• Follow Us on
Latest News

Home ယူကရိန်းစစ်ပွဲမှာ ရုရှားဘက်က မကူညီဖို့ အီရန်ကို ပင်တဂွန်စစ်ဌာနချုပ်သတိပေး

ယူကရိန်းစစ်ပွဲမှာ ရုရှားဘက်က မကူညီဖို့ အီရန်ကို ပင်တဂွန်စစ်ဌာနချုပ်သတိပေး

Share this post

နိုင်ငံတကာ၊ ဇူလိုင် ၂၁

 

ယူကရိန်းနိုင်ငံကို ရုရှားနိုင်ငံက တိုက်ခိုက်ရာမှာ အသုံးပြုဖို့အတွက် မောင်းသူမဲ့လေယာဉ်တွေကို အီရင်နိုင်ငံက ရုရှားကို လွှဲပြောင်းပေးနိုင်တဲ့အခြေအနေတွေတွေ့နေရတာကြောင့် ပင်တဂွန်စစ်ဌာနချုပ်က အီရန်နိုင်ငံကို ဇူလိုင်လ ၂၀ ရက်နေ့က လူသိရှင်ကြား သတိပေးချက်ထုတ်ပြန်လိုက်ပါတယ်။

 

“အီရန်နိုင်ငံကို အဲဒီလို မလုပ်ဖို့ ကျွန်တော်တို့ အကြံပေးချင်ပါတယ်။ အဲဒီလို ဒရုန်းတွေလွှဲပြောင်းပေးမယ်ဆိုရင် တကယ့်ကို ဆိုးရွားတဲ့အကြံအစည်ပါပဲ။ နဂိုအတိုင်းပဲနေဖို့ ပြောချင်ပါတယ်။” လို့ အမေရိကန်ကာကွယ်ရေး ဝန် ကြီး အယ်လွိုက်သြစတင်က ပင်တဂွန်စစ်ဌာနချုပ်မှာ သတင်းထောက်တွေကိုပြောပါတယ်။

 

ယူကရိန်းစစ်ပွဲမှာအသုံးပြုဖို့ ရုရှားနိုင်ငံကို အီရန်နိုင်ငံက မောင်းသူမဲ့လေယာဉ်တွေ ရာနဲ့ချီပြီး ထောက်ပံ့ပေးသွား ဖို့ ရည်ရွယ်ထားကြောင်း ပြီးခဲ့တဲ့သီတင်းပတ်က အိမ်ဖြူတော်က ကြေညာခဲ့ပါတယ်။

 

ရုရှားကိုယ်စားလှယ်အဖွဲ့ဟာ ပြီးခဲ့တဲ့လက အီရန်နိုင်ငံ တီဟီရန်မြို့တောင်ဘက်မှာရှိတဲ့ ခါရှန်လေဆိပ်ကို နှစ် ကြိမ်သွားရောက်ခဲ့ပြီး အီရန်ထုတ် Shahed-191 ဒရုန်းနဲ့ Shahed-129 ဒရုန်းတွေကို လေ့လာကြည့်ရှုခဲ့ပါတယ်။

 

အဲဒီ မောင်းသူမဲ့လေယာဉ်နှစ်မျိုးစလုံးဟာ ပဲ့ထိန်းလမ်းညွှန်ဒုံးကျည်တွေတပ်ဆင်ပစ်ခတ်လို့ရကြောင်း CNN သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

 

ရုရှားအစိုးရဟာ ယူကရိန်းကိုတိုက်ခိုက်ခဲ့တဲ့ ဖေဖော်ဝါရီလ အစပိုင်းကတည်းက ၎င်းတို့သိုလှောင်ထားတဲ့ ပဲ့ထိန်းဒုံးကျည် အများအပြားကို သုံးစွဲခဲ့ကြောင်း အမေရိကန်အရာရှိတွေက ပြောပါတယ်။

 

ယူကရိန်းနိုင်ငံကလည်း အမေရိကန်နဲ့ အနောက်အုပ်စုတွေကပေးတဲ့ စစ်လက်နက်ပစ္စည်းတွေကို အသုံးပြုပြီး ပြင်းပြင်းထန်ထန် ခုခံတိုက်ခိုက်နေတာကြောင့် စစ်ပွဲဟာ မတိုးသာမဆုတ်သာအခြေအနေကို ရောက်နေပါ တယ်။

 

ယူကရိန်းနိုင်ငံက အမေရိကန်နဲ့ တူရကီကထောက်ပံ့ထားတဲ့ ဒရုန်းတွေအပြင် ၎င်းတို့ပိုင်ဒရုန်းတွေကို ထိထိ ရောက်ရောက် တပ်ဖြန့်ချထားပြီး ရုရှားယာဉ်တန်းတွေကို တိုက်ခိုက်နိုင်ခဲ့ပါတယ်။

 

အဲဒီလို ဒရုန်းတွေနဲ့ တိုက် ခိုက်ခဲ့တဲ့အတွက် ကိယက်ဗ်လက်ကို ထိုးစစ်ဆင်နေတဲ့ ရုရှားထိုးစစ်ကို ယူက ရိန်းနိုင်ငံအရှေ့ပိုင်းမှာရှိတဲ့ ဒွန်း ဘက်စ်ဒေသဘက်ကို လမ်းကြောင်းပြောင်းသွားစေခဲ့တယ်လို့ ဆိုပါတယ်။

 

ယူကရိန်းအနေနဲ့ အမေရိကန်ကထောက်ပံ့ထားတဲ့ HIMARS အတွဲလိုက်ဒုံးပစ်လောင်ချာကို အသုံးပြုပြီး ဒွန်း ဘက်စ်ဒေသမှာရှိတဲ့ရုရှားစစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်တွေကို ပစ်မှတ်ထားတိုက်ခိုက်နိုင်ခဲ့တယ်လို့ အမေရိကန် အရာရှိတွေက ပြောပါတယ်။

 

“ရုရှားတွေက မြေတစ်လက်မချင်းစီအတွက် ပေးဆပ်ရဖို့ ယူကရိန်းက လုပ်ဆောင် နေပါတယ်။” လို့ ပူးတွဲ စစ်ဦးစီးအရာရှိချုပ်များအဖွဲ့ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးမာ့ခ်မီလီက ပြောပါတယ်။

 

ဒီကနေ့အချိန်အထိ ရုရှားတပ်တွေဟာ HIMARS အတွဲလိုက်ဒုံးပစ်လောင်ချာ ၁၂ စီးကို မဖျက်ဆီးနိုင်သေးဘူး လို့ အမေရိကန်အရာရှိတွေကပြောပါတယ်။

 

အမေရိကန်အစိုးရက လာမယ့်သီတင်းပတ်တွေအတွင်းမှာ HIMARS အတွဲလိုက်ဒုံးပစ်လောင်ချာ လေးစီးကို ယူကရိန်းနိုင်ငံအတွက် ထပ်မံပေးပို့သွားမယ်လို့ ပင်တဂွန်စစ် ဌာနချုပ်က ဇူလိုင်လ ၂၀ ရက်နေ့က ကြေညာ ခဲ့ပါတယ်။

 

အရှေ့အလယ်ပိုင်းဒေသမှာ အစ္စရေးနိုင်ငံပြီးရင် အီရန်နိုင်ငံဟာ အကြီးမားဆုံးနဲ့ ခေတ်အမီဆုံးမောင်းသူမဲ့လေ ယာဉ်တွေနဲ့ ပဲ့ထိန်းလမ်းညွှန်ဒုံးကျည်တွေကို ပိုင်ဆိုင်ထားတယ်လို့ ယုံကြည်ထားကြပါတယ်။

 

Ref: Pentagon warns Iran not to aid Russia’s war against Ukraine

 

#PeopleMedia

 

(unicode)


…………………………………………

 


 


 


 


 


 


 


 


 


 


 


 

“ရုရှားတှကေ မွတေဈလကျမခငြျးစီအတှကျ ပေးဆပျရဖို့ ယူကရိနျးက လုပျဆောငျ နပေါတယျ။” လို့ ပူးတှဲ စဈဦးစီးအရာရှိခြုပျမြားအဖှဲ့ဥက်ကဋ်ဌ ဗိုလျခြုပျကွီးမာ့ချမီလီက ပွောပါတယျ။

 


 


 


 

Ref: Pentagon warns Iran not to aid Russia’s war against Ukraine

 

#PeopleMedia


Share this post