• Follow Us on

Home ဖားကန႔္ေဝွခါေမွာ္၌ ႏွစ္တန္ခန႔္ရွိသည့္ ေက်ာက္စိမ္းတုံးကို အစိုးရက သိမ္းယူထားေၾကာင္း ကခ်င္ျပည္နယ္ အစိုးရ အတည္ျပဳ

ဖားကန႔္ေဝွခါေမွာ္၌ ႏွစ္တန္ခန႔္ရွိသည့္ ေက်ာက္စိမ္းတုံးကို အစိုးရက သိမ္းယူထားေၾကာင္း ကခ်င္ျပည္နယ္ အစိုးရ အတည္ျပဳ

Share this post

ဖားကန႔္၊ ေအာက္တိုဘာ ၁၄
 
ကခ်င္ျပည္နယ္၊ ဖားကန႔္ၿမိဳ႕၊ ေဝွခါေက်းရြာရွိ သက္တမ္းကုန္ လုပ္ကြက္တစ္ခု၌ ေအာက္တိုဘာလ(၁၂) ရက္ေန႔ ညပိုင္းက ႏွစ္တန္ခန႔္ရွိသည့္ ေက်ာက္စိမ္းအရိုင္းတုံးႀကီး တစ္တုံးေတြ႕ရွိခဲ့သည္။
 
ယင္းေက်ာက္စိမ္းအရိုင္းတုံးကို အုပ္ခ်ဳပ္ေရးအဖြဲ႕မ်ား၊ တပ္မေတာ္သားမ်ား၊ ရဲတပ္ဖြဲ႕မ်ားက ေဝွခါေမွာ္အတြင္း ေက်ာက္စိမ္းခိုးတူးမႈမ်ား ရွိမရွိ ကြင္းဆင္းစစ္ေဆးခ်ိန္တြင္ ေတြ႕ရွိခဲ့ေၾကာင္းသိရၿပီး လက္ရွိတြင္ ယင္း ေက်ာက္စိမ္းအရိုင္းတုံးႀကီးကို ေက်ာက္စိမ္းတူးေဖာ္ေရးဌာန (လုံးခင္း)က လုပ္ထုံးလုပ္နည္းႏွင့္ အညီလုပ္ေဆာင္ရန္ သိမ္းယူထားေၾကာင္း သယံဇာတဝန္ႀကီး ဦးဒါရွီလဆိုင္းက ဆိုသည္။
 
“ေက်ာက္စိမ္း႐ုံးကို မေန႔ညကေတာ့ ေရာက္မယ္ထင္တယ္။ လုံးခင္းမွာေက်ာက္စိမ္းတူးေဖာ္ေရးဌာနရွိ တယ္သူတို႔အဖြဲ႕ကေနၿပီးေတာ့မွ လုပ္ထုံး လုပ္နည္းနဲ႔အညီ သိမ္းယူထားတယ္” ဟု ဝန္ႀကီးဒါ့ရွီလဆိုင္း ကေျပာသည္။
 
ယင္းေက်ာက္စိမ္းအရိုင္းတုံးကို ေရမေဆးေက်ာက္ ရွာေဖြသူ လက္လုပ္လက္စားတစ္စုက ေတြ႕ရွိေဖာ္ယူခဲ့ျခင္း ျဖစ္ၿပီး ယင္းေက်ာက္စိမ္းတုံးေတြ႕ခဲ့သည့္ လုပ္ကြက္မွာ ၿပီးခဲ့သည့္လပိုင္းက ေျမစာၿပိဳက်၍ လူရာႏွင့္ခ်ီ ေသဆုံး မႈျဖစ္ခဲ့သည့္ လုပ္ကြက္ေဟာင္းေနရာျဖစ္သည္။
 
လက္ရွိတြင္ ဖားကန႔္ေဒသ၌ ကိုဗစ္ ၁၉ ကူးစက္မႈ ျမင့္တက္ေနေသာေၾကာင့္ ေက်ာက္စိမ္းတူးေဖာ္ေရးလုပ္ကြ က္မ်ားကို နိုဝင္ဘာလကုန္အထိ ႏွစ္လထပ္တိုး ရပ္နားထားသည့္ ကာလလည္း ျဖစ္သည္။
 
လြမ္းေအာင္
 
#PeopleMedia #ဖားကန႔္ၿမိဳ႕ #ေက်ာက္စိမ္းတုံး
 
(unicode)
ဖားကန့်ဝှေခါမှော်၌ နှစ်တန်ခန့်ရှိသည့် ကျောက်စိမ်းတုံးကို အစိုးရက သိမ်းယူထားကြောင်း ကချင်ပြည်နယ် အစိုးရ အတည်ပြု
…………………………………………………
 
ဖားကန့်၊ အောက်တိုဘာ ၁၄
 
ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ ဝှေခါကျေးရွာရှိ သက်တမ်းကုန် လုပ်ကွက်တစ်ခု၌ အောက်တိုဘာလ(၁၂) ရက်နေ့ ညပိုင်းက နှစ်တန်ခန့်ရှိသည့် ကျောက်စိမ်းအရိုင်းတုံးကြီး တစ်တုံးတွေ့ရှိခဲ့သည်။
 
ယင်းကျောက်စိမ်းအရိုင်းတုံးကို အုပ်ချုပ်ရေးအဖွဲ့များ၊ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့များက ဝှေခါမှော်အတွင်း ကျောက်စိမ်းခိုးတူးမှုများ ရှိမရှိ ကွင်းဆင်းစစ်ဆေးချိန်တွင် တွေ့ရှိခဲ့ကြောင်းသိရပြီး လက်ရှိတွင် ယင်း ကျောက်စိမ်းအရိုင်းတုံးကြီးကို ကျောက်စိမ်းတူးဖော်ရေးဌာန (လုံးခင်း)က လုပ်ထုံးလုပ်နည်းနှင့် အညီလုပ်ဆောင်ရန် သိမ်းယူထားကြောင်း သယံဇာတဝန်ကြီး ဦးဒါရှီလဆိုင်းက ဆိုသည်။
 
“ကျောက်စိမ်းရုံးကို မနေ့ညကတော့ ရောက်မယ်ထင်တယ်။ လုံးခင်းမှာကျောက်စိမ်းတူးဖော်ရေးဌာနရှိ တယ်သူတို့အဖွဲ့ကနေပြီးတော့မှ လုပ်ထုံး လုပ်နည်းနဲ့အညီ သိမ်းယူထားတယ်” ဟု ဝန်ကြီးဒါ့ရှီလဆိုင်း ကပြောသည်။
 
ယင်းကျောက်စိမ်းအရိုင်းတုံးကို ရေမဆေးကျောက် ရှာဖွေသူ လက်လုပ်လက်စားတစ်စုက တွေ့ရှိဖော်ယူခဲ့ခြင်း ဖြစ်ပြီး ယင်းကျောက်စိမ်းတုံးတွေ့ခဲ့သည့် လုပ်ကွက်မှာ ပြီးခဲ့သည့်လပိုင်းက မြေစာပြိုကျ၍ လူရာနှင့်ချီ သေဆုံး မှုဖြစ်ခဲ့သည့် လုပ်ကွက်ဟောင်းနေရာဖြစ်သည်။
 
လက်ရှိတွင် ဖားကန့်ဒေသ၌ ကိုဗစ် ၁၉ ကူးစက်မှု မြင့်တက်နေသောကြောင့် ကျောက်စိမ်းတူးဖော်ရေးလုပ်ကွ က်များကို နိုဝင်ဘာလကုန်အထိ နှစ်လထပ်တိုး ရပ်နားထားသည့် ကာလလည်း ဖြစ်သည်။
 
လွမ်းအောင်
 
#PeopleMedia #ဖားကန့်မြို့ #ကျောက်စိမ်းတုံး

Share this post