ရန်ကုန်-ပုသိမ်ကားလမ်းတွင် HIJETယာဉ်မှ ရပ်ထားသည့် ၂၂ဘီးယာဉ်အား နောက်မှဝင်တိုက်မှုဖြစ်ပွားရာမှ တစ်ဦး သေဆုံးပြီး (၈)ဦး ထိခိုက်ဒဏ်ရာရရှိ
PUBLISHED - November 26, 2026
နေပြည်တော်၊ နို၀င်ဘာ ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်၊ အရွဲကျေးရွာအုပ်စု၊ အရွဲကျေးရွာ၊ ရန်ကုန်-ပုသိမ်ကားလမ်း၊ မိုင်တိုင်အမှတ်(၁၉/၇)နှင့်(၂၀/၀)ကြားတွင် ယနေ့ နံနက် ၃နာရီ ၁၅မိနစ်အချိန်တွင် HIJETယာဉ်မှ ရပ်ထားသည့် ၂၂ဘီးယာဉ်အား နောက်မှဝင်တိုက်မှုဖြစ်ပွားရာမှ တစ်ဦး သေဆုံးပြီး (၈)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ညောင်တုန်းမြို့ဘက်မှ ရန်ကုန်မြို့ဘက်သို့ မောင်းနှင်လာသော DAIHATSU HIJETအမျိုးအစား (အဖြူရောင်)ယာဉ်သည် ရန်ကုန်-ပုသိမ်ကားလမ်း၊ မိုင်တိုင်အမှတ်(၁၉/၇)နှင့်(၂၀/၀)ကြား အရောက်တွင် လမ်းဘေးတွင်ရပ်ထားသော HONO အမျိုးအစား(အနီရောင်) ၂၂ဘီးယာဉ်အား နောက်မှဝင်တိုက်မှုဖြစ်ပွားခဲ့ပြီး၊ ယာဉ်တိုက်မှုကြောင့် DAIHATSU HIJETအမျိုးအစား (အဖြူရောင်)ယာဉ်ပေါ်ပါ အမျိုးသား (၃)ဦး၊ အမျိုးသမီး (၆)ဦး၊ စုစုပေါင်း(၉)ဦးအနက် အမျိုးသား (၁)ဦး သေဆုံးပြီး ကျန်(၈)ဦးမှာ ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)တို့အား လူငယ်ရိပ်မွန်လူမှုကူညီရေးအသင်းမှ သူနာတင်ယာဉ်(၂)စီး၊ မြတ်သုခလူမှုကူညီရေးအသင်းမှ သူနာတင်ယာဉ်(၂)စီးတို့ဖြင့် ညောင်တုန်းမြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
#PeopleMedia