပူလှိုင်းကြောင့် ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက စပိန်မှာ အပူချိန် ၄၅ ဒီဂရီစင်တီဂရိတ်အထိ မြင့်တက်ခဲ့ပြီး ဒါဇင်နဲ့ချီတဲ့ တောမီးလောင်ကျွမ်းမှုတွေ ဖြစ်ပွားခဲ့ပါတယ်။

 

စပိန်နိုင်ငံ အနောက်မြောက်ပိုင်းမှာ တောမီးငြှိမ်းသတ်ခဲ့တဲ့ မီးသတ်သမားတစ်ဦးနဲ့ အခြားတစ်ဦးသေဆုံးခဲ့ပြီး လူထောင်ပေါင်းများစွာကို ဘေလွတ်ရာကို ရွှေ့ပြောင်းခဲ့ရပါတယ်။

 

ဇူလိုင် ၉ ရက်ကနေ ၁၈ ရက်အတွင်းမှာဖြစ်ပွားခဲ့တဲ့ အပူလှိုင်းဟာ စပိန်မှာ မှတ်တမ်းတင်ဖူးသမျှထဲက ၁၉၇၅ ခုနှစ်နောက်ပိုင်း အပြင်းထန်ဆုံးဖြစ်ကြောင်း မိုးလေဝသအေဂျင်စီက ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

 

Source – CNA

 

#PeopleMedia

 

(unicode)


………………………………………..

 


 


 


 


 


 


 


 

Source – CNA

 

#PeopleMedia


Share this post