• Follow Us on
Latest News

Home ဒီမိုကေရစီဆိုသည္မွာ မတည့္အတူေန မူဝါဒတစ္ခုျဖစ္သည္ဟု ဗိုလ္မွဴးခ်ဳပ္ေဇာ္မင္းထြန္း အဓိပၸါယ္ဖြင့္ဆို

ဒီမိုကေရစီဆိုသည္မွာ မတည့္အတူေန မူဝါဒတစ္ခုျဖစ္သည္ဟု ဗိုလ္မွဴးခ်ဳပ္ေဇာ္မင္းထြန္း အဓိပၸါယ္ဖြင့္ဆို

Share this post

ရန္ကုန္၊ ဇန္န၀ါရီ – ၂၃

ဒီမိုကေရစီစနစ္ႏွင့္ပတ္သက္၍ အဓိပၸါယ္အမ်ိဳးမ်ိဳးဖြင့္ဆိုေနလ်က္ရွိေသာ္လည္း ျမန္မာႏိုင္ငံ၏ ဒီမိုကေရစီစနစ္ သည္ မတည့္အတူေနသည့္စနစ္ျဖစ္ေၾကာင္း ဗိုလ္မွဴးခ်ဳပ္ေဇာ္မင္းထြန္းက ေျပာသည္။

ယေန႔ ေနျပည္ေတာ္ တပ္မေတာ္စစ္သမိုင္းျပတိုက္တြင္ ျပဳလုပ္သည့္ တပ္မေတာ္သတင္းစာရွင္းလင္းပြဲတြင္ ဗိုလ္မွဴးခ်ဳပ္ေဇာ္မင္းထြန္းက ဖြဲ႕စည္းပုံျပင္ဆင္ေရးႏွင့္ပတ္သက္၍ သတင္းမီဒီယာမ်ားက ေမးျမန္းရာတြင္ အထက္ပါအတိုင္း ျပန္လည္ေျဖၾကားခဲ့ျခင္းျဖစ္သည္။

“ဒီမိုကေရစီကို အဓိပၸါယ္အမ်ိဳးမ်ိဳးဖြင့္ဆိုၾကတယ္။ ကၽြန္ေတာ္ယုံၾကည္တဲ့ လက္ေတြ႕က်တဲ့အရာတစ္ခုက စာေရးဆရာတစ္ေယာက္ကေျပာတယ္။ ဒီမိုကေရစီဆိုတာ မတည့္အတူေန မူဝါဒပဲ ဥပမာတစ္ခု ကၽြန္ေတာ္ ေျပာမယ္။ ကၽြန္ေတာ္တို႔နဲ႔ ခင္ဗ်ားတို႔ ဘယ္တုန္းက အခုလို မ်က္ႏွာျခင္းဆိုင္ထိုင္ၿပီးေတာ့ လုပ္ဘူးလို႔လည္း ဒီမိုကေရစီေလ ခင္ဗ်ားတို႔နဲ႔ ကၽြန္ေတာ္တို႔ မတည့္လည္း မ်က္နာျခင္းဆိုင္ထိုင္ၿပီးေတာ့ ေျပာေနတယ္” ဟု ဗိုလ္မွဴးခ်ဳပ္ေဇာ္မင္းထြန္းက ေျပာသည္။

ဖြဲ႕စည္းပုံျပင္ဆင္ေရးႏွင့္ပတ္သက္၍ တပ္မေတာ္အား အမ်ိဳးမ်ိဳးေ၀ဖန္ေျပာဆိုမႈမ်ားရွိေသာ္လည္း ဒီမိုကေရစီ စနစ္အား အမွန္တကယ္လိုခ်င္ပါက မတည္အတူေနသည့္စနစ္အား အမွန္တကယ္လက္ခံရမည္ျဖစ္ေၾကာင္း ဗိုလ္မွဴးခ်ဳပ္ေဇာ္မင္းထြန္းက ဆိုသည္။

“ဒီမိုကေရစီကိုလိုလားတယ္ဆိုရင္ မတည့္အတူေနမူဝါဒကို လက္ခံထားရမယ္။ ၫွိႏႈိင္းႏိုင္ရမယ္၊ အခ်ိန္အတိုင္း အတာတစ္ခုအထိ ေဘာင္ထဲကေနေဆြးေႏြးႏိုင္ရမယ္” ဟု ဗိုလ္မွဴးခ်ဳပ္ ေဇာ္မင္းထြန္းက ေျပာသည္။

ႏိုင္ငံတကာတြင္ အသြင္ကူးေျပာင္းမူကာလသည္ ဆယ္စုႏွစ္အထိ ၾကာျမင့္ႏိုင္ၿပီး ယင္းသို႔ကာလတြင္ အခက္ အခဲအမ်ားစုသည္ ေပၚေပါက္ေၾကာင္း ဗိုလ္မွဴးခ်ဳပ္ေဇာ္မင္းထြန္းက ထပ္ေလာင္းကာ ေျပာဆိုခဲ့သည္။

Photo – တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္

#PeopleMedia #Political

(Unicode)
ဒီမိုကရေစီဆိုသည်မှာ မတည့်အတူနေ မူဝါဒတစ်ခုဖြစ်သည်ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်း အဓိပ္ပါယ်ဖွင့်ဆို
…………………………………………………………

ရန်ကုန်၊ ဇန်နဝါရီ – ၂၃

ဒီမိုကရေစီစနစ်နှင့်ပတ်သက်၍ အဓိပ္ပါယ်အမျိုးမျိုးဖွင့်ဆိုနေလျက်ရှိသော်လည်း မြန်မာနိုင်ငံ၏ ဒီမိုကရေစီစနစ် သည် မတည့်အတူနေသည့်စနစ်ဖြစ်ကြောင်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောသည်။

ယနေ့ နေပြည်တော် တပ်မတော်စစ်သမိုင်းပြတိုက်တွင် ပြုလုပ်သည့် တပ်မတော်သတင်းစာရှင်းလင်းပွဲတွင် ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဖွဲ့စည်းပုံပြင်ဆင်ရေးနှင့်ပတ်သက်၍ သတင်းမီဒီယာများက မေးမြန်းရာတွင် အထက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

“ဒီမိုကရေစီကို အဓိပ္ပါယ်အမျိုးမျိုးဖွင့်ဆိုကြတယ်။ ကျွန်တော်ယုံကြည်တဲ့ လက်တွေ့ကျတဲ့အရာတစ်ခုက စာရေးဆရာတစ်ယောက်ကပြောတယ်။ ဒီမိုကရေစီဆိုတာ မတည့်အတူနေ မူဝါဒပဲ ဥပမာတစ်ခု ကျွန်တော် ပြောမယ်။ ကျွန်တော်တို့နဲ့ ခင်ဗျားတို့ ဘယ်တုန်းက အခုလို မျက်နှာခြင်းဆိုင်ထိုင်ပြီးတော့ လုပ်ဘူးလို့လည်း ဒီမိုကရေစီလေ ခင်ဗျားတို့နဲ့ ကျွန်တော်တို့ မတည့်လည်း မျက်နာခြင်းဆိုင်ထိုင်ပြီးတော့ ပြောနေတယ်” ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောသည်။

ဖွဲ့စည်းပုံပြင်ဆင်ရေးနှင့်ပတ်သက်၍ တပ်မတော်အား အမျိုးမျိုးဝေဖန်ပြောဆိုမှုများရှိသော်လည်း ဒီမိုကရေစီ စနစ်အား အမှန်တကယ်လိုချင်ပါက မတည်အတူနေသည့်စနစ်အား အမှန်တကယ်လက်ခံရမည်ဖြစ်ကြောင်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဆိုသည်။

“ဒီမိုကရေစီကိုလိုလားတယ်ဆိုရင် မတည့်အတူနေမူဝါဒကို လက်ခံထားရမယ်။ ညှိနှိုင်းနိုင်ရမယ်၊ အချိန်အတိုင်း အတာတစ်ခုအထိ ဘောင်ထဲကနေဆွေးနွေးနိုင်ရမယ်” ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။

နိုင်ငံတကာတွင် အသွင်ကူးပြောင်းမူကာလသည် ဆယ်စုနှစ်အထိ ကြာမြင့်နိုင်ပြီး ယင်းသို့ကာလတွင် အခက် အခဲအများစုသည် ပေါ်ပေါက်ကြောင်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ထပ်လောင်းကာ ပြောဆိုခဲ့သည်။

Photo – တပ်မတော်ကာကွယ်ရေးဦးစီးချုပ်

#PeopleMedia #Political


Share this post