• Follow Us on
Latest News

Home ဓနုဖြူမြို့၌ စေတီပုထိုးများအား ဖျက်ဆီးစော်ကားနေသည့် အကြမ်းဖက်သောင်းကျန်းသူများအား ကန့် ကွက်ရှုတ်ချပွဲပြုလုပ်

ဓနုဖြူမြို့၌ စေတီပုထိုးများအား ဖျက်ဆီးစော်ကားနေသည့် အကြမ်းဖက်သောင်းကျန်းသူများအား ကန့် ကွက်ရှုတ်ချပွဲပြုလုပ်

Share this post

နေပြည်တော်၊ ဇန်နဝါရီ ၃၁

 

ဧရာဝတီတိုင်းဒေသကြီး၊ ဓနုဖြူမြို့နယ်၌ စေတီပုထိုးများ၊ ဗုဒ္ဓဆင်းတုတော်များအား ဖျက်ဆီးစော်ကားနေသည့် အကြမ်းဖက်သောင်းကျန်းသူများနှင့် သာသနာဖျက်မိစ္ဆာများအား ကန့်ကွက်ရှုတ်ချပွဲကို ယနေ့ နံနက်ပိုင်းက ကျိုက္ကလွန်ပွန်းဘုရားအနီးဥမ္မာဒန္တီကွင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ ကန့်ကွက်ရှုတ်ချပွဲတွင် မျိုးချစ်မြန်မာ့ရဟန်းတော်များသမဂ္ဂ ဆရာတော်ဦးဆောင်၍ မပုတု အမျိုးသား ရေးတက်ကြွလှုပ်ရှားသူတို့မှ ဟောပြောခဲ့ပြီး ဇာတိမာန်သီချင်းကို သံပြိုင်ရွတ်ဆိုခဲ့ကြောင်း သိရသည်။

 

ထို့နောက် သံဃာတော်များနှင့် ဒေသခံပြည် သူများက ဗုဒ္ဓဘာသာစော်ကားဖျက်စီးနေကြသည့် မိစ္ဆာများအား (ဆန့်ကျင်ကြ-ဆန့်ကျင်ကြ)၊ စေတီပုထိုးနှင့် ဗုဒ္ဓဆင်းတုတော်များအား ဖျက်ဆီးနေကြသည့် အကြမ်းဖက်သမား များနဲ့ သာသနာဖျက်များအား (ဆန့်ကျင်ကြ-ဆန့်ကျင်ကြ)၊ ဒို့ဘာသာ ဒို့သာသနာ ဒို့ယဉ်ကျေးမှုဖျက်ဆီး စော်ကားသူများအား (ဆန့်ကျင်ကြ-ဆန့်ကျင်ကြ)၊ အကြမ်းဖက်အားပေး လောက်ကောင်များအား (အလိုမရှိ-အလိုမရှိ)၊ သာသနာဖျက်အကြမ်းဖက်သမားများအား (အလိုမရှိ-အလိုမရှိ)၊ ဗုဒ္ဓသာသနာကို ဖျက်ဆီးစော်ကား နေသည့် အကြမ်းဖက်သမားများ(ကျဆုံးပါစေ-ကျဆုံးပါစေ)၊ စေတီပုထိုးဆင်းတုတော်များအား ဖျက်ဆီးနေ သည့်အကြမ်းဖက်မိစ္ဆာများ(ကျဆုံးပါစေ-ကျဆုံးပါစေ)စသည့် စာသားများပါ ဆိုင်းဘုတ်များနှင့် သာသနာ့ အလံများ ကိုင်ဆောင်ကာ ကြွေးကြော်သံများ ကြွေးကြော်၍ စီတန်းလှည့်လည်ရှုတ်ချခဲ့ကြောင်း သိရသည်။

 

#PeopleMedia


Share this post