• Follow Us on
Latest News

Home အမေရိကန်က တာဝေးပစ် ATACMS ဒုံးကျည်တွေ ယူကရိန်းကို လျှို့ဝှက်ပေးပို့ခဲ့

အမေရိကန်က တာဝေးပစ် ATACMS ဒုံးကျည်တွေ ယူကရိန်းကို လျှို့ဝှက်ပေးပို့ခဲ့

Share this post

နိုင်ငံတကာ၊ ဧပြီ ၂၅

 

အမေရိကန်ပြည်ထောင်စုက ကြည်းတပ်နည်းဗျူဟာဒုံးကျည်စနစ်တစ်ခုဖြစ်တဲ့ တာဝေးပစ် ATACMS ဒုံးကျည် တွေကို နိုင်ငံနယ်နိမိတ်အတွင်းမှာအသုံးပြုဖို့ ယူကရိန်းနိုင်ငံကို အခုလအတွင်းက ပေးပို့ခဲ့ရာ အဆိုပါလက်နက် စနစ်တွေ ရောက်ရှိသွားပြီဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဧပြီ ၂၄ ရက်နေ့ကပြောကြား လိုက်ပါတယ်။

 

“အမေရိကန်သမ္မတရဲ့ တိုက်ရိုက်ညွှန်ကြားချက်အရ အမေရိကန်ပြည်ထောင်စုဟာ တာဝေးပစ် ATACMS ဒုံးကျည်တွေကို ယူကရိန်းကို ထောက်ပံ့ခဲ့တယ်ဆိုတာ အတည်ပြုပြောကြားနိုင်ပါတယ်။” လို့ နိုင်ငံခြားရေးဝန် ကြီးဌာနပြောခွင့်ရပုဂ္ဂိုလ် ဗီဒန့်တ်ပက်တယ်လ်က သတင်းထောက်တွေကို ပြောပါတယ်။

 

တာဝေးပစ် ATACMS ဒုံးကျည်တွေဟာ ယူကရိန်းကို မတ်လအတွင်းပေးပို့ဖို့ စီစဉ်ထားတဲ့ စစ်ရေးအကူအညီ တွေထဲက အစိတ်အပိုင်းတစ်ခုဖြစ်ပြီး မကြာသေးခင်က ကွန်ဂရက်ကခွင့်ပြုလိုက်ပြီး သမ္မတဂျိုးဘိုင်ဒန် လက် မှတ်ရေးထိုးလိုက်တဲ့ စစ်ရေးအကူအညီသစ်ထဲမှာပါဝင်တဲ့လက်နက် မဟုတ်ပါဘူး။

 

“ဒါပေမဲ့ လုံခြုံရေးအရ ယူကရိန်းနိုင်ငံရဲ့ မေတ္တာရပ်ခံချက်ကြောင့် အစပိုင်းမှာ ဒီသတင်းကို မထုတ်ပြန်ခဲ့တာဖြစ် ပါတယ်။ ဒုံးကျည်တွေ ယူကရိန်းကို အခုလအတွင်းမှာပဲ ရောက်ရှိသွားပါပြီ။” လို့ ပက်တယ်လ်ကပြောပါတယ်။

 

ATACMS ဒုံးကျည်တချို့ဟာ ကီလိုမီတာ ၃၀၀ (မိုင် ၁၉၀) က ပစ်မှတ်တွေအထိ ပစ်ခတ်နိုင်ပြီး ယူကရိန်းကို ထောက်ပံ့လိုက်တာဟာ တာဝေးပစ် ATACMS ဒုံးကျည်တွေဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနပြောခွင့်ရ ပုဂ္ဂိုလ်တစ်ဦးက ပြောပါတယ်။

 

အမေရိကန်ပြည်ထောင်စုက ယူကရိန်းကို ၁၆၅ ကီလိုမီတာအထိ ပစ်ခတ်နိုင်တဲ့ တာတိုပစ် ATACMS ဒုံးကျည် တွေ ပို့ပေးမှာဖြစ်ကြောင်း ပြီးခဲ့တဲ့နှစ်က အိမ်ဖြူတော်က ပြောကြားခဲ့ပေမဲ့ ယူကရိန်းကတော့ တာဝေးပစ် ATACMS ဒုံးကျည်တွေကိုသာ တောင်းဆိုခဲ့ပါတယ်။

 

အမေရိကန်ပြည်ထောင်စုအနေနဲ့ ယူကရိန်းကို တာဝေးပစ်ဒုံးကျည်တွေ ဆက်လက်ပေးပို့သွားဖို့ စီစဉ်နေ ကြောင်း အမေရိကန်အမျိုးသားလုံခြုံရေးအကြံပေးအရာရှိ ဂျိတ်ဆူလီဗန်က ပြောပါတယ်။

 

Ref: US Secretly Sent Long-Range ATACMS Missiles to Ukraine

 

#PeopleMedia


Share this post