• Follow Us on
Latest News

Home ပညာရေးအခြေခံမကောင်းပါက မိမိဘဝ၊ မိသားစုဘဝနှင့် မိမိပတ်ဝန်းကျင်၊ တိုင်းပြည်နှင့် လူမျိုးကို ဖွံ့ဖြိုး တိုးတက်အောင်လုပ်ရန်မဖြစ်နိုင်ကြောင်း နစကဥက္ကဋ္ဌပြောကြား

ပညာရေးအခြေခံမကောင်းပါက မိမိဘဝ၊ မိသားစုဘဝနှင့် မိမိပတ်ဝန်းကျင်၊ တိုင်းပြည်နှင့် လူမျိုးကို ဖွံ့ဖြိုး တိုးတက်အောင်လုပ်ရန်မဖြစ်နိုင်ကြောင်း နစကဥက္ကဋ္ဌပြောကြား

Share this post

နေပြည်တော်၊ ဧပြီ ၂၇

 

ပညာရေး အခြေခံမကောင်းပါက မိမိအတွက်သော်လည်းကောင်း၊ မိမိဘဝ၊ မိသားစုဘဝနှင့် မိမိပတ်ဝန်းကျင်၊ တိုင်းပြည်နှင့်လူမျိုးကို ဖွံ့ဖြိုးတိုးတက်အောင်လုပ်ရန် မဖြစ်နိုင်ကြောင်း ယမန်နေ့က နေပြည်တော်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် လူရည်ချွန်မောင်မယ်များအား တွေ့ဆုံစဉ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌက နိုင်ငံတော်တည်ဆောက်ရေးအတွက်အရေးကြီးသည့် လူ့စွမ်းအား အရင်း အမြစ်များလည်းဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ၏ အနာဂတ်ဖွံ့ဖြိုးတိုးတက်ရန်၊ နိုင်ငံတကာနှင့် ရင်ပေါင်တန်း နိုင်ရန်အတွက် ပခုံးပြောင်းတာဝန်ယူကြမည့် လူငယ်မောင်မယ်များ၏ စွမ်းဆောင်ရည်ပေါ်တွင် များစွာမူတည် နေကြောင်း၊ ထို့ကြောင့် လူငယ်မောင်မယ် များအနေဖြင့် စွမ်းဆောင်ရည်ပြည့်ဝပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်ရန် ပညာရယူနိုင်သည့် နည်းလမ်းအသွယ်သွယ်မှ မိမိတို့ကိုယ်တိုင် အပတ်တကုတ်ကြိုးပမ်းအားထုတ်သွားကြ ရမည်ဖြစ်ကြောင်း ပြောသည်။

 

ယနေ့ခေတ်ကာလ၏ ဆန်းသစ်သည့် နည်းပညာများနှင့်အတူ တိုးတက်ပြောင်း လဲလာသည့် ကမ္ဘာကြီးကို လက်လှမ်းမီနိုင်ရန် မျိုးဆက်သစ်လူငယ်များကို ကောင်းမွန်စွာ လေ့ကျင့်သင်ကြားပေးရန်လိုအပ်ကြောင်း၊ လူငယ်များ၏ စူးစမ်းလိုစိတ်၊ တီထွင်ဖန် တီးလိုစိတ်၊ ကျိုးကြောင်းဆီလျော်စွာ စဉ်းစားဝေဖန်ပိုင်းခြားနိုင်စိတ်၊ မျိုးချစ်စိတ်၊ တိုင်းချစ် ပြည်ချစ်စိတ်များ ရှင်သန်ကိန်းအောင်းလာစေရန် ဆောင်ရွက်ပေးရမည် ဖြစ်သကဲ့သို့ ဥပဒေကိုသိရှိလေးစားလိုက်နာတတ်ရန်နှင့် ကျင့်ဝတ်သိက္ခာပြည့်ဝပြီး လူမှု တာဝန်များကို ကျေပွန်စွာပြုမူနေ ထိုင်တတ်စေရန်လည်း လမ်းပြသွန်သင်ပေးသွားကြရမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌက ပြောသည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌက ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် တိုင်းဒေသကြီး၊ ပြည်နယ် အသီးသီးမှ နဝမတန်း လူရည်ချွန် ၁၄၀ ဦး၊ ဒသမတန်းလူရည်ချွန် ၁၄၀ ဦး၊ ဧကာဒသမတန်းလူရည်ချွန် ၁၃၇ ဦးအပြင် ဒွါဒသမတန်း ၁၃၇ ဦး၊ စုစုပေါင်း ၅၅၄ ဦး ရွေးချယ်မွေးထုတ်ပေးနိုင်ခဲ့ကြောင်း၊ ယခုပညာသင်နှစ်တွင် KG+12 ပညာရေးစနစ်အရ အခြေခံပညာ၏ နောက်ဆုံးအတန်း ဖြစ်သည့် ဒွါဒသမတန်းကို ဖွင့်လှစ်ခဲ့သည့် အတွက် လူရည်ချွန်ရွေးချယ်သည့်အခါ ဒွါဒသမတန်းကိုပါ ရွေးချယ်နိုင်ခဲ့ကြောင်း ပြောသည်။

 

လူမှန်းသိတတ်စအရွယ်ကတည်းက ကျောင်းတက်ပညာသင်ကြပြီး ဘဝရှေ့ရေးအတွက် အတတ်ပညာ အသိပညာပြည့်ဝအောင် ကြိုးစားကြရမည်ဖြစ်ကြောင်း၊ ပညာရေး အခြေခံမကောင်းပါက မိမိအတွက် သော်လည်းကောင်း၊ မိမိဘဝ၊ မိသားစုဘဝနှင့် မိမိပတ်ဝန်းကျင်၊ တိုင်းပြည်နှင့်လူမျိုးကို ဖွံ့ဖြိုးတိုးတက် အောင်လုပ်ရန် မဖြစ်နိုင်ကြောင်း၊ ထို့ကြောင့် အခြေခံပညာကဏ္ဍတွင် လူငယ်လူရွယ်အားလုံး၊ ကျောင်းနေရမည့် အရွယ်အားလုံး ကျောင်းနေနိုင်ရေးနှင့် ပညာကိုဆုံးခန်းတိုင်သင်ယူနိုင်ရေးသည် အလွန် အရေးကြီးကြောင်း၊ အချိန်မတိုင်မီ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းထွက်ကြရပြီး  ကျောင်းနှင့်ကင်းကွာ ပညာရေးနိမ့်ကျသည့် လူငယ်များမဖြစ်အောင် တာဝန်ရှိသူများ၊ မိဘများနှင့် ဆရာဆရာမများက ဝိုင်းဝန်းထိန်းသိမ်းသွားကြရန် လိုအပ်သည်ကို မှာကြားလိုကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌက ပြေကြားခဲ့သည်။

 

#PeopleMedia


Share this post