• Follow Us on
Latest News

Home ဝိုင်းမော်မြို့နယ်တွင် အချုပ်ကားတစ်စီး မိုင်းဆွဲတိုက်ခိုက်ခံရပြီး အချုပ်သားများ လွတ်မြောက်သွားသလို ရဲတပ်ဖွဲ့ဝင်အချို့ ဒဏ်ရာရရှိ

ဝိုင်းမော်မြို့နယ်တွင် အချုပ်ကားတစ်စီး မိုင်းဆွဲတိုက်ခိုက်ခံရပြီး အချုပ်သားများ လွတ်မြောက်သွားသလို ရဲတပ်ဖွဲ့ဝင်အချို့ ဒဏ်ရာရရှိ

Share this post

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၉

 

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ နောင်တာလောကျေးရွာ၊ ရပ်ကွက် (၃) ရှိ မြစ်ကြီးနား – ဝိုင်းမော်သွားလမ်း ပေါ်တွင် မြစ်ကြီးနားမြို့မှ ပြန်လာသည့် ဝိုင်းမော် မြို့မရဲစခန်းမှ အချုပ်ကားတစ်စီး မိုင်းဆွဲတိုက်ခိုက်ခံရပြီး ကား ပေါ်တွင် ပါလာသည့် အချုပ်သားများ လွတ်မြောက်သွားသလို ရဲတပ်ဖွဲ့အချို့ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

ဖေဖော်ဝါရီလ (၂၈)ရက် ညနေ (၃)နာရီဝန်းကျင်က မြစ်ကြီးနားမြို့မှ ပြန်လာသည့် အချုပ်ကားတစ်စီး နောင် တာလောကျေးရွာအနီးတွင် မိုင်းဆွဲတိုက်ခိုက်ခံရသဖြင့် မြောင်းထဲထိုးကျသွားကြောင်း သိရသည်။

 

ယင်းသို့ မိုင်းဆွဲခံရမှုကြောင့် အချုပ်ကားပေါ်တွင် လိုက်ပါလာသည့် အချုပ်သားအချို့ လွတ်မြောက်သွားသလို ရဲတပ်ကြပ်တယောက် ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်းနှင့် ဒဏ်ရာရရှိခဲ့သည့် ရဲတပ်ကြပ်ကို မြစ်ကြီးနား စစ်ဆေး ရုံတွင် အရေးပေါ် ဆေးကုသမှု ပေးနေကြောင်း သိရသည်။

 

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီး ကချင်ပြည်နယ် လုံခြုံရေးအဖွဲ့က မြောင်းထဲတွင်ထိုးကျနေသည့် အချုပ်ကား ကို ကရိန်းကားဖြင့် ထုတ်ယူခဲ့ပြီး အချုပ်ကား မိုင်းဆွဲတိုက်ခိုက်သူများနှင့် အချုပ်ကားပေါ်မှ ထွက်ပြေးသွားသည့် အချုပ်သားများ ထွက်ပြေးရာဘက်ကို စစ်ကြောင်းထိုးကာ နယ်မြေရှင်းလင်းနေကြောင်း သိရသည်။

 

#PeopleMedia


Share this post