• Follow Us on

Home တရုတ်နိုင်ငံအနေဖြင့် တရုတ်-မြန်မာဆက်ဆံရေးကို မဟာဗျူဟာရှုထောင့်မှ အစဉ်အမြဲရှုမြင်ကာ တိုးတက် အောင်ဆောင်ရွက်လျက်ရှိကြောင်း တရုတ်လုံခြုံရေးဝန်ကြီးဌာနဝန်ကြီး ဝမ်ရှောင်ဟုန်ပြောကြား

တရုတ်နိုင်ငံအနေဖြင့် တရုတ်-မြန်မာဆက်ဆံရေးကို မဟာဗျူဟာရှုထောင့်မှ အစဉ်အမြဲရှုမြင်ကာ တိုးတက် အောင်ဆောင်ရွက်လျက်ရှိကြောင်း တရုတ်လုံခြုံရေးဝန်ကြီးဌာနဝန်ကြီး ဝမ်ရှောင်ဟုန်ပြောကြား

Share this post

နေပြည်တော်၊ ဧပြီ  ၂၆

 

တရုတ်နိုင်ငံအနေဖြင့် တရုတ်-မြန်မာ ဆက်ဆံရေးကို မဟာဗျူဟာရှုထောင့်မှ အစဉ်အမြဲ ရှုမြင်ကာ တိုး တက်အောင် ဆောင်ရွက်လျက်ရှိကြောင်း တရုတ်နိုင်ငံပြည်သူ့လုံခြုံရေးဝန်ကြီးဌာန ဝန်ကြီး ဝမ်ရှောင်ဟုန်က ပြောသည်။

 

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်၊ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန ဝန်ကြီး ဝမ်ရှောင်ဟုန်သည် မြန်မာနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့် ဧပြီ ၂၅ ရက်က ပေကျင်းမြို့တွင် တွေ့ဆုံဆွေးနွေးခဲ့သည်။

 

ထိုသို့ တွေ့ဆုံရာ၌ ဝမ်ရှောင်ဟုန်က တရုတ်-မြန်မာ ပူးတွဲ၍ ဆက်သွယ်ရေးအွန်လိုင်းလိမ်ညာမှု တိုက်ဖျက်ရာ တွင် အထင်ကရ ရလဒ်များ ရရှိခဲ့ကြောင်း ပြောကြားခဲ့သည်။ တရုတ်နိုင်ငံအနေဖြင့် တရုတ်-မြန်မာ ဆက်ဆံ ရေးကို မဟာဗျူဟာရှုထောင့်မှ အစဉ်အမြဲ ရှုမြင်ကာ တိုးတက်အောင် ဆောင်ရွက်လျက်ရှိကြောင်း၊ တရား ဥပဒေစိုးမိုးရေး၊ လုံခြုံရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုများ ဘက်စုံ နက်ရှိုင်းအောင် ဆောင်ရွက်သွားလိုကြောင်း၊ လောင်းကစားလိမ်ညာမှု၊ မူးယစ်ဆေးဝါးစသည့် နယ်စပ်ဖြတ်ကျော် ပြစ်မှုများကို ထဲထဲဝင်ဝင် တိုက်ဖျက်သွား လိုကြောင်း၊ လူပုဂ္ဂိုလ်နှင့်စီမံကိန်းလုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်များကို မြှင့်တင်သွားလိုကြောင်း၊ တရား ဥပဒေစိုးမိုးရေး စွမ်းရည် တည်ဆောက်ရေး ပူးပေါင်းဆောင်ရွက်မှုများကို နက်ရှိုင်းအောင် ဆောင်ရွက်လို ကြောင်း၊ တရုတ်-မြန်မာ အေးအတူ ပူအမျှ အသိုက်အဝန်း တည်ဆောက်မှုကို ဆက်လက်တွန်းအားပေးကာ နှစ်နိုင်ငံနှင့် ဒေသလုံခြုံမှု၊ တည်ငြိမ်မှုနှင့် တိုးတက်မှုအတွက် အကျိုးပြုဆောင်ရွက်သွားလိုကြောင်းဖြင့် ပြော ကြားသည်။

 

မြန်မာနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က နှစ်နိုင်ငံ တရား ဥပဒေစိုးမိုးရေး၊ လုံခြုံရေး ကဏ္ဍပူးပေါင်းဆောင်ရွက်မှုရလဒ်များ ပိုမိုဖြစ်ထွန်းစေရန် တွန်းအားပေးဆောင်ရွက် သွားလိုကြောင်းဖြင့် ပြန်လည်ဆွေးနွေး ပြောကြားခဲ့သည်။

 

#PeopleMedia


Share this post