ချမ်းအေးသာစံမြို့နယ်တွင် နှစ်ထပ်အဆောက်အအုံကို ဖြိုဖျက်နေစဉ် သစ်သားတန်း ပြုတ်ကျခဲ့ရာမှ အမျိုးသားတစ်ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိ
PUBLISHED - November 17, 2026
နေပြည်တော်၊ နို၀င်ဘာ ၁၇
မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်တွင် ယနေ့ နံနက် ၁၀နာရီကျော် အချိန်က နှစ်ထပ်အဆောက်အအုံကို ဖြိုဖျက်နေစဉ် သစ်သားတန်း ပြုတ်ကျခဲ့ရာမှ အမျိုးသားတစ်ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း မဏီစလ လူမှုကယ်ဆယ်ရေးအသင်းမှ သိရသည်။
ဖြစ်စဉ်မှာ ချမ်းအေးသာစံမြို့နယ်၊ ပတ်ကုန်းပျော်ဘွယ်ရပ်ကွက်၊ ၆၆ လမ်း၊ ၃၂ လမ်းနှင့် ၃၃ လမ်းကြားရှိ ပညာရေးကောလိပ်အတွင်း ငလျင်ကြောင့် ပျက်စီးနေသည့် နှစ်ထပ်အဆောက်အအုံကို အလုပ်သမားများက ဖြိုဖျက်နေစဉ် သစ်သားတန်း ပြုတ်ကျခဲ့ခြင်းကြောင့် ဦးမျိုးမင်းထွန်း (၄၅)နှစ်မှာ သေဆုံးခဲ့ပြီး ကျန်အမျိုးသား ၄ ဦးမှာ ထိခိုက်ဒဏ်ရာများ ရရှိခဲ့သဖြင့် မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။
#PeopleMedia