• Follow Us on
[wp_ticker limit="5" ticker_title="Latest News" background_color="#e53935" autoplay="true" timer="4000" title_color="#fff" border="false" post_type="post" post_cat="all-news-about-myanmar-and-international" effect="slide-h"]

Home တံတားဦးမြို့၌ အကြမ်းဖက်သောင်းကျန်းသူများ ထောင်ထားသည့် မိုင်းပေါက်ကွဲမှုကြောင့် လုံခြုံရေးအဖွဲ့ဝင်များ အပါအ၀င် (၄)ဦး ထိခိုက်ဒဏ်ရာရရှိပြီး ပြည်သူတစ်ဦး သေဆုံး

တံတားဦးမြို့၌ အကြမ်းဖက်သောင်းကျန်းသူများ ထောင်ထားသည့် မိုင်းပေါက်ကွဲမှုကြောင့် လုံခြုံရေးအဖွဲ့ဝင်များ အပါအ၀င် (၄)ဦး ထိခိုက်ဒဏ်ရာရရှိပြီး ပြည်သူတစ်ဦး သေဆုံး

Share this post

နေပြည်တော်၊ နို၀င်ဘာ ၂၆

 

မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့၌ အကြမ်းဖက်သောင်းကျန်းသူများ ထောင်ထားသည့် မိုင်းပေါက်ကွဲမှုကြောင့် လုံခြုံရေးအဖွဲ့ဝင်များ အပါအ၀င် (၄)ဦး ထိခိုက်ဒဏ်ရာရရှိပြီး ပြည်သူတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ နိုဝင်ဘာ ၂၄ ရက် ည ၈ နာရီ မိနစ် ၃၀ ခန့်တွင် တံတားဦးမြို့ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး၏ မြောက်ဘက် မီတာ ၃၀ ခန့်အကွာ အများပြည်သူ သွားကားလမ်းမဘေး၌ မသင်္ကာဖွယ်ရာ ကျောပိုးအိတ်တစ်လုံးတွေ့ရှိကြောင်း တာဝန်သိပြည်သူများ၏ သတင်းပေးပို့ချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး ရှင်းလင်းခြင်းများဆောင်ရွက်စဉ် အကြမ်းဖက်သောင်းကျန်းသူများ ထောင်ထားခဲ့သော မိုင်းပေါက်ကွဲမှုဖြစ်ပေါ်ခဲ့ပြီး အဆိုပါမိုင်းပေါက်ကွဲမှုကြောင့် တံတားဦးမြို့နေ ဦးသက်ဆွေငြိမ်း ၄၅ နှစ် (ဘ) ဦးမာကြည်၊ ဦးအေးမောင် ၃၅ နှစ် (ဘ) ဦးသန်းထွန်းမင်း၊ ဦးသိန်းဆွေ ၅၇ နှစ် (ဘ) ဦးလှအောင်၊ ဦးအောင်ကိုမြတ် ၄၈ နှစ် (ဘ) ဦးဆန်းအောင်၊ ဦးစောသန်း ၇၁ နှစ် (ဘ) ဦးမြခင်တို့တွင် မိုင်းစထိမှန် ဒဏ်ရာများအသီးသီးရရှိခဲ့ကြရာ အဆိုပါထိခိုက်ဒဏ်ရာရရှိသူများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက တံတားဦး ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ဆေးကုသမှုခံယူစေလျက်ရှိကြောင်းနှင့် ဦးသိန်းဆွေ ၅၇ နှစ် (ဘ) ဦးလှအောင်သည် ဆေးရုံ၌ ဆေးကုသမှုခံယူစဉ် ရရှိဒဏ်ရာများဖြင့် သေဆုံးခဲ့ကြောင်း သိရသည်။

 

သို့ဖြစ်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဒေသခံပြည်သူများ လုံခြုံအေးချမ်းစွာ နေထိုင်နိုင်ရေးအတွက် ဖြစ်စဉ်ဖြစ်ပွားရာ နေရာတစ်ဝိုက်အား မိုင်းရှင်းလင်းရေးလုပ်ငန်းများနှင့် လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

#PeopleMedia


Share this post