• Follow Us on
[wp_ticker limit="5" ticker_title="Latest News" background_color="#e53935" autoplay="true" timer="4000" title_color="#fff" border="false" post_type="post" post_cat="all-news-about-myanmar-and-international" effect="slide-h"]

Home တံတားဦးမြို့၌ အကြမ်းဖက်သောင်းကျန်းသူများ ထောင်ထားသည့် မိုင်းပေါက်ကွဲမှုကြောင့် လုံခြုံရေးအဖွဲ့ဝင်များ အပါအ၀င် (၄)ဦး ထိခိုက်ဒဏ်ရာရရှိပြီး ပြည်သူတစ်ဦး သေဆုံး

မန္တလေးကနေ ကလေးမြို့သို့ ပို့ဆောင်မယ့် ငွေကျပ် ၅ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြား ၁၉ သိန်းကျော်နှင့် ဘိန်းဖြူ ၄၈ ကီလိုကျော် မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်းမှာ ဖမ်းဆီးရမိ

Share this post

နေပြည်တော်၊ နိုဝင်ဘာ ၂၆

 

မန္တလေးမြို့ကနေ ကလေးမြို့သို့ ပို့ဆောင်မယ့် ငွေကျပ် ၅ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြား ၁၉ သိန်းကျော်နှင့် ဘိန်းဖြူ ၄၈ ကီလိုကျော်အား မန္တလေးတိုင်းရှိ ပြည်ကြီးတံခွန်၊ ပုသိမ်ကြီး၊ အမရပူရနှင့် စစ်ကိုင်းမြို့နယ်တို့မှာ ငွေကျပ် ၅ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြား ၁၉ သိန်းကျော်နှင့် ဘိန်းဖြူ ၄၈ ကီလိုကျော် ဖမ်းဆီးရမိခဲ့တယ်လို့ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

 

အောက်တိုဘာလ (၂၈)ရက် ညနေ (၄)နာရီခွဲအချိန်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်များက သတင်းအရ ပြည်ကြီးတံခွန်မြို့နယ်၊ (ဂ)ရပ်ကွက်နေ မနှင်းနှင်းဦး(ခ)ဂျပန်မ၏ နေအိမ်မှ ဘိန်းဖြူ ၂ ဒသမ ၂ ကီလို ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ အောက်တိုဘာလ (၂၉)ရက်တွင် ပုသိမ်ကြီးမြို့နယ်၊ နားဋောင်းကျရွာနေ မိုးထက်အောင် (ခ) မိုးထက်အား ဘိန်းဖြူ ၂ ဒသမ ၂ ကီလို၊ NISSAN TIIDA ယာဉ် ၁ စီး တို့နှင့် လည်းကောင်း၊ ကွင်းဆက်ဖော်ထုတ်ချက်အရ ယင်းနေ့တွင် အမရပူရမြို့နယ်၌ အေးချိုအား ဘိန်းဖြူ ၂၂ ကီလို၊ ဆိုင်ကယ် ၁ စီးတို့နှင့်လည်းကောင်း ဖမ်းဆီးရမိခဲ့ပြီး မူးယစ်ဆေးဝါးများ သယ်ဆောင်ရောင်းဝယ်ရာတွင် ပူးပေါင်းပါဝင်သူများဖြစ်သည့် စောကဲဘလူးမူးနှင့် မဖြူဖြူဝင်း တို့အား ကလေးမြို့၌လည်းကောင်း၊ မအိအိကျော်(ခ)အိကျော် နှင့် ထက်ပိုင်မှူး(ခ)ထက်ပိုင် အား ပြည်ကြီးတံခွန်မြို့နယ်၌ လည်းကောင်း၊ အောင်ခိုင်စိုး(ခ)သားထူး အား ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး(၂)ရှိ ဟိုတယ်၌လည်းကောင်း အသီးသီးဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

 

ယင်းနောက် မိုးထက်အောင် (ခ) မိုးထက်၏ ဖော်ထုတ်ချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် နိုဝင်ဘာလ (၃)ရက် ညနေ (၅)နာရီခွဲအချိန် ပြည်ကြီးတံခွန်မြို့နယ်၊ (ဆ)ရပ်ကွက်တွင် နောင်နောင်အား စိတ်ကြွဆေးပြား ၁ သိန်း၊ သုံးဘီးယာဉ် ၁ စီးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ကွင်းဆက်ဖော်ထုတ်ချက်အရ နိုဝင်ဘာလ (၄)ရက်နေ့တွင် ချမ်းမြသာစည်မြို့နယ်၌ ဖမ်းဆီးရမိ စိတ်ကြွဆေးပြားများ သယ်ဆောင်ရောင်းဝယ်ရာတွင် ပူးပေါင်းပါဝင်သူများ ဖြစ်သည့် ရာဇာလင်းနှင့် ဆုအောင်အား လည်းကောင်း၊ ထင်ကျော် (ခ) ကျော်ကြီးအား ဆိုင်ကယ် ၁ စီးနှင့် လည်းကောင်း၊ နိုဝင်ဘာလ (၆)ရက်တွင် ကျော်ဇင်ထွေးအား ချမ်းမြသာစည်မြို့နယ်၌ ဆိုင်ကယ် ၁ စီးနှင့် လည်းကောင်း အသီးသီး ဖမ်းဆီးရမိပြီး ၎င်းတို့၏ဖော်ထုတ်ချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ပြည်သူလူထုနှင့်ပူးပေါင်း၍ စစ်ကိုင်းမြို့နယ်၊ ညောင်ပင်ဝန်းရွာအနီးတွင် ကျော်ဇင်ထွေးမှ ကလေးသို့ပို့ဆောင်ရန် သိုဝှက်သိမ်းဆည်းထားသည့် စိတ်ကြွဆေးပြား ၁၈ ဒသမ ၅ သိန်းအား ထပ်မံသိမ်းဆည်းရမိခဲ့ပြီး နိုဝင်ဘာလ (၈) ရက်နေ့တွင် ဖမ်းဆီးရမိ စိတ်ကြွဆေးပြားများ သယ်ဆောင်ခိုင်းသူ အောင်အောင်(ခ)ဘကြီးအောင် အား ကလေးမြို့၊ အောင်မြေမာန်ရပ်ကွက်တွင် ဆက်လက်ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

 

 

၎င်းနောက် သတင်းကွင်းဆက်အရ နိုဝင်ဘာလ (၁၇)ရက် ညနေ (၄)နာရီခွဲအချိန်မှာ အထက်ပါပူးပေါင်းအဖွဲ့သည် အမရပူရမြို့နယ်၊ ရှားတောလေးရွာအနီး၌ လှိုင်နေထွန်း နှင့် ထွန်းမင်းလတ် တို့ ၂ ဦးအား CANTER ယာဉ်ပေါ်မှ ဘိန်းဖြူ ၂၂ ကီလို နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ကွင်းဆက်စစ်ဆေးချက်အရ ယင်းနေ့တွင် ဖမ်းဆီးရမိဘိန်းဖြူများ သယ်ဆောင်ရောင်းဝယ်ရာတွင် ပူးပေါင်းပါဝင်သူများဖြစ်သည့် မဦးမြာနှင့် ဝဏ္ဏထွန်းတို့ ၂ ဦးအား အောင်မြေသာစံမြို့နယ်၌ လည်းကောင်း၊ မစန်းစန်းအေးနှင့် စောလှထူးတို့အား ပြည်ကြီးတံခွန်မြို့နယ်၌ လည်းကောင်း၊ ဖမ်းဆီးရမိ ဘိန်းဖြူများပို့ဆောင်ခိုင်းသူ သားချိုဝင်း (ခ) ကိုသားကြီး (ခ) ကိုသားအား ဇေယျာသီရိမြို့နယ်၌ TOYOTA KLUGER ယာဉ် ၁ စီးနှင့်လည်းကောင်း အသီးသီးဖမ်းဆီးရမိခဲ့သဖြင့် ဖမ်းဆီးမှုဖြစ်စဉ်တွင် ငွေကျပ် ၅ ဒသမ ၃၂၄ ဘီလီယံ တန်ဖိုးရှိ စိတ်ကြွဆေးပြား ၁၉ ဒသမ ၅ သိန်းနှင့် ဘိန်းဖြူ ၄၈ ဒသမ ၄ ကီလိုတို့အား သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

 

 

စစ်ဆေးဖော်ထုတ်ချက်များအရ ဖမ်းဆီးရမိ စိတ်ကြွဆေးပြားများအား သယ်ဆောင်ခိုင်းသူမှာ တမူးမြို့နေ လားရီအဲ (ခ) သားကြီး (ခ) အဲငါ (ဖမ်းဆီးရန်ကျန်) ဖြစ်ပြီး မန္တလေးမှ ကလေးသို့ သယ်ဆောင်ရောင်းဝယ်ခြင်း ဖြစ်ကြောင်း၊ ဖမ်းဆီးရမိဘိန်းဖြူများအား ရောင်းချရန်ပို့ဆောင်ခိုင်းသူမှာ ဖယ်ခုံမြို့နယ်နေ တင်ဝင်း(ခ)ကံဦး (ဖမ်းဆီးရန်ကျန်) ဖြစ်ပြီး ၎င်း၏စီမံမှုဖြင့် ဖယ်ခုံမြို့နယ်နေ မိုးကျော်(ခ)မိုးအောင်မှ ပင်လောင်းမှ မန္တလေးသို့ သယ်ဆောင်ရောင်းချခြင်းဖြစ်ကာ မန္တလေးမှတစ်ဆင့် ကလေးသို့ ဆက်လက်သယ်ဆောင် ရောင်းချခြင်း ဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက် ရှိကြောင်းနှင့် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၏ သတင်းရယူ ဖော်ထုတ်ဖမ်းဆီးမှုအပေါ် ပြည်သူလူထုမှ ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ၎င်းတို့၏ မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းဝယ်ရာမှ ရရှိသည့်ငွေကြေးအကျိုးအမြတ်များ၊ ပိုင်ဆိုင်မှုများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ရေးအတွက် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေဖြင့် ဆက်လက်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။

 

#PeopleMedia


Share this post