ညောင်လေးပင်မြို့နယ်၌ KNU/PDF အမည်ခံ အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့က Drone ဖြင့် တိုက်ခိုက်မှုကြောင့် ပဲတီစိမ်းစိုက်ခင်းအား ဆေးဖျန်းနေသည့် တောင်သူတစ်ဦး သေဆုံး
PUBLISHED - November 26, 2026
နေပြည်တော်၊ နို၀င်ဘာ ၂၆
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၌ KNU အကြမ်းဖက်အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့က Drone ဖြင့် Drop Bomb များ ပစ်ချတိုက်ခိုက်ခဲ့မှုကြောင့် ပဲတီစိမ်းစိုက်ခင်းအား ဆေးဖျန်းနေသည့် တောင်သူတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ နိုဝင်ဘာ ၂၄ ရက်တွင် မွန်းလွဲ ၁ နာရီတွင် ကျူချောင်း(အလယ်)ကျေးရွာနေ ဦးကျော်စွာဝင်း(ခ)ဘဖိုးကြီး (၄၆)နှစ်သည် ၎င်း၏ ပဲတီစိမ်းစိုက်ခင်းအား ဆေးဖျန်းနေစဉ် KNU အကြမ်းဖက်အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့က အများပြည်သူထိခိုက်စေရန် ရည်ရွယ်၍ Drone ဖြင့် Drop Bomb များ ပစ်ချတိုက်ခိုက်ခဲ့သဖြင့် ဗုံးသီး တစ်လုံး ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် ၎င်းတွင်ထိခိုက်ဒဏ်ရာများရရှိခဲ့သဖြင့် ညောင်လေးပင်မြို့နယ်ပြည်သူ့ဆေးရုံ၌ ဆေးကုသမှုခံယူနေစဉ် သေဆုံးသွားခဲ့ကြောင်း သိရသည်။
#PeopleMedia