• Follow Us on
Latest News

Home တရားဥပဒေစိုးမိုးမှုရှိစေရေး၊ စားသောက်ကုန်များနှင့် အခြေခံလူသုံးကုန်ပစ္စည်းများသင့်တင့်မျှတသည့်ဈေးနှုန်း များဖြစ်စေရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း နစကဥက္ကဋ္ဌပြောကြား

တရားဥပဒေစိုးမိုးမှုရှိစေရေး၊ စားသောက်ကုန်များနှင့် အခြေခံလူသုံးကုန်ပစ္စည်းများသင့်တင့်မျှတသည့်ဈေးနှုန်း များဖြစ်စေရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း နစကဥက္ကဋ္ဌပြောကြား

Share this post

နေပြည်တော်၊ ဧပြီ ၂၃

 

နိုင်ငံအတွင်းတည်ငြိမ်အေးချမ်းပြီး တရားဥပဒေစိုးမိုးမှုရှိစေရေး၊ စားသောက်ကုန်များနှင့် အခြေခံလူသုံးကုန် ပစ္စည်းများ သင့်တင့်မျှတသည့် ဈေးနှုန်းများဖြစ်စေရေးနှင့် နိုင်ငံ၏ ငွေကြေးတန်ဖိုးများခိုင်မာစေရေး နိုင်ငံ တော်အနေဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

 

ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးအမှတ်စဉ် (၄/၂၀၂၄) ကို ယမန်နေ့တွင် နေပြည်တော်ရှိ နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက မိမိတို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရ၏ အမျိုးသားရေး ရည်မှန်းချက် နှစ်ရပ်မှာ တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာပေါများရေးပင်ဖြစ်ကြောင်း၊ တိုင်းပြည် သာယာဝပြောရေးဆိုသည်မှာ တည်ငြိမ်အေးချမ်းမှုရှိပြီး ပြည်သူပြည်သားများအားလုံး တရားဥပဒေစိုးမိုးမှု အောက်တွင် အေးချမ်းသာယာစွာဖြင့် နေထိုင်နိုင်ခြင်း၊ ပညာသင်ကြားနိုင်ခြင်း၊ အလုပ်အကိုင်များ လုပ်ကိုင် ဆောင်ရွက်နိုင်ခြင်းပင်ဖြစ်ကြောင်း၊ စားရေရိက္ခာ ပေါများရေးအနေဖြင့် နိုင်ငံတော်တွင် လူတစ်ဦးချင်းစီ သည်အခြေခံ ဝင်ငွေဖြင့်ပင် စိတ်အေးချမ်းသာစွာနေထိုင်စားသောက်နိုင်ခြင်းပင်ဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံအတွင်းတည်ငြိမ်အေးချမ်းပြီး တရားဥပဒေစိုးမိုးမှုရှိစေရေး၊ စားသောက်ကုန်များနှင့် အခြေခံလူသုံးကုန် ပစ္စည်းများ သင့်တင့်မျှတသည့် ဈေးနှုန်းများဖြစ်စေရေးနှင့် နိုင်ငံ၏ ငွေကြေးတန်ဖိုးများခိုင်မာစေရေး နိုင်ငံတော်အနေဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ပြောသည်။

 

နိုင်ငံ့စီးပွားရေးတိုးတက်အောင်ဆောင်ရွက်နိုင်ရန်အတွက် မိမိတို့နိုင်ငံတွင် မြေခံရေခံကောင်းများနှင့် လူသားအရင်းအမြစ်များရှိပြီးဖြစ်ကြောင်း၊ သို့သော် စီးပွားရေး အရပိတ်ဆို့ခြင်း၊ ကုန်သွယ်ရေးလမ်းကြောင်း များအား ပိတ်ဆို့ခြင်းနှင့် တည်ငြိမ် အေးချမ်းမှုပျက်ပြား အောင်ဆောင်ရွက်၍ ကုန်စည်စီးဆင်းမှုများနှောင့်နှေး ပိတ်ဆို့အောင် ဆောင်ရွက်နေခြင်းများကြောင့် အခက်အခဲအချို့ဖြစ်ပေါ်နေခြင်းဖြစ်ကြောင်း၊ အဆိုပါအချက်များ ကို ကျော်လွှားနိုင်မည်ဆိုပါက ကုန်သွယ်မှုများကောင်းမွန်လာပြီး နိုင်ငံ့စီးပွားပိုမို တိုးတက်ကာ ငွေကြေး တန်ဖိုးများလည်း တိုးတက်လာနိုင်မည်ဖြစ် ကြောင်း၊ နိုင်ငံတစ်နိုင်ငံအနေဖြင့် ထိုက်သင့်သည့်ငွေကြေး တန်ဖိုးတွင် တည်ငြိမ်နေရန် လိုကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောသည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက တိုင်းပြည်သာယာဝပြောရေး၊ စားရေရိက္ခာပေါများရေးအတွက် အဓိကလိုအပ် ချက်မှာ ပြည်တွင်း၌ထုတ်ကုန်များပြည့်ဝစွာဖြင့် ထုတ်လုပ်နိုင်ရေးပင်ဖြစ်ကြောင်း၊ ထို့ကြောင့် စားသောက်ကုန်နှင့် လူသုံးကုန်များကို ဒေသအသီးသီး၌ ပြည့်စုံလုံလောက် စွာဖြင့် ထုတ်လုပ်နိုင်ရန်လိုကြောင်း၊          မိမိတို့နိုင်ငံသည် စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များကို အောင်မြင်စွာ ထုတ်လုပ်နိုင်သည့် အခြေခံကောင်းများကို ပိုင်ဆိုင်ထားရှိသည့်နိုင်ငံတစ်ခုဖြစ်သဖြင့် နိုင်ငံတကာတွင် စားနပ်ရိက္ခာလုံခြုံရေး Food Security ကို အထောက်အကူပြုနိုင်သည့် နိုင်ငံတစ်ခုဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ခြင်းဖြင့် နိုင်ငံ၏ဝင်ငွေကိုလည်း တိုးတက် လာမည်ဖြစ်သဖြင့် မိမိတို့၏ရည်မှန်းချက်ဖြစ်သည့် စားရေရိက္ခာပေါများရေးကို အလေးထား ဆောင်ရွက်ကြစေလိုကြောင်းဖြင့် ပြောကြားသည်။

 

#PeopleMedia


Share this post