• Follow Us on
Latest News

Home ထိုင္ဝမ္သို႔ စစ္လက္နက္မ်ားေရာင္းခ်မႈ ခ်က္ခ်င္း ရပ္တန္႔ရန္ အေမရိကန္နိုင္ငံအား တ႐ုတ္ သတိေပး

ထိုင္ဝမ္သို႔ စစ္လက္နက္မ်ားေရာင္းခ်မႈ ခ်က္ခ်င္း ရပ္တန္႔ရန္ အေမရိကန္နိုင္ငံအား တ႐ုတ္ သတိေပး

Share this post

နိုင္ငံတကာ၊ ေအာက္တိုဘာ ၁၄

ထိုင္ဝမ္သို႔ စစ္လက္နက္မ်ား ေရာင္းခ်မည့္အစီအစဥ္ ခ်က္ခ်င္း ရပ္တန္႔ရန္ႏွင့္ စစ္ဘက္ဆိုင္ရာ သေဘာ တူညီခ်က္ အဆုံးသတ္ရန္ တ႐ုတ္နိုင္ငံက ယေန႔ အေမရိကန္ျပည္ေထာင္စုသို႔ တိုက္တြန္းလိုက္သည္။

ထိုင္ဝမ္သို႔ အေမရိကန္နိုင္ငံ၏ လက္နက္ေရာင္းခ်မႈက တ႐ုတ္တစ္နိုင္ငံတည္းမူဝါဒႏွင့္ တ႐ုတ္-အေမရိကန္ ပူးတြဲေၾကညာခ်က္သုံးခု အထူးသျဖင့္ ၾသဂုတ္လ ၁၇ ေၾကညာခ်က္ကိ ခ်ိဳးေဖာက္ၿပီး တ႐ုတ္ျပည္တြင္းေရးကို ဝင္ေရာက္စြက္ဖက္ကာ တ႐ုတ္နိုင္ငံ၏ အခ်ဳပ္အခ်ာအာဏာႏွင့္ လုံၿခဳံေရးအက်ိဳးစီးပြားကို ထိခိုက္ေစေၾကာင္း နိုင္ငံျခားေရးဝန္ႀကီးဌာန ေျပာေရးဆိုခြင့္ရွိသူ ေက်ာင္လီက်င္းက ေန႔စဥ္သတင္းစာရွင္းလင္းပြဲ၌ ေျပာၾကားခဲ့ သည္။

“ဒီလို ထိုင္ဝမ္ထံ လက္နက္ေရာင္းခ်မဲ့အစီအစဥ္ကို တ႐ုတ္နိုင္ငံက အျပင္းအထန္ ကန္႔ကြက္ပါတယ္” ဟု ၄င္းက ေျပာသည္။

လက္နက္ေရာင္းခ်မႈေၾကာင့္ ထိခိုက္နစ္နာေစနိုင္သည့္ သေဘာသဘာဝကို အျပည့္အဝ နားလည္ရန္၊ တ႐ုတ္တစ္နိုင္ငံတည္းမူဝါဒႏွင့္ တ႐ုတ္-အေမရိကန္ ပူးတြဲေၾကညာခ်က္သုံးခုကို လိုက္နာရန္၊ ထိုင္ဝမ္သို႔ လက္ နက္ေရာင္းခ်မႈ ခ်က္ခ်င္း ရပ္တန္႔ရန္ႏွင့္ ထိုင္ဝမ္ႏွင့္ စစ္ဘက္ဆိုင္ရာ သေဘာတူညီခ်က္ အဆုံးသတ္ရန္ တ႐ုတ္ နိုင္ငံက အေမရိကန္နိုင္ငံသို႔ တိုက္တြန္းေၾကာင္း ၄င္းကေျပာသည္။

အေျခအေန တိုးတက္လာေစရန္ တ႐ုတ္နိုင္ငံက လိုအပ္ေသာ တုံ႔ျပန္မႈမ်ား လုပ္ေဆာင္သြားမည္ဟု ၄င္း က သတိေပးခဲ့သည္။

ကိုးကား – ဆင္ဟြာ

Ref; China urges US to stop planned arms sales to Taiwan

(unicode)
ထိုင်ဝမ်သို့ စစ်လက်နက်များရောင်းချမှု ချက်ချင်း ရပ်တန့်ရန် အမေရိကန်နိုင်ငံအား တရုတ် သတိပေး
…………………………………………………………

နိုင်ငံတကာ၊ အောက်တိုဘာ ၁၄

ထိုင်ဝမ်သို့ စစ်လက်နက်များ ရောင်းချမည့်အစီအစဉ် ချက်ချင်း ရပ်တန့်ရန်နှင့် စစ်ဘက်ဆိုင်ရာ သဘော တူညီချက် အဆုံးသတ်ရန် တရုတ်နိုင်ငံက ယနေ့ အမေရိကန်ပြည်ထောင်စုသို့ တိုက်တွန်းလိုက်သည်။

ထိုင်ဝမ်သို့ အမေရိကန်နိုင်ငံ၏ လက်နက်ရောင်းချမှုက တရုတ်တစ်နိုင်ငံတည်းမူဝါဒနှင့် တရုတ်-အမေရိကန် ပူးတွဲကြေညာချက်သုံးခု အထူးသဖြင့် သြဂုတ်လ ၁၇ ကြေညာချက်ကိ ချိုးဖောက်ပြီး တရုတ်ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ကာ တရုတ်နိုင်ငံ၏ အချုပ်အချာအာဏာနှင့် လုံခြုံရေးအကျိုးစီးပွားကို ထိခိုက်စေကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောင်လီကျင်းက နေ့စဉ်သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့ သည်။

“ဒီလို ထိုင်ဝမ်ထံ လက်နက်ရောင်းချမဲ့အစီအစဉ်ကို တရုတ်နိုင်ငံက အပြင်းအထန် ကန့်ကွက်ပါတယ်” ဟု ၄င်းက ပြောသည်။

လက်နက်ရောင်းချမှုကြောင့် ထိခိုက်နစ်နာစေနိုင်သည့် သဘောသဘာဝကို အပြည့်အဝ နားလည်ရန်၊ တရုတ်တစ်နိုင်ငံတည်းမူဝါဒနှင့် တရုတ်-အမေရိကန် ပူးတွဲကြေညာချက်သုံးခုကို လိုက်နာရန်၊ ထိုင်ဝမ်သို့ လက် နက်ရောင်းချမှု ချက်ချင်း ရပ်တန့်ရန်နှင့် ထိုင်ဝမ်နှင့် စစ်ဘက်ဆိုင်ရာ သဘောတူညီချက် အဆုံးသတ်ရန် တရုတ် နိုင်ငံက အမေရိကန်နိုင်ငံသို့ တိုက်တွန်းကြောင်း ၄င်းကပြောသည်။

အခြေအနေ တိုးတက်လာစေရန် တရုတ်နိုင်ငံက လိုအပ်သော တုံ့ပြန်မှုများ လုပ်ဆောင်သွားမည်ဟု ၄င်း က သတိပေးခဲ့သည်။

ကိုးကား – ဆင်ဟွာ

Ref; China urges US to stop planned arms sales to Taiwan


Share this post