• Follow Us on
Latest News

Home ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့် နိုင်ငံရေးပါတီ ၁၄ ပါတီ မနေ့က နေပြည်တော်၌ တွေ့ဆုံ

ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့် နိုင်ငံရေးပါတီ ၁၄ ပါတီ မနေ့က နေပြည်တော်၌ တွေ့ဆုံ

Share this post

နေပြည်တော်၊ အောက်တိုဘာ ၂၅ (People Media)

 

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ (NSPNC) ဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်ကြီးရာပြည့်နှင့် နိုင်ငံရေးပါတီ ၁၄ ပါတီတို့သည် မနေ့က နေပြည်တော်၌ တွေဆုံခဲ့ကြပါတယ်။

 

အလားတူ ပြီးခဲ့သည့်ရက်ပိုင်းကလည်း နိုင်ငံရေးပါတီ ၁၈ ပါတီနှင့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်း ရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ (NSPNC) ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်တို့ တွေ့ဆုံမှုလည်း ပြု လုပ်ခဲ့ပြီးဖြစ်ပါတယ်။

 

“လုပ်ငန်းသဘောအရ ဘာတွေကို ပေါင်းစပ်မလဲ။ ဘာတွေကိုကူညီရမလဲ။ လက်ရှိအကြပ်အတည်းကို လွန် မြောက်နိုင်အောင် ဒီလောက်ပါပဲ အသေးစိတ်ဟာတွေကတော့ ကျန်တဲ့ပါတီတွေလည်း တင်ပြကြတာရှိပါတယ်” လို့ သွားရောက်တွေ့ဆုံခဲ့သည့် မြန်မာအမျိုးသားကွန်ဂရက်ပါတီဥက္ကဋ္ဌ ဦးကောင်းမြတ်ထွဋ်က ပြောပါတယ်။

 

ထိုကဲ့သို့ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်နှင့ ်နိုင်ငံရေးပါတီများတွေ့ဆုံမှုသည် လာမည့်ရွေးကောက်ပွဲ၌ PR စနစ် ကျင့်သုံးနိုင်ရေးကိစ္စရပ်သာ ဖြစ်နိုင်ကြောင်း နိုင်ငံရေးပါတီအချို့က ပြောပါတယ်။

 

လာမည့် ရွေးကောက်ပွဲ၌ PR စနစ်ဆောင်ရွက်နိုင်ရေး မူအားဖြင့် သဘောတူကြောင်း န-စ-ကဥက္ကဋ္ဌ ကိုယ်တိုင် ပြောဆိုမှုများ ပြုလုပ်ထားပါတယ်။

 

Photo – credit

 

#PeopleMedia #နိုင်ငံရေးပါတီ #ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်

 

(unicode)


…………………………………………………………………

 


 


 


 


 


 


 

Photo – credit

 



Share this post