• Follow Us on
[wp_ticker limit="5" ticker_title="Latest News" background_color="#e53935" autoplay="true" timer="4000" title_color="#fff" border="false" post_type="post" post_cat="all-news-about-myanmar-and-international" effect="slide-h"]

Home ပဲခူးမြို့က အိုင်စီဂျေရဲ့ စီရင်ချက်ကို ကန့်ကွက်ရှုတ်ချမှုနဲ့အတူ အမျိုးသားရေးလှုပ်ရှားမှုများအတွက် ဆရာတော် ဦးဝီရသူ ပြန်လာပြီ

ပဲခူးမြို့က အိုင်စီဂျေရဲ့ စီရင်ချက်ကို ကန့်ကွက်ရှုတ်ချမှုနဲ့အတူ အမျိုးသားရေးလှုပ်ရှားမှုများအတွက် ဆရာတော် ဦးဝီရသူ ပြန်လာပြီ

Share this post

ပဲခူး၊ နိုဝင်ဘာ ၂၉

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့ရှိ ရှေးဟောင်းသမိုင်းဝင် ဆုတောင်းပြည့် ရွှေမော်ဓော စေတီတော်မြတ်ကြီး၏ အနောက်ဖက်မုခ် ယာဉ်ရပ်နားကွင်း၌  အိုင်စီဂျေတရားရုံးက မြန်မာနိုင်ငံအပေါ် မှန်ကန်မှုမရှိသော စီရင်ချက်များ ချမှတ်ခဲ့ခြင်းအပေါ် ကန့်ကွက်ရှုတ်ချပွဲအခမ်းအနားကို ယနေ့ နိုဝင်ဘာလ (၂၉)ရက် နံနက်ပိုင်းမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

ဦးစွာ ရဟန်းရှင်လူထု အင်အား သောင်းဂဏန်းခန့်က ပဲခူးမြို့၊ ဇိုင်းဂနိုင်းတောင်ပိုင်းရပ်ကွက်၊ ဖောင်တော်ဦးဘုရားလမ်းတွင် စုရပ်လုပ်ပြီး ပဲခူးမြစ်ကူးတံတားမှ စတင်ကာ မြို့တွင်းရွှေမော်ဓောဘုရား ကားလမ်းမကြီးအတိုင်း ယာဉ်ရပ်နားဝန်းအထိ ချီတက်ပြီး အိုင်စီဂျေရဲ့ စီရင်ချက်ကို ကန့်ကွက်ရှုတ်ချခဲ့ကြပါတယ်။

ယင်းသို့ ချီတက်ရာမှာ ရဟန်းရှင်လူပြည်သူများက “အိုင်စီဂျေတရားရုံး၏ မှားယွင်းသောစီရင်ချက်များ—-အလိုမရှိ၊” “အမှန်တရားကိုမျက်ကွယ်ပြု၍ စီရင်ခဲ့သော အိုင်စီဂျေ၏စီရင်ချက်များ ပယ်ဖျက်ပေးရေး —ဒို့အရေး”ဟူသည့်ကြွေးကြော်သံများဖြင့် ကြွေးကြော်နေတာကို တွေ့မြင်ခဲ့ရပါတယ်။

ယင်းနောက်မှာတော့ ရွှေမော်ဓောဘုရားယဉ်ရပ်နားဝင်းတွင် ကန့်ကွက်ရှုတ်ချပွဲ ဆက်လက်ပြုလုပ်ခဲ့ပြီး မန္တလေးမြို့ မစိုးရိမ်တိုက်သစ် နာယကဆရာတော် ဘဒ္ဒန္တဝိစိတ္တာဘိဝံသ (ဦးဝီရသူ-မစိုးရိမ်)၊ စာရေးဆရာအမတ်ဒိန်နှင့် ဦးနောင်တော်လေးတို့က ဟောပြောခဲ့ကြပါတယ်။

#PeopleMedia


Share this post