• Follow Us on
Latest News

Home တရုတ်နို်င်ငံက မြန်မာရဲတပ်ဖွဲ့အတွက် ယွမ် ၅ သန်း ထောက်ပံ့

တရုတ်နို်င်ငံက မြန်မာရဲတပ်ဖွဲ့အတွက် ယွမ် ၅ သန်း ထောက်ပံ့

Share this post

နိုင်ငံတကာ၊ ဧပြီ ၂၇

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်ရဲ့ တရုတ်နိုင်ငံခရီး စဉ်မှာ တရုတ်နိုင်ငံက မြန်မာနိုင်ငံရဲတပ်ဖွဲ့အတွက် ယွမ် ၅ သန်းအကူအညီပေးရေး သဘောတူစာလွှာကို လက် မှတ်ရေးထိုးခဲ့ကြောင်း သိရပါတယ်။

 

ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်ဟာ တရုတ်နိုင်ငံတော်ကောင်စီဝင် မစ္စတာဝမ်ချောက်ဟုန်ရဲ့ ဖိတ်ကြားချက်အရ ဧပြီလ ၂၄ ရက်နေ့ကနေ ၂၉ ရက်နေ့အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံကို ရောက်ရှိနေတာ ဖြစ်တယ်လို့ ဆိုပါတယ်။

 

ဧပြီလ ၂၄ ရက်နေ့က ရောက်ရှိလာတဲ့ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ကို ပြည်သူ့လုံခြုံရေးဒုတိယဝန်ကြီး မစ္စတာ ရှီတာ့ထုန်၊ မြန်မာသံအမတ်ကြီးဦးတင်မောင်ဆွေနဲ့ စစ်သံမှူး ဗိုလ်မှူး ချုပ်ဇော်ဇော်နိုင်တို့က ကြိုဆိုခဲ့ကြပါတယ်။

 

မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ ဘေဂျင်း ပြည်သူ့ရဲတက္ကသိုလ်ကိုသွားရောက်လေ့လာခဲ့ကြပြီး ဘေဂျင်းမြို့ ရူဝီအန်းဟိုတယ်မှာကျင်းပတဲ့ အစည်းအဝေးကိုတက်ရောက်ခဲ့ပါတယ်။

 

မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ အစည်းအဝေးမှာ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ နယ်စပ်ဒေသငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေး၊ အွန်လိုင်းငွေလိမ်ဂိုဏ်းနဲ့ လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေး၊ နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုတွေကို တိုက်ဖျက်ရာမှာ ပူးပေါင်းဆောင်ရွက်ရေးတို့ကို ဆွေးနွေးခဲ့ကြပါတယ်။

 

တရုတ်နိုင်ငံက မြန်မာရဲတပ်ဖွဲ့အတွက် ယွမ်ငွေ ၅ သန်း အကူအညီပေးဖု့ိ လက်မှတ်ရေးထိုးခဲ့ပါတယ်။ ဒါ့အပြင် တရုတ်နိုင်ငံက ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက ချီးမြှင့်တဲ့ အမြင့်ဆုံးဆုတံဆိပ်ဖြစ်တဲ့ Golden Great Wall Commemorative Medal (ရွှေမဟာတံတိုင်း အထိမ်းအမှတ်ဂုဏ်ပြုဆုတံဆိပ်) ကို ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်ကို ချီးမြှင့်ခဲ့ပါတယ်။

 

ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်နဲ့ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနဝန်ကြီး မစ္စတာဝန်ချောက်ဟုန်တို့ဟာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုတွေနဲ့ ပတ်သက်ပြီး ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါတယ်။

 

Ref: Union Home Affairs Minister visits Beijing People’s Police College, attends Myanmar-China Ministerial Meeting and BBC news

 

#PeopleMedia


Share this post