တာချီလိတ်မြို့ ဦးထွန်းအောင်တံတားတွင် အသက် (၁၅)နှစ်အရွယ် လူငယ်တစ်ဦး ရေနစ် ပျောက်ဆုံး
PUBLISHED - November 17, 2026
နေပြည်တော်၊ နို၀င်ဘာ ၁၇
ရှမ်းပြည်နယ်( အရှေ့ပိုင်း)၊ တာချီလိတ်မြို့ ဦးထွန်းအောင်တံတား အထက်ပိုင်း သဲစက်အနီးတွင် ယမန်နေ့ ညနေ ၄နာရီ အချိန်က အသက် ၁၅နှစ်အရွယ် လူငယ်တစ်ဦး ရေနစ် ပျောက်ဆုံးသွားကြောင်း တာချီလိတ်လူမှုကူညီရေးအသင်းမှ သိရသည်။
ရေနစ်ပျောက်ဆုံးနေသော ၁၅ နှစ် အရွယ် လူငယ်အား ဌာနဆိုင်ရာများနှင့် တာချီလိတ်ကယ်ဆယ်ရေးအဖွဲ့များ ပူးပေါင်း ရှာဖွေလျှက်ရှိသော်လည်း ယနေ့ မွန်းလွဲ ၂နာရီ အချိန်အထိ မတွေ့ရှိသေးကြောင်း သိရသည်။
#PeopleMedia