• Follow Us on

Home တာခ်ီလိတ္ၿမိဳ႕နယ္၌ လက္နက္ခဲယမ္းမ်ား၊ မူးယစ္ေဆးဝါးမ်ားႏွင့္ မူးယစ္ေဆးဝါးခ်က္လုပ္ရာတြင္ အသုံးျပဳ သည့္ ဆက္စပ္ပစၥည္းမ်ားႏွင့္ တရားခံမ်ား ဖမ္းဆီးရမိ

တာခ်ီလိတ္ၿမိဳ႕နယ္၌ လက္နက္ခဲယမ္းမ်ား၊ မူးယစ္ေဆးဝါးမ်ားႏွင့္ မူးယစ္ေဆးဝါးခ်က္လုပ္ရာတြင္ အသုံးျပဳ သည့္ ဆက္စပ္ပစၥည္းမ်ားႏွင့္ တရားခံမ်ား ဖမ္းဆီးရမိ

Share this post

ရန္ကုန္၊ ဇြန္ – ၆

ရွမ္းျပည္နယ္(အေရွ႕ပိုင္၊ တာခ်ီလိတ္ၿမိဳ႕နယ္၌လက္နက္ခဲယမ္းမ်ား၊ မူးယစ္းေဆးဝါးမ်ားႏွင့္ မူးယစ္ေဆးဝါး ခ်က္လုပ္ရာတြင္ အသုံးျပဳသည့္ဆက္စပ္ပစၥည္းမ်ားႏွင့္ တရားခံမ်ား ဖမ္းဆီးရမိခဲ့သည္။

ျဖစ္စဥ္မွာ လုံၿခဳံေရးေဆာင္႐ြက္ေနသည့္ တပ္ဖြဲ႕ဝင္မ်ားပါဝင္ေသာ ပူးေပါင္းအဖြဲ႕သည္ ဇြန္ ၃ ရက္ ညေန ၃ နာရီ ၁၀ မိနစ္ခန႔္တြင္ တာခ်ီလိတ္ၿမိဳ႕၊ မယ္ယန္းပူးေပါင္းစစ္ေဆးဂိတ္၌ ယာဥ္ဝင္၊ ထြက္မႈမ်ားအား စစ္ေဆးစဥ္ က်ိဳင္းတုံၿမိဳ႕ဘက္မွ တာခ်ီလိတ္ၿမိဳ႕ဘက္သို႔ ဟိန္းမင္းထိုက္(ဘ)ဦးဆန္းဝင္း ေမာင္းႏွင္လာသည့္ MDY/4L ——-NISSAN Diesel အမ်ိဳးအစား ၁၂ ဘီးယာဥ္ႏွင့္ မင္းမင္းလတ္ (ဘ)ဦးဆန္းဝင္း ေမာင္းႏွင္လာသည့္ SHN/9I ——-NISSAN Diesel အမ်ိဳးအစား ၆ ဘီးယာဥ္တို႔အား စစ္ေဆးရာ ဟိန္းမင္းထိုက္ ေမာင္းႏွင္လာသည့္ ယာဥ္ ေနာက္ခန္းအတြင္းမွ မူးယစ္ေဆးဝါးခ်က္လုပ္ရာတြင္ အသုံးျပဳသည့္ အမႈန႔္ႀကိက္စက္ ၁ လုံး၊ အပူေပးစက္ ၃ လုံးႏွင့္ ယာဥ္ေမာင္း မင္းမင္းလတ္ ေမာင္းႏွင္လာသည့္ ယာဥ္ေနာက္ခန္းအတြင္းမွ ဆာလာအိတ္အႀကီး ၁ လုံး တြင္ အိတ္အေသး ၂ ေသာင္းခန႔္ပါ ဆာလာအိတ္အႀကီး ၆၉ လုံး တို႔အား သိမ္းဆည္းရမိခဲ့သည္။

သိမ္းဆည္းရမိပစၥည္းမ်ားႏွင့္ပတ္သက္၍ ယာဥ္ေမာင္း ၂ ဦးအား စစ္ေဆးခ်က္အရ ၎တို႔သယ္ေဆာင္လာ ေသာ ကုန္ပစၥည္းမ်ားအား တာခ်ီလိတ္ၿမိဳ႕သို႔ေရာက္ရွိပါက စိုင္းေအာင္ခမ္း (ဘ)ဦးစိုင္းမြန္၊ ဝိန္းေက်ာက္ ရပ္ကြက္၊ တာခ်ီလိတ္ၿမိဳ႕ေနသူထံသို႔ ပို႔ေဆာင္ေပးရမည္ျဖစ္ေၾကာင္း သိရွိရသျဖင့္ စိုင္းေအာင္ခမ္းအား ဖုန္း ဆက္သြယ္ေခၚခဲ့ရာ မယ္ယန္းဂိတ္သို႔ ညေန ၄ နာရီတြင္ ေရာက္ရွိထိန္းသိမ္းခဲ့သည္။

စိုင္းေအာင္ခမ္းအား စစ္ေဆးခ်က္အရ ပူးေပါင္းအဖြဲ႕က ၎ငွားရမ္းေနထိုင္သည့္ တာခ်ီလိတ္ၿမိဳ႕၊ ရန္ေအာင္ေျမ ရပ္ကြက္၊ ပါလွ်ံ(၃)လမ္း၊ ေ႐ႊနဂါးတိုက္တန္းအိမ္ခန္းငွားရွိ အခန္းနံပါ(၄)အား ဝင္ေရာက္ရွာေဖြရာ WY စာတန္း ပါ စိတ္ႂကြ႐ူးသြပ္ေဆးျပား ၄၀၀၀ ျပား၊ အိုက္စ္ ၈၀၀ ဂရမ္ခန႔္၊ အမ္-၂၂ ေသနတ္ ၂ လက္၊ အမ္-၁၆ ေသနတ္ ၁ လက္၊ ပြိုင့္ -၄၅ ပစၥတို ၁ လက္၊ အမ္-၂၂ က်ည္အိမ္ ၄ ခု၊ အမ္-၁၆ က်ည္အိမ္ ၆ ခု၊ ပြိုင့္-၄၅ က်ည္အိမ္ ၁ ခု၊ ပြိဳင့္-၄၅ က်ည္ ၃၁၂ ေတာင့္၊ ၉ မမ လူဂါက်ည္ ၇၅ ေတာင့္၊ ပြိဳင့္-၃၂ က်ည္ ၁ ေတာင့္၊ ၇ ဒသမ ၆၂ မမက်ည္ ၂၀၅ ေတာင့္၊ ၅ ဒသမ ၅၆ မမက်ည္ ၆၆၀ ေတာင့္၊ လက္ပစ္ဗုံး ၃ လုံး၊ ေဆးျပားရိုက္စက္ ၅ လုံး၊ ေဆးျပား ႐ုိက္ရာတြင္ အသုံးျပဳသည့္သံမွိုလ္ ၁၀၀၀ ေခ်ာင္းခန႔္ႏွင့္အတူ ဖမ္းဆီးရမိခဲ့သည္။

#PeopleMedia #မူးယစ္ေဆး #ရွမ္းအေရွ႕

(unicode)
တာချီလိတ်မြို့နယ်၌ လက်နက်ခဲယမ်းများ၊ မူးယစ်ဆေးဝါးများနှင့် မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြု သည့် ဆက်စပ်ပစ္စည်းများနှင့် တရားခံများ ဖမ်းဆီးရမိ
………………………………………………………

ရန်ကုန်၊ ဇွန် – ၆

ရှမ်းပြည်နယ်(အရှေ့ပိုင်၊ တာချီလိတ်မြို့နယ်၌လက်နက်ခဲယမ်းများ၊ မူးယစ်းဆေးဝါးများနှင့် မူးယစ်ဆေးဝါး ချက်လုပ်ရာတွင် အသုံးပြုသည့်ဆက်စပ်ပစ္စည်းများနှင့် တရားခံများ ဖမ်းဆီးရမိခဲ့သည်။

ဖြစ်စဉ်မှာ လုံခြုံရေးဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇွန် ၃ ရက် ညနေ ၃ နာရီ ၁၀ မိနစ်ခန့်တွင် တာချီလိတ်မြို့၊ မယ်ယန်းပူးပေါင်းစစ်ဆေးဂိတ်၌ ယာဉ်ဝင်၊ ထွက်မှုများအား စစ်ဆေးစဉ် ကျိုင်းတုံမြို့ဘက်မှ တာချီလိတ်မြို့ဘက်သို့ ဟိန်းမင်းထိုက်(ဘ)ဦးဆန်းဝင်း မောင်းနှင်လာသည့် MDY/4L ——-NISSAN Diesel အမျိုးအစား ၁၂ ဘီးယာဉ်နှင့် မင်းမင်းလတ် (ဘ)ဦးဆန်းဝင်း မောင်းနှင်လာသည့် SHN/9I ——-NISSAN Diesel အမျိုးအစား ၆ ဘီးယာဉ်တို့အား စစ်ဆေးရာ ဟိန်းမင်းထိုက် မောင်းနှင်လာသည့် ယာဉ် နောက်ခန်းအတွင်းမှ မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့် အမှုန့်ကြိက်စက် ၁ လုံး၊ အပူပေးစက် ၃ လုံးနှင့် ယာဉ်မောင်း မင်းမင်းလတ် မောင်းနှင်လာသည့် ယာဉ်နောက်ခန်းအတွင်းမှ ဆာလာအိတ်အကြီး ၁ လုံး တွင် အိတ်အသေး ၂ သောင်းခန့်ပါ ဆာလာအိတ်အကြီး ၆၉ လုံး တို့အား သိမ်းဆည်းရမိခဲ့သည်။

သိမ်းဆည်းရမိပစ္စည်းများနှင့်ပတ်သက်၍ ယာဉ်မောင်း ၂ ဦးအား စစ်ဆေးချက်အရ ၎င်းတို့သယ်ဆောင်လာ သော ကုန်ပစ္စည်းများအား တာချီလိတ်မြို့သို့ရောက်ရှိပါက စိုင်းအောင်ခမ်း (ဘ)ဦးစိုင်းမွန်၊ ဝိန်းကျောက် ရပ်ကွက်၊ တာချီလိတ်မြို့နေသူထံသို့ ပို့ဆောင်ပေးရမည်ဖြစ်ကြောင်း သိရှိရသဖြင့် စိုင်းအောင်ခမ်းအား ဖုန်း ဆက်သွယ်ခေါ်ခဲ့ရာ မယ်ယန်းဂိတ်သို့ ညနေ ၄ နာရီတွင် ရောက်ရှိထိန်းသိမ်းခဲ့သည်။

စိုင်းအောင်ခမ်းအား စစ်ဆေးချက်အရ ပူးပေါင်းအဖွဲ့က ၎င်းငှားရမ်းနေထိုင်သည့် တာချီလိတ်မြို့၊ ရန်အောင်မြေ ရပ်ကွက်၊ ပါလျှံ(၃)လမ်း၊ ရွှေနဂါးတိုက်တန်းအိမ်ခန်းငှားရှိ အခန်းနံပါ(၄)အား ဝင်ရောက်ရှာဖွေရာ WY စာတန်း ပါ စိတ်ကြွရူးသွပ်ဆေးပြား ၄၀၀၀ ပြား၊ အိုက်စ် ၈၀၀ ဂရမ်ခန့်၊ အမ်-၂၂ သေနတ် ၂ လက်၊ အမ်-၁၆ သေနတ် ၁ လက်၊ ပွိုင့် -၄၅ ပစ္စတို ၁ လက်၊ အမ်-၂၂ ကျည်အိမ် ၄ ခု၊ အမ်-၁၆ ကျည်အိမ် ၆ ခု၊ ပွိုင့်-၄၅ ကျည်အိမ် ၁ ခု၊ ပွိုင့်-၄၅ ကျည် ၃၁၂ တောင့်၊ ၉ မမ လူဂါကျည် ၇၅ တောင့်၊ ပွိုင့်-၃၂ ကျည် ၁ တောင့်၊ ၇ ဒသမ ၆၂ မမကျည် ၂၀၅ တောင့်၊ ၅ ဒသမ ၅၆ မမကျည် ၆၆၀ တောင့်၊ လက်ပစ်ဗုံး ၃ လုံး၊ ဆေးပြားရိုက်စက် ၅ လုံး၊ ဆေးပြား ရိုက်ရာတွင် အသုံးပြုသည့်သံမှိုလ် ၁၀၀၀ ချောင်းခန့်နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

#PeopleMedia #မူးယစ်ဆေး #ရှမ်းအရှေ့


Share this post