• Follow Us on
Latest News

Home လတ်ဗီးယားက ပထမအသုတ် ဒရုန်းတွေ ယူကရိန်းနိုင်ငံကို ပေးပို့သွားတော့မည်

လတ်ဗီးယားက ပထမအသုတ် ဒရုန်းတွေ ယူကရိန်းနိုင်ငံကို ပေးပို့သွားတော့မည်

Share this post

နိုင်ငံတကာ၊ ဧပြီ ၂၂

 

ယူကရိန်းကာကွယ်ရေးစာချုပ်အဖွဲ့ (Ukrainian Defence Contact Group – UDCG) အစီအစဉ်အရ လတ်ဗီး ယားနိုင်ငံဟာ ၎င်းတို့နိုင်ငံရဲ့ ပထမဦးဆုံး မောင်းသူမဲ့လေယာဉ်တွေကို ယူကရိန်းနိုင်ငံကို ပေးပို့သွားတော့မှာ ဖြစ်ပါတယ်။

 

ယူကရိန်းကာကွယ်ရေးစာချုပ်အဖွဲ့ (UDCG) ဟာ ရုရှားကျူးကျော်စစ်ကို ကာကွယ်ဖို့ ယူကရိန်းအစိုးရအတွက် စစ်ရေးအကူအညီတွေထောက်ပံ့နိုင်အောင် ပေါင်းစပ်ဆောင်ရွက်နေတဲ့ နေတိုး၊ ဥရောပသမဂ္ဂနဲ့ မိတ်ဖက်နိုင်ငံ တချို့ ပေါင်းစည်းထားပြီး နိုင်ငံပေါင်း ၅၆ နိုင်ငံပါဝင်တဲ့ ညွှန့်ပေါင်းအဖွဲ့တစ်ဖွဲ့ဖြစ်ပါတယ်။

 

ယူကရိန်းနိုင်ငံရဲ့ မောင်းသူမဲ့လေယာဉ်စွမ်းရည်တိုးမြှင့်ဖို့ လတ်ဗီးယား၊ ဆွီဒင်နဲ့ ဗြိတိန်နိုင်ငံတို့ကဦးဆောင်ပြီး ဇန်နဝါရီလအတွင်းက ယူကရိန်းကာကွယ်ရေးစာချုပ်အဖွဲ့ (UDCG) က ယူကရိန်းနိုင်ငံအတွက် ဒရုန်း ထောက်ပံ့ ရေး အစီအစဉ်တစ်ရပ်ဆောင်ရွက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

 

မောင်းသူမဲ့လေယာဉ်တွေနဲ့အတူ အပိုပစ္စည်းတွေ၊ ထုတ်လုပ်ရေး ဝန်ဆောင်မှုတွေ၊ လော်ဂျစ်စတစ်ထောက်ပံ့မှု တွေ၊ လေ့ကျင့်သင်ကြားမှုတွေနဲ့ ဆက်စပ်နည်းပညာတွေကိုပါ ထောက်ပံသွားဖို့ အဖွဲ့ဝင်နိုင်ငံတွေကို တိုက်တွန်း ထားပါတယ်။

 

ယူကရိန်းကာကွယ်ရေးစာချုပ်အဖွဲ့ (UDCG) အစီအစဉ်အရ လတ်ဗီးယားနိုင်ငံအနေနဲ့ ယူကရိန်းနိုင်ငံအတွက် တစ်နှစ်ကို ယူရိုငွေ ၁၀ သန်း (ဒေါ်လာ ၁၀.၇ သန်း) ဝန်းကျင် ထည့်ဝင်သွားမှာဖြစ်ပါတယ်။

 

အခုလအစောပိုင်းက လတ်ဗီးယားနိုင်ငံက ဦးဆောင်ကျင်းပခဲ့တဲ့ ဒရုန်းစုပေါင်းထောက်ပံ့ရေးအစည်း အပတ်စဉ် အစည်းအဝေးမှာ လတ်ဗီးယားကာကွယ်ရေးဝန်ကြီး အန်းဒရီးစပရပ်စ်က အခုလို ထုတ်ဖော်ပြောကြားလိုက်တာ ဖြစ်ပါတယ်။

 

UDCG အစီအစဉ်အရ ဒီကနေ့အချိန်အထိ အဖွဲ့ဝင်နိုင်ငံ ၁၄ နိုင်ငံဟာ ယူကရိန်းအတွက် ဒရုန်းတွေ ထောက်ပံ့ ပေးဖို့ ကတိပြုခဲ့ပြီး နောက်ထပ် အဖွဲ့ဝင်နိုင်ငံတွေ ထပ်မံပူးပေါင်းပါဝင်လာဖို့လည်း UDCG အဖွဲ့က မျှော်လင့် ထားပါတယ်။

 

“ဒရုန်းညွန့်ပေါင်းထောက်ပံ့ရေးအဖွဲ့ဦးဆောင်နိုင်ငံအဖြစ်ရော ယူကရိန်းနိုင်ငံကို ဒရုန်းတွေထောက်ပံ့မယ့် နိုင်ငံ တစ်နိုင်ငံအဖြစ်ရော ကျွန်တော်တို့ လတ်ဗီးယားနိုင်ငံဟာ တက်တက်ကြွကြွ ရှေ့ကို ချီတက်နေပါတယ်။” လို့ အန်းဒရီးစပရပ်စ်က ပြောပါတယ်။

 

“ယူကရိန်းတပ်မတော်အတွက် ဒရုန်းတွေထောက်ပံ့ပေးဖို့ ထုတ်လုပ်ပေးတဲ့ လတ်ဗီးယား ကုမ္ပဏီတွေကို ကျွန် တော်တကယ့်ကို ကျေးဇူုးတင်ပါတယ်။ အနာဂတ်ကာလမှာ ဆက်လက်ထောက်ပံ့နိုင်ရေး ပြင်ဆင်ဖို့အတွက် ဒါ ဟာ ပထမဆင့်ပဲရှိပါသေးတယ်။” လို့ ၎င်းက ပြောပါတယ်။

 

UDCG အစီအစဉ်အရ ယူကရိန်းနိုင်ငံကို ဒရုန်းအစင်းရေ ၁၀၀၀၀ ဝန်းကျင် ပို့ဆောင်သွားမှာဖြစ်ကြောင်း မတ် လအတွင်းက ဗြိတိန်နိုင်ငံက ကြေညာခဲ့ပါတယ်။ ဗြိတိန်နိုင်ငံရဲ့ ဒရုန်းထောက်ပံ့မှုအစီအစဉ်အတွက် ပေါင်ငွေ ၁၂၅ သန်း (ဒေါ်လာ ၁၅၅.၆ သန်း) ကို အစိုးရရန်ပုံ ငွေထဲက ထုတ်ယူသုံးစွဲသွားမှာဖြစ်ပါတယ်။

 

တပြိုင်တည်းမှာပဲ ရန်သူ့ဒရုန်းတွေကို ကာကွယ်နိုင်ဖို့အတွက် jamming ဆက်စပ်ပစ္စည်းတွေကို လစ်သူယေးနီး ယားနိုင်ငံက ယူကရိန်းနိုင်ငံကို ပို့ဆောင်ပေးခဲ့ပါတယ်။

 

ကနေဒါနိုင်ငံကလည်း SkyRanger R70 ဘက်စုံသုံးဒရုန်း အစင်း ၈၀၀ ကို ယူကရိန်းနိုင်ငံကို ပေးပို့သွားမှာဖြစ် တယ်လို့ ဖေဖော်ဝါရီလက ပြောပါတယ်။

 

အဲဒီလအတွင်းမှာပဲ ခေတ်သစ်ဒရုန်းစစ်ပွဲကို ရင်ဆိုင်ဖို့အတွက် သီးသန့်ဒရုန်းတပ်ဖွဲ့တစ်ခု ဖွဲ့စည်းတည်ထောင်ဖို့ ယူကရိန်းသမ္မတဗလာဒီမာဇီလန်စကီးက ပြောကြားခဲ့ပါတယ်။

 

Ref: Ukraine to Receive First Drone Package from Latvia

 

#PeopleMedia


Share this post