ရန်ကုန်-မန္တလေးအမြန်လမ်းတွင် ယာဉ်မောင်းအိပ်ငိုက်ပြီး လမ်းလယ်ကျွန်းတွင် ကာရံထားသည့် အကာရံများအားတိုက်မိကာ တိမ်းမှောက်မှုဖြစ်ပွား
PUBLISHED - November 17, 2026
နေပြည်တော်၊ နို၀င်ဘာ ၁၇
ရန်ကုန်-မန္တလေးအမြန်လမ်းမိုင်တိုင် ၁၄၈/၃အနီး (နေပြည်တော်မှရန်ကုန်သို့) (အပြန်လမ်း)တွင် ယနေ့၊ နံနက် ၇နာရီ ၅မိနစ်ခန့်တွင် ယာဉ်မောင်းပါ အမျိုးသား (၃)ဦး လိုက်ပါလာသည့် TOYOTA KLUGER အမျိုးအစား အနက်ရောင်ယာဉ်သည် အခင်းဖြစ်မိုင်တိုင်အရောက်တွင် ယာဉ်မောင်းအိပ်ငိုက်ပြီးလမ်းလယ်ကျွန်းတွင် ကာရံထားသည့် အကာရံများအားတိုက်မိကာ လက်ဝဲယာဉ်ကြောပေါ်တွင် တိမ်းမှောက်ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါသူများ ထိခိုက်ဒဏ်ရာ မရရှိခဲ့သော်လည်း လမ်းလယ်တွင်ကာရံထားသည့် အကာရံအချို့ပျက်စီးခဲ့ပြီး လက်ဝဲယာဥ်ကြောအားယာယီပိတ်၍ ရှင်းလင်းလျက်ရှိကြောင်း သိရသည်။
အမြန်လမ်း၌ ဖြစ်ပွားသော ယာဉ်မတော်တဆမှုများအားလုံး၏ အများစုသည် ယာဉ်မောင်း အိပ်ငိုက်ခြင်းကြောင့်ဖြစ်ပါ၍ ယာဉ်မောင်းများအနေဖြင့် ၂ နာရီဆက်တိုက် မောင်းနှင်ပြီးတိုင်း ယာဉ်ရပ်နား စခန်းများတွင် ခေတ္တနားနေကြပါရန်၊ ယာဥ်ပေါ်ပါသူအားလုံး ထိုင်ခုံခါးပတ် (Seat Belt) မဖြစ်မနေသေချာစွာပတ်ထားရန်၊ ယာဉ်အမျိုးအစား အလိုက်သတ်မှတ်အမြန်နှုန်းထက် ပိုမိုမောင်းနှင်ခြင်း မပြုကြပါရန် အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့မှ အထူးသတိပေးထားသည်။
#PeopleMedia