• Follow Us on

Home ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်ရှိ ရေကန်တွင် အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၁ ဦးတို့ ရေနစ်သေဆုံး

ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်ရှိ ရေကန်တွင် အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၁ ဦးတို့ ရေနစ်သေဆုံး

Share this post

နေပြည်တော်၊ ဧပြီ ၂၉

 

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ ရွာသာကြီးရပ်ကွက်၊ ကုန်ထုတ်လမ်းအနီးရှိ ရေကန်တွင် ဧပြီလ ၂၈ ရက်နေ့၊ မွန်းလွဲ ၃ နာရီ ၁၀ အချိန်က အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၁ ဦး ရေနစ်သေဆုံးခဲ့ကြောင်း မီးသတ်တပ်ဖွဲ့မှ သိရသည်။

 

ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ ရွာသာကြီးရပ်ကွက်၊ ကုန်ထုတ်လမ်းအနီးရှိ ရေကန်တွင် အမျိုးသား ၁ ဦး၊ အမျိုးသမီး ၁ ဦး ရေနစ်နေကြောင်း သတင်းရရှိသဖြင့် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များဖြင့် သွားရောက်ကူညီဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ ဆောင်ရွက်ခဲ့သဖြင့် ညနေ ၄ နာရီ ၂၇ အချိန်တွင် အမျိုးသား သေဆုံးအား ဆယ်ယူနိုင်ခဲ့ပြီး မေတ္တာစွမ်း ရည်လူမှုကူညီရေးအသင်းယာဉ်ဖြင့် မြောက်ဥက္ကလာပဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

 

ထို့နောက် ညနေ ၄ နာရီ ၄၁ အချိန်တွင် အမျိုးသမီး သေဆုံးအား ဆယ်ယူနိုင်ခဲ့ပြီး ရွာသာကြီးလူမှုကူညီရေး အသင်းယာဉ်ဖြင့် မြောက်ဥက္ကလာပဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

 

#PeopleMedia


Share this post