• Follow Us on
Latest News

Home ညောင်လေးပင်မြို့နယ်တွင် ယာဉ် ၃ စီးဆင့်တိုက်မှုဖြစ်ရာက လူ ၃ ဦး သေဆုံး

ညောင်လေးပင်မြို့နယ်တွင် ယာဉ် ၃ စီးဆင့်တိုက်မှုဖြစ်ရာက လူ ၃ ဦး သေဆုံး

Share this post

နေပြည်တော်၊ ဧပြီ ၂၇

 

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊ ပြွန်တန်ဆာမြို့၊ ဘိုင်းဒါးကျေးရွာအနီး၊ ရန်ကုန်-မန္တလေးလမ်းမ ကြီး၊ မိုင်တိုင်အမှတ်(၈၈/ဝ)နှင့် (၈၈/၁)ကြားတွင် ယမန်နေ့ နေ့လည် ၁၂ နာရီ ၅၀ မိနစ်အချိန်က ယာဉ် ၃ စီး ဆင့်တိုက်မှုဖြစ်ရာက လူ ၃ ဦး သေဆုံးခဲ့ကြောင်း မီးသတ်တပ်ဖွဲ့မှ သိရသည်။

 

ညောင်လေးပင်မြို့နယ်၊ ပြွန်တန်ဆာမြို့၊ ဘိုင်းဒါးကျေးရွာအနီး၊ ရန်ကုန်-မန္တလေးလမ်းမကြီး၊ မိုင်တိုင်အမှတ် (၈၈/ဝ)နှင့် (၈၈/၁)ကြားတွင် Canter (၆)ဘီးယာဉ်နှင့်  Light truck ယာဉ်တို့ မျက်နှာချင်းဆိုင်တိုက်မိမှု ဖြစ်ပွားပြီး  Light truck ယာဉ်နောက်မှ ကပ်ပါလာသော  Hino(၂၂)ဘီး ဘိလပ်မြေသယ်ယာဉ်သည် ရှေ့မှ  Light truck ယာဉ်အား တိုက်မိကာ ဆက်လက်ပြီး လမ်းဘေးနေအိမ်သို့  ဝင်တိုက်မှုဖြစ်ပွားကြောင်း သိရသည်။

 

အဆိုပါ ဖြစ်စဉ်ကြောင့် Canter (၆)ဘီးယာဉ်ယာဉ်ပေါ်ပါ  အမျိုးသား (၆)ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး၊ အမျိုးသား (၂)ဦးနှင့် အမျိုးသမီး (၁)ဦး သေဆုံးခဲ့သည်။၊ Light truck ယာဉ်ပေါ်ပါ အမျိုးသား (၂)ဦး ထိခိုက်ဒဏ်ရာရနှင့်   Hino(၂၂)ဘီး ဘိလပ်မြေသယ်ယာဉ်ပေါ်ပါ  အမျိုးသား (၁)ဦး၊ အမျိုးသမီး (၁)ဦး ထိခိုက်ဒဏ်ရာရတို့အား ရွှေဇာမြေလူမှုကူညီရေးအသင်းနှင့် ရွှေရဲနွယ်လူမှုကူညီရေးအသင်းယာဉ်များဖြင့် ပြွန်တန်ဆာဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

 

#PeopleMedia


Share this post