• Follow Us on
Latest News

Home တော်ဝင်အမိန့်ဒီဂရီမူကြမ်းက ထိုင်းနိုင်ငံက စစ်အာဏာသိမ်းမှုကို ကာကွယ်တားဆီးနိုင်မယ်လို့ မယုံကြည် ကြောင်း စစ်တမ်းတစ်ရပ်က ဖော်ပြ

တော်ဝင်အမိန့်ဒီဂရီမူကြမ်းက ထိုင်းနိုင်ငံက စစ်အာဏာသိမ်းမှုကို ကာကွယ်တားဆီးနိုင်မယ်လို့ မယုံကြည် ကြောင်း စစ်တမ်းတစ်ရပ်က ဖော်ပြ

Share this post

နိုင်ငံတကာ၊ ဧပြီ ၂၉

 

ကာကွယ်ရေးဝန်ကြီးဌာနကို စည်းမျဉ်းနဲ့ ထိန်းထားတဲ့ တော်ဝင်အမိန့်ဒီဂရီမူကြမ်းတစ်ရပ်ဟာ စစ်အာဏာသိမ်း မှုကို ကာကွယ်တားဆီးနိုင်လိမ့်မယ်လို့ လူထုစစ်တမ်းတစ်ခုမှာပါဝင်ဖြေဆိုခဲ့တဲ့ ထိုင်းပြည်သူ ၅၁.၈၃% က မယုံ ကြည်ကြောင်း The Nation မှာ ရေးသားဖော်ပြထားပါတယ်။

 

အမျိုးသားဖွံ့ဖြိုးတိုးတက်မှုအုပ်ချုပ်ရေးအင်စတီကျု (NIDA) အဖွဲ့က ပြုလုပ်ခဲ့တဲ့“စစ်အာဏာသိမ်းမှုရပ်တန့်ရေး” လို့ အမည်ပေးထားတဲ့ လူထုသဘောထားဆန်းစစ်လေ့လာမှုတစ်ခုက ရလဒ်ကို တနင်္ဂနွေနေ့ (ဧပြီ ၂၈ ရက်နေ့) က ကြေညာခဲ့တာဖြစ်ပါတယ်။

 

နိုင်ငံတစ်ဝန်း ဒေသမျိုးစုံ၊ ပညာရေးအဆင့်မျိုးစုံ၊ အလုပ်အကိုင်မျိုးစုံနဲ့ ဝင်ငွေအဆင့်မျိုးစုံရှိတဲ့ အသက် ၁၈ နှစ်နဲ့အထက် နိုင်ငံသားတွေကို ပြုလုပ်ခဲ့တဲ့ လူထုစစ်တမ်းကို ဧပြီလ ၂၂ ရက်နေ့နဲ့ ၂၃ ရက်နေ့မှာ ဆောင်ရွက် ခဲ့တာဖြစ်ပါတယ်။

 

ကာကွယ်ရေးဝန်ကြီးဌာနကို စည်းမျဉ်းနဲ့ထိန်းထားတဲ့ တော်ဝင်အမိန့်ဒီဂရီမူကြမ်းနဲ့ ပတ်သက်ပြီး နမူနာပေါင်း ၁,၃၁၀ ကို စစ်တမ်းကောက်ယူခဲ့တာဖြစ်ပါတယ်။

 

“Nida Poll” အဖွဲ့ရဲ့ Master Sample database က နမူနာတွေကို ထုတ်ယူသုံးစွဲပြီး တယ်လီဖုန်းကတစ်ဆင့် ဆောင်ရွက်ခဲ့တဲ့ စာရင်းအချက်အလက်နဲ့ သဘောထားကောက်ယူမှုတွေကို ယုံကြည်မှုမဆင့် ၉၇.ဝ% ရှိတယ် လို့ဆိုပါတယ်။

 

တော်ဝင်အမိန့်ဒီဂရီမူကြမ်းနဲ့ပတ်သက်ပြီး မေးမြန်းခဲ့ရာ အဲဒီအမိန့်ဒဂရီဟာ ထိုင်းနိုင်ငံက စစ်အာဏာသိမ်းမှုကို ကာကွယ်တားဆီးနိုင်မယ်လို့ လုံးဝမယုံကြည်သူက ၅၁.၈၃%၊ ယုံကြည်ရန်ခက်ခဲနေသူက ၂၅.၇၃%၊ အတိုင်း အတာတစ်ခုအထိ ယုံကြည်သူက ၁၂.၅၂%၊ အလွန်ယုံကြည်သူက ၆.၇၂% နဲ့ စိတ်မဝင်စား တဲ့အတွက် မဖြေ ဆိုသူက ၃.၂၀% ရှိကြောင်း သိရပါတယ်။

 

၂၀၁၄ ခုနှစ် စစ်အာဏာသိမ်းမှုနဲ့ပတ်သက်ပြီး မေးမြန်းရာမှာ အဲဒီအာဏာသိမ်းမှုဖြစ်လာနိုင်ခြေရှိတာကို လုံးဝ မယုံကြည်သူက ၆၁.၈၃%၊ ယုံကြည်ရန်ခက်ခဲသူက ၂၀.၃၈%၊ အတိုင်းအတာတစ်ခုအထိ ယုံကြည်သူက ၈.၂၄ %၊ အလွန်ယုံကြည်သူက ၆.၁၁% နဲ့ စိတ်မဝင်စားတဲ့အတွက် မဖြေဆိုသူက ၃.၄၄% ရှိပါတယ်။

 

နယ်မြေဒေသအလိုက် နမူနာမေးမြန်းခဲ့ရာမှာ ဘန်ကောက်ဒေသခံက ၈.၅၅%၊ အလယ်ပိုင်းဒေသခံက ၁၈.၆၃%၊ မြောက်ပိုင်းဒေသခံက ၁၇.၈၆%၊ အရှေ့မြောက်ပိုင်းဒေသခံက ၃၃.၃၅%၊ တောင်ပိုင်းဒေသခံက ၁၃.၈၂% နဲ့ အရှေ့ပိုင်းဒေသခံက ၇.၇၉% ဖြစ်ပါတယ်။

 

ကျားမခွဲခြားမေးမြန်းမှုမှာ အမျိုးသားက ၄၈.၀၉% ဖြစ်ပြီး အမျိုးသမီးက ၅၁.၉၁% ဖြစ်ပါတယ်။

 

အသက်အရွယ်အလိုက်အုပ်စုခွဲမေးမြန်းမှုမှာ အသက် ၁၈-၂၅ နှစ်ကြားက ၁၂.၃၇%၊ အသက် ၂၆-၃၅ နှစ် ကြားက ၁၇.၉၄%၊ အသက် ၃၆-၄၅ နှစ်ကြားက ၁၈.၂၄%၊ အသက် ၄၆-၅၉ နှစ်ကြားက ၂၆.၆၄% နဲ့ အသက် ၆၀ နဲ့အထက်က ၂၃.၈၁% ဖြစ်ကြောင်း သိရပါတယ်။

 

Ref: Poll finds Thais don’t believe draft decree can prevent another coup

 

#PeopleMedia


Share this post