• Follow Us on

Home ရုရှားနဲ့ ယူကရိန်း စွမ်းအင်စက်ရုံတွေကို အပြန်အလှန်တိုက်ခိုက်

ရုရှားနဲ့ ယူကရိန်း စွမ်းအင်စက်ရုံတွေကို အပြန်အလှန်တိုက်ခိုက်

Share this post

နိုင်ငံတကာ၊ ဧပြီ ၂၉

 

ရုရှားနဲ့ ယူကရိန်းဟာ စွမ်းအင်အခြေခံအဆောက်အဦတွေကို စနေနေ့က နှစ်ဖက် အပြန်အလှန်ပစ်ခတ်တိုက် ခိုက်ခဲ့တဲ့အတွက် နှစ်နိုင်ငံ စက်ရုံတွေပျက်စီးပြီး မီးလောင်ကျွမ်းခဲ့ကြောင်း နှစ်နိုင်ငံ အရာရှိတွေက ပြောကြား လိုက်ပါတယ်။

 

ယူကရိန်းနိုင်ငံ အရှေ့ပိုင်းက ဒီနီပရိုပက်ထရိုဗက်စ်ခ်၊ အီဗာနို-ဖရန်ကီဗက်စ်ခ်နဲ့ အယ်လ်ဗစ်ဒေသတွေက စွမ်း အင် အခြေခံအဆောက်အဦတွေကို ရုရှားနိုင်ငံက တိုက်ခိုက်ခဲ့တဲ့အတွက် ဓာတ်အားပေးစက်ရုံ ၄ ခု အကြီးအ ကျယ်ထိခိုက်ပျက်စီးခဲ့ကြောင်း ယူကရိန်းစွမ်းအင်ဝန်ကြီး ဂျာမန်ဂလပ်ရှ်ချန်ကိုက ပြောပါတယ်။

 

တချိန်တည်းမှာပဲ ယူကရိန်းစစ်တပ်ဟာလည်း ရုရှားရှိ ရေနံချက်စက်ရုံကို တိုက်ခိုက်ခဲ့ပါတယ်။

 

ယူကရိန်း မောင်းသူမဲ့လေယာဉ်တိုက်ခိုက်မှုကြောင့် ကရာစနိုဒါဒေသရှိ ရေနံချက်စက်ရုံရဲ့ တစိတ်တပိုင်း ရပ်ဆိုင်းထားရတယ်လို့ ရုရှား အင်တာဖက်စ်သတင်းဌာနက ဖော်ပြထားပါတယ်။

 

တပြိုင်တည်းမှာပဲ စနေနေ့မနက်ပိုင်းက ယူကရိန်းကလည်း ရုရှားနို်င်ငံ ကရက်စ်နိုဒါဒေသ၊ Ilsky နဲ့ Slavyansk မှာရှိတဲ့ ရေနံချက်စက်ရုံတွေကို ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့ရာ အဲဒီစက်ရုံတွေ မီးလောင်ခဲ့ကြောင်း ယူကရိန်းစစ် ထောက်လှမ်းရေးက ပြောပါတယ်။

 

ယူကရိန်းဒရုန်းတွေတိုက်ခိုက်မှုကြောင့် ကရက်စ်နိုဒါဒေသက ရေနံချက်စက်ရုံတွေရဲ့ လုပ်ငန်းဆောင်ရွက်မှုတွေ ရပ်တန့်ထားခဲ့ရကြောင်း ရုရှားအာဏာပိုင်တွေက ပြောပါတယ်။

 

ယူကရိန်းနိုင်ငံထဲက ကုမ္ပဏီတွေဟာ ရုရှားနိုင်ငံအတွင်းပိုင်းထဲအထိ ဝင်ရောက်တိုက်ခိုက်နိုင်တဲ့ တာဝေးဒရုန်း တွေကို ထုတ်လုပ်နိုင်ကြောင်း အယ်ဂျာဇီးယားသတင်းထောက်က ပြောပါတယ်။

 

မကြာသေးခင်မှာပဲ ယူကရိန်းစစ်ရေးအကူအညီရဲ့ အစိတ်အပိုင်းတစ်ရပ်အဖြစ် ပက်ထရီးယော့ဒုံးကျည်တွေကို အမြန်ပေးပို့သွားမှာဖြစ်ကြောင်း ပင်တဂွန်စစ်ဌာနချုပ်က ပြောပါတယ်။

 

ရုရှားလေကြောင်းတိုက်ခိုက်မှုတွေကို ကာကွယ်နိုင်ဖို့အတွက် ပက်ထရီယော့ဒုံးကျည်တွေ အရေးပေါ်လိုအပ်နေ ပြီး အဲဒီဒုံးကျည်တွေက ယူကရိန်းပြည်သူတွေကို အကာအကွယ်ပေးနိုင်မှာဖြစ်ကြောင်း ယူကရိန်းသမ္မတဗလာဒီ မာဇီလန်စကီးက ပြောပါတယ်။

 

ယူကရိန်းအစိုးရဟာ ရုရှားအစိုးရနဲ့ စေ့စပ်ညှိနှိုင်းရေးကို တရားဝင်ငြင်းပယ်နေဆဲဖြစ်တဲ့အတွက် ငြိမ်းချမ်းရေး ဆွေးနွေးဖို့ အကြောင်းမရှိကြောင်း ရုရှားအစိုးရပြောခွင့်ရပုဂ္ဂိုလ် ဒီမီထရီပက်စ်ကော့ဗ်က စနေနေ့က ပြောပါ တယ်။

 

Ref: Russia and Ukraine target each other’s energy sectors

 

#PeopleMedia


Share this post