• Follow Us on
Latest News

Home တန့်ဆည်မြို့နယ်၌ ရွာသား ၅ ဦး သတ်ဖြတ်ခံရပြီးနောက် ဒဏ်ရာရရှိသူတစ်ဦးကို ဆေးရုံသို့ ပို့ဆောင်စဉ် မိုင်းခွဲတိုက်ခိုက်ခံရမှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်နှစ်ဦး ကျဆုံး

တန့်ဆည်မြို့နယ်၌ ရွာသား ၅ ဦး သတ်ဖြတ်ခံရပြီးနောက် ဒဏ်ရာရရှိသူတစ်ဦးကို ဆေးရုံသို့ ပို့ဆောင်စဉ် မိုင်းခွဲတိုက်ခိုက်ခံရမှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်နှစ်ဦး ကျဆုံး

Share this post

စစ်ကိုင်း၊ ဒီဇင်ဘာ ၁၄ (People Media)

 

ဒီဇင်ဘာ ၁၃ ရက်နေ့ ညနေ ၄ နာရီအချိန်ခန့်က စစ်ကိုင်းတိုင်းဒေသကြီး၊ တန့်ဆည်မြို့နယ်၊ ရွာသာယာ ကျေး ရွာ၌ ဒီဇင်ဘာ ၁၃ ရက်နေ့ ညနေပိုင်းက ကျေးရွာသား ၅ ဦး သတ်ဖြတ်ခံရပြီးနောက် ၎င်းတို့ပိုင်ဆိုင်သည့် နေ အိမ်များလည်း မီးရှို့ဖျက်ဆီးခံခဲ့ရသည်။

 

အမျိုးသား ၅ ဦး သတ်ဖြတ်ခံရပြီး အမျိုးသားတစ်ဦးမှာ ဒဏ်ရာများဖြင့် သေနတ်သမားများလက်မှ လွတ် မြောက်ခဲ့သည်။

 

အဆိုပါဖြစ်စဉ် ဖြစ်ပေါ်ရာနေရာသို့ လုံခြုံရေးအဖွဲ့များ သွားရောက်ပြီး ဒဏ်ရာရရှိသူ အမျိုးသားတစ်ဦးကို ဆေး ရုံသို့ တင်ပို့ရန် မှန်ရင်းကျေးရွာအထွက်၌ မိုင်းဆွဲတိုက်ခိုက်ခံရပြီး လုံခြုံရေးအဖွဲ့ဝင် နှစ်ဦး ကျဆုံးခဲ့သည်။

 

လက်ရှိအချိန်၌ ဒဏ်ရာရရှိသူ အမျိုးသားတစ်ဦးသည် တန့်ဆည်မြို့ပြည်သူ့ဆေးရုံကြီး၌ ဆေးကုသမှု ခံယူ လျှက်ရှိသည်။

 

#PeopleMedia #တန့်ဆည်

 

(unicode)


………………………………………………………….

 


 


 


 


 


 



Share this post