• Follow Us on

Home ပိုလန်နိုင်ငံက FlyEye ကင်းထောက်ဒရုန်း ၇ စုံ ဝယ်ယူသွားမည်

ပိုလန်နိုင်ငံက FlyEye ကင်းထောက်ဒရုန်း ၇ စုံ ဝယ်ယူသွားမည်

Share this post

နိုင်ငံတကာ၊ ဧပြီ ၂၆

 

ပိုလန်နိုင်ငံဟာ ယူရိုငွေ ၁၃.၅ သန်း (ဒေါ်လာ ၁၄ သန်း) တန်ကြေးရှိ FlyEye မောင်းသူမဲ့လေယာဉ်စနစ် ၇ စုံ ဝယ်ယူဖို့ ပိုလန် WB Group ကုမ္ပဏီနဲ့ စာချုပ်လက်မှတ်ရေးထိုးလိုက်ပါတယ်။

 

ဒရုန်းစနစ်တစ်ခုမှာ ဒရုန်းလေးစင်းနဲ့ မြေပြင်ထိန်းချုပ်ရေးစခန်းတစ်ခု ပါဝင်ဖွဲ့စည်းထားပြီး ဒရုန်းစနစ်အားလုံး ၂၀၂၄ ခုနှစ် အကုန်လောက်မှာရောက်ရှိလာမယ့်လို့ ခန့်မှန်းထားပါတယ်။

 

ဒရုန်းဝယ်ယူရေးသဘောတူစာချုပ်ထဲမှာ ပြုပြင်မှု၊ လော်ဂျစ်စတစ်နဲ့ လေ့ကျင့်သင်ကြားမှုတွေလည်း ပါဝင်တယ် လို့ ဆိုပါတယ်။

 

ပိုလန်နိုင်ငံရဲ့ ကာကွယ်ရေးကို မြှင့်တင်ဖို့နဲ့ အနာဂတ်ကာလ ခြိမ်းခြောက်မှုတွေကို ရင်ဆိုင်ဖို့အတွက် အဆိုပါ ဒရုန်းတွေကို အသုံးပြုသွားမှာဖြစ်ကြောင်း ဒုတိယဝန်ကြီးချုပ်နဲ့ ကာကွယ်ရေးဝန်ကြီးဖြစ်သူ ဝါဒစ်ဆပ်ကိုရှီ ညက်ခါမေဇ်က ပြောပါတယ်။

 

“ကင်းထောက်လုပ်ငန်းတာဝန်ဟာ စီမံကိန်းကောင်းတစ်ခုချမှတ်ခြင်းရဲ့ အခြေခံအုတ်မြစ်ဖြစ်ပါတယ်။ FlyEye ဒရုန်းတွေဟာ ပိုလန်တပ်မတော်ရဲ့ ကင်းထောက်စွမ်းရည်တွေကို အမြင့်ဆုံးစံနှုန်းအထိ ရောက်ရှိအောင်မြှင့်တင် ပေးသွားမှာဖြစ်ပါတယ်။” လို့ ကိုရှီညက်ခါမေဇ်က ပြောပါတယ်။

 

ပိုလန်နိုင်ငံဟာ အနာဂတ်ကာလမှာ FlyEye ဒရုန်းစနစ် ၄၀၀ ကို ဝယ်ယူသွားမှာဖြစ်ပြီး အဲဒီဒရုန်းစနစ် ၄၀၀ ကို ဒရုန်းအစင်းရေ ၁၆၀၀ နဲ့ ဖွဲ့စည်းမယ့် ပိုလန်တပ်မတော်ရဲ့ ဒရုန်းတပ်ဖွဲ့မှာ ပေါင်းစပ်ဖွဲ့စည်းသွားမှာဖြစ်ပါတယ်။

 

WB Group ကုမ္ပဏီကထုတ်လုပ်တဲ့ FlyEye ဒရုန်းဟာ စစ်ဆင်ရေးကာလအတွင်း စောင့်ကြည့်ထောက်လှမ်းနိုင် ပြီး ပစ်မှတ်ရှာဖွေနိုင်တဲ့ လူနဲ့သယ်ဆောင်သွားနိုင်တဲ့ အပေါ့စားမောင်းသူမဲ့ လေယာဉ်ဖြစ်ပါတယ်။

 

အဆင့်မြင့် အလင်းရောင်နဲ့ အနီအောက်ရောင်ခြည်သုံးကင်မရာတပ်ဆင်ထားတဲ့ FlyEye ဒရုန်းဟာ စစ်ဆင်ရေး နယ်မြေအတွင်း ၁၉ မိုင် (ကီလိုမီတာ ၃၀) အကွာအဝေးအထိ ပျံသန်းနိုင်သလို တစ်ဆက်တည်း ၂.၅ နာရီ ကြာပျံသန်းနိုင်တဲ့ ဒရုန်းဖြစ်ပါတယ်။

 

Ref: Poland to Acquire Seven FlyEye Reconnaissance Drones

 

#PeopleMedia


Share this post