• Follow Us on
Latest News

Home ဟူသီသူပုန်တွေရဲ့ မြေပြင်ပစ်မှတ်တွေကို ဗြိတိန်စစ်သင်္ဘောတွေ တိုက်ခိုက်နိုင်စွမ်းမရှိ

ဟူသီသူပုန်တွေရဲ့ မြေပြင်ပစ်မှတ်တွေကို ဗြိတိန်စစ်သင်္ဘောတွေ တိုက်ခိုက်နိုင်စွမ်းမရှိ

Share this post

နိုင်ငံတကာ၊ ဇန်နဝါရီ ၃၁

 

ပင်လယ်နီထဲမှာ တပ်ဖြန့်ချထားတဲ့ ဗြိတိန်စစ်သင်္ဘောတစ်စီးမှ မြေပြင်မှာရှိတဲ့ ဟူသီသူပုန်တွေရဲ့ ပစ်မှတ်တွေ ကို တိုက်ခိုက်နိုင်စွမ်းမရှိကြောင်း The Telegraph မှာ ရေးသားထားပါတယ်။

 

ဗြိတိန်စစ်သင်္ဘောတွေဟာ မြေပြင်-မြေပြင်ပစ်ဒုံးကျည်တွေ တပ်ဆင်ထားခြင်းမရှိတဲ့အတွက် ယီမင်နိုင်ငံကို အမေရိကန်ကို လက်တုံ့ပြန်တိုက်ခိုက်ရာမှာ HMS Diamond လို ဗြိတိန်စစ်သင်္ဘောတွေ ပါဝင်တိုက်ခိုက်ခဲ့ခြင်း မရှိဘူးလို့ အမည်မဖော်လိုတဲ့စစ်ဘက်သတင်းရင်းမြစ်တွေကို ကိုးကားပြီး The Telegraph ပြောပါတယ်။

 

စစ်သင်္ဘောတွေအစား မြေပြင်က ဟူသီသူပုန်ပစ်မှတ်တွေကို တိုက်ခိုက်ဖို့ မိုင်ပေါင်းထောင်ချီဝေးလံတဲ့နေရာကို တော်ဝင်လေတပ်က ဂျက်တိုက်လေယာဉ်တွေကို စေလွှတ်ခဲ့တယ်လို့ ဆိုပါတယ်။

 

မြေပြင်ပစ်မှတ်တွေကို တိုက်ခိုက်နိုင်စွမ်းမရှိပေမဲ့ ပင်လယ်နီထဲက ကုန်တင်သင်္ဘောတွေကို တိုက်ခိုက်လာတဲ့ ဟူသီသူပုန်တွေရဲ့ ဒရုန်းတွေကို အောင်မြင်စွာပစ်ချနိုင်ခဲ့တဲ့အတွက် HMS Diamond ပဲ့ထိန်းဒုံးကျည်တပ်ဖျက် သင်္ဘောကို အသိအမှတ်ပြုချီးကျူးခဲ့ပါတယ်။

 

ဗြိတိန်စစ်သင်္ဘောတွေမှာ မြေပြင်ပစ်မှတ်တွေကို တိုက်ခိုက်နိုင်ဖို့အတွက် တာဝေးပစ်ဒုံးကျည်တွေ တပ်ဆင်မ ထားနိုင်တာ ဗြိတိန်တပ်မတော်အတွက် ကျော်မကောင်းကြားမကောင်းဖြစ်ရပ်ဖြစ်တယ်လို့ ကာကွယ်ရေးဦးစီး ချုပ်ဟောင်းတစ်ဦးက ပြောပါတယ်။

 

“တကယ့်ကိုကျော်မကောင်းကြားမကောင်းနဲ့ လုံးဝစိတ်ပျက်စရာပါဗျာ။ ရေတပ်ရဲ့စွမ်းရည်ကို ထိခိုက်စေမယ့် အရေးကြီးတဲ့ ဆုံးဖြတ်ချက်မျိုးချမှတ်ဖို့ တော်ဝင်ရေတပ်ကို ဖိအားပေးတဲ့အခါ အခုလိုဖြစ်လာရတာပါပဲ။” လို့ ၎င်းက ပြောပါတယ်။

 

တပ်မတော် အရည်အသွေးမပြည့်ဝမှုကို ဗြိတိန်နိုင်ငံအနေနဲ့ အရေးပေါ်အမြန် ပြန်လည်ဆန်းစစ်ဖို့ လိုအပ်နေပြီ ဖြစ်ကြောင်း အထက်လွှတ်တော်ကာကွယ်ရေးကော်မတီဥက္ကဋ္ဌဟောင်း တိုဘီးယက်စ်အယ်လ်ဝုဒ်က ပြောပါ တယ်။

 

“ဒီလိုသေးငယ်လွန်းပြီး မြေပြင်ကပစ်မှတ်တွေကို ပစ်ခတ်နိုင်စွမ်းမရှိတဲ့ စစ်သင်္ဘောတစ်စီးနဲ့ ကျွန်တော်တို့ ရှေ့ ခရီးဆက်နိုင်မှာမဟုတ်ဘူး။” လို့ ၎င်းက The Telegraph ကို ပြောပါတယ်။

 

တော်ဝင်ရေတပ်ဟာ အရင်က မြေပြင်ကပစ်မှတ်တွေကို ပစ်ခတ်နိုင်တဲ့ ဟာပွန်းသင်္ဘောဖျက်ဒုံးကျည်တွေကို အသုံးပြုခဲ့ပေမဲ့ အဲဒီလက်နက်တွေကို အနားပေးလိုက်ပြီဖြစ်ပြီး အခုထိ အစားမထိုးနိုင်သေးဘူးလို့ ဆိုပါတယ်။

 

Ref: British Warships Incapable of Attacking Houthi Targets on Land: Report

 

#PeopleMedia


Share this post